ကမ္ဘောဇတိုင်း
.
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ
အင်ဒိုနီးရှားသံရုံးမှ သံအမတ်ကြီးံ. H.E.
Dr Iza Fadri နှင့် အဖွဲ့သည် နိုဝင်ဘာလ ၂ဝ ရက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
ခန်းမတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ
တွေ့ဆုံရာတွင် အင်ဒိုနီးရှားသံအမတ်ကြီးက မြန်မာနိုင်ငံထွက် ဆန်စပါးကို အင်ဒိုနီးရှားမှ
စိတ်ဝင်စားပါကြောင်းနှင့် ရှမ်းပြည်နယ်ဆန်စပါးကို တင်ပို့မှု လိုလားပါကြောင်းအား ပြောဆိုခဲ့သည်။
.
.
သံအမတ်ကြီး
ံ. H.E. Dr Iza Fadri
က ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခွင့်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းရှိ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး
လုပ်ငန်းများကို အင်ဒိုနီးရှားနိုင်ငံအနေဖြင့် စိတ်ဝင်စားပါကြောင်း၊ မြန်မာနိုင်ငံနှင့်
အင်ဒိုနီးရှားနိုင်ငံသည် လွတ်လပ်ရေးရရှိမှု နှစ်ကွာခြားမှု မရှိပါကြောင်း၊ အင်ဒိုနီးရှားအခက်အခဲတွေ့ကြုံသည့်အခါ
မြန်မာနိုင်ငံမှ ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခက်အခဲရှိပါက မိမိတို့နိုင်ငံမှ
ကူညီပေးနိုင်ရန် ရှိပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံရှိ လူမျိုးစုများသည် မန္တလေးနှင့်
ဆက်စပ်မှုရှိကြောင်းနှင့် မိမိနိုင်ငံတွင် မန္တလာဆိုသည့် လူမျိုးများ ရှိကြောင်း၊ ရှမ်းပြည်နယ်ထွက်
ပြောင်းဖူးကို စိတ်ဝင်စားပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်နှင့်
ခရီးသွားလုပ်ငန်းကို တိုးတက်ရန် အလားလာရှိပါကြောင်း၊ မိမိ၏မွေးရပ်ဇာတိသည် တောတောင်ရေမြေများ
ရှိသဖြင့် ရှမ်းပြည်နယ်နှင့်တူပါကြောင်း၊ မြန်မာနိုင်ငံထွက် ဆန်စပါးကိုလည်း အင်ဒိုနီးရှားနိုင်ငံမှ
စိတ်ဝင်စားပါကြောင်း၊ ရှမ်းပြည်နယ်အထွက် ဆန်စပါးများ တင်ပို့မှုကို လိုချင်ပါကြောင်း၊
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် အင်ဒိုနီးရှားနိုင်ငံမှ ခဲသတ္တုတူးဖော်ရေး လုပ်ငန်းတစ်ခုရှိပြီး
ယခုဆို ဆာဗေးလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း
ဆောင်ရွက်လိုပါကြောင်း၊ ကုမ္ပဏီများမှလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ်ဆောင်ရွက်မှုပြု
လုပ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ယခုလို သံအမတ်ကြီးနှင့် တွေ့ခွင့်ရသည့်အတွက်
များစွာဝမ်းသာပါကြောင်းနှင့် သံအမတ်ကြီးရောက်ရှိချိန်တွင် ရှမ်းပြည်နယ်၏ အထင်ကရဖြစ်သော
တန်ဆောင်တိုင်ပွဲတော်နှင့် တိုက်ဆိုင်မှုရှိနေပါသဖြင့် ပွဲတော်အားလာရောက် လည်ပတ်ရန်
ဖိတ်ခေါ်ပါကြောင်းနှင့် ပျော်ပျော်ပါးပါးဆင်နွှဲနိုင်ရန် မျှော်လင့်ပါကြောင်း ဆွေးနွေးသွားသည်။
.
အဆိုပါ တွေ့ဆုံပွဲသို့
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်အတူ ရှမ်းပြည်နယ်
အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်သယံဇာတနှင့်
သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး
ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ တက်ရောက်ခဲ့ကြောင်း
သိရသည်။
.
.
.
#KBZTai
#Shan