ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ် ပန်ကွတ်ကျေးရွာအနီး နိုဝင်ဘာ ၂၈ ရက်က တိုင်ရင်းသား လက်နက်ကိုင် နှစ်ဖွဲ့ ထိတွေ့မှုများကြောင့် ဒေသခံ ရွာသား ၂၀၀ ကျော် မန်စံကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြောင်း တိုက်ပွဲရှောင်များအား ကူညီပေးနေသူများထံမှ သိရှိရသည်။
အဆိုပါ ကျေးရွာအနီးတွင် နိုဝင်ဘာ ၂၈ ရက်၌ လက်နက်ကိုင်နှစ်ဖွဲ့ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ ကြောက်လန့်ကာ ၎င်းတို့ အနီးရှိ ကျေးရွာများသို့ ထွက်ပြေးလာကြရာမှ မန်စံကျေးရွာတွင် ၂၀၀ ကျော် ခိုလှုံနေကြကြောင်း သိရသည်။
“မနေ့ (နိုဝင်ဘာ ၂၈ ရက်) နေ့ခင်း တစ်နာရီလောက်က စပြီးရောက်လာကြတာပါ။ ပစ်ခတ်နေကြလို့ ပြေးလာကြတာလို့ ပြောပါတယ်။ ဒီနယ်ဘက်မှာကတော့ ဖြစ်ရင်ပြေးလာလိုက်ငြိမ်သွားရင်ြ
အဆိုပါ တိုက်ပွဲရှောင်ရွာသားများအား မန်စံကျေးရွာရှိ မြောက်ကျောင်းတွင် ထားရှိကာ ကူညီပေးထားကြောင်း၊ ဆောင်းတွင်းကာလဖြစ်ခြင်းကြောင့် အအေးကို ခံစားနေရကြောင်း၊ လတ်တလောအတွက် စားနပ်ရိက္ခာ အဆင်ပြေနေသော်လည်း ရက်ကြာလျှင် စားနပ်ရိက္ခာများ လိုအပ်လာနိုင်ကြောင်း တိုက်ပွဲရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။
“မှတ်မိသလောက်ဆိုရင် ပြောင်းစိုက်ချိန်ရယ်၊ ပြောင်းချိုးချိန်တွေမှာဖြစ်တယ်
အဆိုပါ ထိတွေ့ပစ်ခတ်မှုများကြောင့် နမ္မတူမြို့နယ်အတွင်း ပန်ဆော့ကျေးရွာ၊ ပန်ကွတ်ကျေးရွာတို့မှ အိမ်ထောင်စု ၆၁ စုမှ လူဦးရေ ၂၀၀ ကျော် မန်စံကျေးရွာတွင် ခိုလှုံနေကြောင်း တိုက်ပွဲရှောင်များထဲတွင် ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး၊ ကိုယ်ဝန်ဆောင် မိခင် ၅ ဦး၊ နို့တိုက်မိခင် ၁၁ ဦး၊ မသန်စွမ်း ၃ ဦးပါရှိပြီး အခြားသော ကျေးရွာသားများမှာလည်း မိမိတို့ နီးစပ်ရာ ဆွေမျိုးများထံတွင် ခိုလှုံနေကြကြောင်း သိရသည်။