မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းဖြတ်မြို့နယ်တွင် နိုဝင်ဘာလ ၄ ရက်၊ နံနက်ပိုင်းက ဖခင်ဖြစ်သူမှ ကလေးများကို ပေါင်းသတ်ဆေးတိုက်ပြီး မိမိကိုယ်မိမိ
တူမီးသေနတ်ဖြင့် ပါးစပ်တွင်းငုံကာ သတ်သေမှုဖြစ်ပွားခဲ့ကြောင်း မိုင်းဖြတ်ရဲစခန်းမှ သိရှိရသည်။
.
.
“မိန်းမနဲ့ရန်ဖြစ်ပြီး
အိမ်ပေါ်ကဆင်းသွားတာကို ကလေးတွေကို ပေါင်းသတ်ဆေးကျွေး၊ ကိုယ့်ကိုကိုယ်လဲ သတ်သေတာပါ။
ဆေးရုံမှာ အဖေလုပ်တဲ့သူကတော့ ရရှိတဲ့ဒဏ်ရာနဲ့ ဆုံးပါပြီး၊ ကလေးတွေကတော့ ကုသဆဲပါ” ဟု မိုင်းဖြတ်ရဲစခန်းမှ တာဝန်ကျ
ရဲအရာရှိက အောက်တိုဘာ ၅ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
မိုင်းဖြတ်မြို့နယ်၊
မိုင်းဟဲကျေးရွာအုပ်စု၊ နမ့်ဟွေယွန်းကျေးရွာနေ ဦးလီပိုး သည် နိုဝင်ဘာ ၄ရက် နံနက်ပိုင်းက ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေးအဆင်မပြေဖြစ်ကာ
ဇနီးဖြစ်သူ အိမ်ပေါ်မှဆင်းသွားသည့်အတွက် စိတ်ညစ်ကာ နေအိမ်တွင်ရှိသူ သားသမီး များဖြစ်ကြသည့်
မောင်ကျနူး (၆နှစ်)၊ မယားမီတိ (၅နှစ်)၊ မောင်အားဆာ (၂နှစ်)တို့အား PATO တံဆိပ်ပါ ထိုင်းနိုင်ငံထုတ်
ပေါင်းသတ်ဆေးရည်တိုက်ကျွေးခဲ့ပြီး ၎င်းကိုယ်တိုင်လည်း
မိမိကိုယ်ကို တူမီးသေနတ်ပြောင်းကို ပါးစပ်တွင်းထည့် မောင်းဖြုတ်ကာ သတ်သေခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ပေါင်းသတ်ဆေးတိုက်ကျွေးခံရသည့်
ကလေးငယ် ၃ ဦးမှာ မူးဝေအော့အံမှုများဖြစ်ပွားကာ မစိုးရိမ်ရ အခြေအနေဖြင့် မိုင်းဖြတ်ဆေးရုံတွင်
တက်ရောက်ကုသခံယူနေရပြီး သေနတ်ဖြင့်သတ်သေသူ ဘခင်ဖြစ်သူ ဦးလီပိုးမှာ ရရှိသည့်ဒဏ်ရာဖြင့်
ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍
ကလေးများကို သေစေရန်ပေါင်းသတ်ဆေးရည်တိုက်ပြီး မိမိကိုယ်ကိုသတ်သေသူ ဦးလီပိုးအား မိုင်းဖြတ်
မြို့မရဲစခန်းတွင် (ပ)၂၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၀၉ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
.
.
#KBZTai
#Shan