မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် နိုဝင်ဘာလ ၁၁ ရက်က UWSA`၀` မှ လူသစ်စုဆောင်း
နေမှု များကြောင့် အချို့သောအိမ်ထောင်စုဝင်များ ၀မ်ခတ်အုပ်စု၊ နောင်ပူကျေးရွာသို့ ပြောင်းရွှေ့လာကြောင်း
ဒေသခံများထံမှ သိရသည်။
.
.
ပြောင်းရွှေ့လာသူများမှာ
ရောင်ခေါက်၊ ပါခါးလုံကျေးရွာမှ အိမ်ထောင်စု ၆ စု၊ လူဦးရေ ၂၇ ဦး၊ မိုင်းကာဒေသ၊ ပါဖဲယား
ကျေးရွာမှ အိမ်ထောင်စု ၁ စု၊ မိသားစု ၈ ဦး၊ အသက် ၁၈ နှစ်အထက် ကျား ၁၄ ဦး၊ မ ၁၁ ဦး၊
၁၈ နှစ်အောက် ကျား ၄ ဦး၊ မ ၄ ဦး စုစုပေါင်း ၃၅ ဦးဖြစ်ကြောင်း သိရသည်။
“ကလေးတွေငယ်တုန်းတော့
ဘာမှမဖြစ်ပေမဲ့ အခုအရွယ်ရလာတော့ အတင်းအဓမ္မလူသစ်စုတာ မပါချင်ကြဘူး။ မိဘတွေ အနေနဲ့လဲ
မနေနိုင်ကြတော့လို့ ပြောင်းလာတာပါ”ဟု ပြောင်းရွှေ့လာသူတစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့
အကြောင်းအမျိုးမျိုးပြကာ လူသစ်စုဆောင်းနေမှုမှ လွတ်ကင်းရာသို့ ပြောင်းရွှေ့လာသူများအား
မိုင်းခတ် (အခြေချ)စစ်ဗျူဟာမှူးမှ တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ဆန်နှင့်အစားအသောက်များ
ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
.
.
.
#KBZTai #Shan