ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းကြိမ်ကျေးရွာအုပ်စုရှိ
သစ်တောဦးစီးဌာနပိုင် နမ့်လွေ သစ်တော ကြိုးဝိုင်းဧရိယာအား ခြံ စည်းရိုး ကာရံခြင်းလုပ်ငန်းနှင့်
ပတ်သက်၍ ယင်းသစ်တောအနီးရှိကျေးရွာ ၄ ရွာမှ ရွာသားများက စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ကာ
ကန့်ကွက်ပြောဆိုမှုများ ရှိလာခဲ့၍ နိုဝင်ဘာလ ၁၆ ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး၌
ဒေသခံများအား ခေါ်ယူတွေ့ဆုံ ညှိနှိုင်းဖြေရှင်းပေးခဲ့ရကြောင်း သိရသည်။
.
.
သစ်တောဦးစီးဌာနပိုင် သစ်တောကြိုးဝိုင်းအား ခြံစည်းရိုး ကာရံခြင်းနှင့်
ပတ်သက်၍ ကန့်ကွက်ခဲ့သည့် ကျေးရွာသား များမှာ ယန်းကြိမ် ကျေးရွာအုပ်စုရှိ ဝမ်ပေါက်၊ဝမ်ဆာ၊
တောင်းဟွေ့၊ တောင်းနမ့် ကျေးရွာ များမှ ဖြစ်ပြီး ယင်းကဲ့သို့ ခြံစည်းရိုး ကာရံခြင်းနှင့်
ပတ်သက်၍ ကျိုင်းတုံ မြို့နယ် သစ်တောဦးစီးဌာနမှကြိုတင် လာရောက် အသိပေး ရှင်းလင်းပြောကြားခြင်း
မရှိဘဲ ရုတ်တရက် လာ ရောက် ကာရံခဲ့သဖြင့် စိုးရိမ်ကာ ကန့်ကွက်ခဲ့ရခြင်း ဖြစ်ကြောင်း
ရွာသားများထံမှ သိရသည်။
'' မိဘ ဘိုးဘွား ခေတ်အဆက်ဆက်မှာ တောထဲ တောင်ထဲ မှာ တောလိုက်၊ ထင်းခုတ်ပြီး
မိသားစုရဲ့ စားဝတ်နေရေး အတွက် အထောက်အကူရအောင် လွတ်လွတ်လပ်လပ် ရှာဖွေ စားသောက်ခဲ့ကြပါတယ်။
တစ်ရွာနဲ့ တစ်ရွာလည်း သာရေး၊ နာရေး ကိစ္စအတွက်ပဲ ဖြစ်ဖြစ် တောလမ်းကနေပဲ ဖြတ်သန်းသွားလာခဲ့ရပါတယ်။
အခု တော့ ခြံစည်းရိုး ကာရံပြီး ပိတ်လိုက်မယ်ဆိုရင်တော့ ရွာသားတွေ အတွက် အများကြီးပဲ
ထိခိုက် နစ်နာစေမှာ ဖြစ်ပါတယ်'' ဟု အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ တက် ရောက်လာသည့်
ရွာလူကြီး ဦးစိုင်းကောလင်းက ပြောသည်။
.
ယင်းကဲ့သို့ သစ်တောဦးစီးဌာန နှင့် ဒေသခံ ကျေးရွာသားများ တွေ့ဆုံ
ညှိနှိုင်းရာတွင် မူလကျေးရွာချင်းဆက် သွားလာနေသည့် လမ်းများကို ချန်လှပ်၍ ခြံစည်းရိုး
ကာရံသွားရန်နှင့် နမ့်လွေသစ်တောကြိုဝိုင်း ဧရိယာအား ကျေးရွာများ၏ အစုအဖွဲ့ပိုင် သစ်တောအဖြစ်
တရားဝင် လျှောက်ထားရယူပြီး ထင်းခုတ်ခြင်း၊ တော လိုက်ခြင်း များကို စည်းကမ်းတကျ ဆောင်ရွက်သွားရန်
သဘောတူညီမှု ရခဲ့ကြောင်း သိရသည်။
.
ဆွေးနွေးပွဲသို့ ကျိုင်းတုံမြို့နယ် မြေယာစီမံခန့်ခွဲမှုကော်မတီ
ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ တာ ဝန်ရှိသူများ၊
ရှမ်းပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုး၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း
ဆောင်ရွက်ရန်အတွက် တင်ဒါ အောင်မြင်ထားသည့် Glaxy Ray ကုမ္ပဏီ ဒါရိုက်တာ ဦးမြင့်ဆွေ၊
ယန်းကြိမ်ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးနှင့် ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း
သိရသည်။
.
''သစ်တောဦးစီးဌာနအနေနဲ့ ရွာသားတွေကို အရင်ဦးဆုံး တွေ့ဆုံ ပြီး
ခြံစည်းရိုး ကာရံမယ့် လုပ်ငန်း စဉ်ကို ကြိုတင်ချပြရှင်းလင်း ညှိနှိုင်း ထားခဲ့ရင် အခုလောက်အထိ
ဖြစ် လာမှာ မဟုတ်ပါဘူး။ ရွာသားတွေ ရဲ့ သဘောထားက မူလ သူတို့ လုပ် ကိုင် သွားလာနေတဲ့
အနေအထား ပျက်သွားမှာကို စိုးရိမ်လို့ ကန့်ကွက် ကြတာဖြစ်ပါတယ်''ဟု ကျိုင်းတုံ မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ခြံစည်းရိုးကာရံမည့် သစ်တော ကြိုးဝိုင်းမှာ ကျိုင်းတုံမြို့နယ်၊
ယန်း ကြိမ်ကျေးရွာအုပ်စု၊ မိုင်းလား လမ်း ဘေးမှ ဧရိယာ ၃၄၅၆ဝ ဧကရှိ နမ့်လွေသစ်တောကြိုးဝိုင်းအဖြစ်
သစ်တောဦးစီးဌာနက ၂ဝဝ၁ ခုနှစ် တွင် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သစ်တောကြိုးဝိုင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၁၈-၂ဝ၁၉
ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၃ သန်းကျော် အကုန် အကျခံ၍ စည်းရိုး ကာရံခြင်း လုပ်
ငန်းကို ဆောင်ရွက်နေခြင်း ဖြစ်သည်။
.
.
.
#KBZTai #Shan