နောင်(မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
နောင်ချိုမြို့၊ ဂုတ်တွင်းလမ်းပိုင်း၌မောင်းနှင်လာသောဆိုင်ကယ်တစ်စီးအား တားဆီး
စစ်ဆေးရာမှ ဆိုင်ကယ်ထိုင်ခုံဖော့အတွင်း ထည့်သွင်းသယ်ဆောင်လာသော
စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း နောင်ချို မြို့မရဲစခန်းမှ
သိရှိရသည်။
.
နောင်ချိုမြို့မှ
ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ ၁၄ ရက်က မိုင်တိုင်အမှတ်(၈၀/၄)တွင်
မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဆောင်ရွက်နေစဉ် လားရှိုးဘက်မှ မန္တလေးဘက်သို့
စိုးကိုကိုမောင်းလာသောဆိုင်ကယ်အား စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေး(၉၈၀ ပြာ
ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
.
“ရှာဖွေရေးကတော့ အမြဲလုပ်နေပါတယ်။
မသင်္ကာရင်မသင်္ကာသလိုရှာဖွေရင်းကနေ ဖမ်းမိတာပါ။’’ဟု နောင်ချို (စရဖ)မှ တပ်ကြပ်
ဟိဏ်းဇော်လင်းကပြောသည်။
.
အဆိုပါ New AIBO-125 ဆိုင်ကယ်အတွင်းမှ
88/1စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေး(၉၈၀)ပြား၊ အ လေးချိန်(၈၈.၂)ဂရမ်ခန့်အား
တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းကြောင့် ဆေးပြားများအားသုံးစွဲရောင်းချရန် လက်ဝယ်တွေ့
ရှိသူ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ တွင်းကျေးရွာအုပ်စု၊ ကူတိုကျေးရွာနေ
စိုးကိုကို(၃၀)နှစ်အား နောင်ချို မြို့မရဲစခန်းက မယ(ပ)၇၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ
-၁၉(က) /၂၀(က)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။