တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စာပေပြိုင်ပွဲ စာမူများ စတင်စစ်ဆေးလျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စာပေပြိုင်ပွဲ စာမူများ စတင်စစ်ဆေးလျက်ရှိ



ကမ္ဘောဇတိုင်း
.
၁၃၈၀ ပြည့်နှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်တွင် ပထမအကြိမ်အဖြစ် ထည့်သွင်းကျင်းပသော စာပေဆိုင်ရာပြိုင်ပွဲမှ ပြိုင်ပွဲဝင်စာမူများကို သက်ဆိုင်ရာ အမှတ်ပေးအကဲဖြတ် ဒိုင်အသီးသီးမှ စတင်အမှတ်ပေးအကဲဖြတ်  စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
.
“နိုဝင်ဘာ ၈ ရက်မှာ စပြီးတော့စစ်ပါတယ်။ ဘာသာရပ်တစ်ခုချင်းစီအတွက် သက်ဆိုင်ရာစာပေပညာရှင်ကြီး ၄ ဦးနဲ့ တောင်ကြီးတက္ကသိုလ်က ပါမောက္ခတစ်ဦးစီ ပါဝင်တဲ့ ဒိုင်အဖွဲ့ ၅ ဦးစီကနေ စစ်ဆေးနေတာဖြစ်ပါတယ်။ ဒိုင်အဖွဲ့ဝင် တွေကတော့ တောင်ကြီးမြို့က သက်ကြီးဝါကြီး စာပေပညာရှင်တွေဖြစ်တဲ့ ဆရာ မောင်ခွန်နွယ်အင်းလေး၊ ဆရာ ဒေါက်တာအောင်ကျော်တို့အပြင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်ဆရာကြီး/ဆရာမကြီးတွေက စစ်ဆေးနေတာဖြစ်ပါတယ်။ နိုဝင်ဘာ ၁၃ မှာ အပြီးစစ်ပြီးတော့ နိုဝင်ဘာ ၁၄ ရက်၊ ပွဲတော်ဖွင့်ပွဲရက်မှာ ဆုရစာရင်းကို ကြေညာပေးမှာဖြစ်ပြီးတော့ ဆုတွေကတော့ တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲ၊ ဆုပေးပွဲကျမှ အဝေရာကွင်းမှာပဲ မီးပုံးပျံ၊ ဓါတ်ပုံဆုတွေနဲ့အတူ ချီးမြှင့်သွားမှာဖြစ်ပါတယ်”ဟု တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၊ စာပေဆိုင်ရာပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ အဖွဲ့ဝင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နှစ်စဉ်ကျင်းပမြဲဖြစ်သော တောင်ကြီးတန်ဆောင်တိုင် ပွဲတော်တွင် အထင်ကရဖြစ်သော မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော်ပြိုင်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်၊ ဖွင့်ပွဲ/ ပိတ်ပွဲ တေးသီချင်း ရေးစပ်ပြိုင်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲများကို ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် စာပေဆိုင်ရာပြိုင်ပွဲများကို စတင်ထည့်သွင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စာပေပြိုင်ပွဲတွင် ဝတ္တုတို၊ ကဗျာ၊ ဆောင်းပါးနှင့် ကာတွန်းဟူ၍ ဘာသာရပ် ၄ မျိုးခွဲခြားကာ ကျင်းပပြုလုပ်ပေးခဲ့ရာ ဝတ္ထုတိုပြိုင်ပွဲဝင် စာမူ ၂၂ ပုဒ်၊ ဆောင်းပါးပြိုင်ပွဲဝင်စာမူ ၄၀ ပုဒ်၊ ကဗျာပြိုင်ပွဲဝင် စာမူ ၈၃ ပုဒ်နှင့် ကာတွန်းပြိုင်ပွဲဝင်စာမူ ၈၅ ပုံ ရရှိခဲ့ကြောင်း သိရသည်။
.
ပြိုင်ပွဲဝင်စာမူများအား ဘာသာရပ်တစ်ခုချင်းစီအတွက် ပထမ၊ ဒုတိယနှင့် တတိယဆု အပြင် နှစ်သိမ့်ဆု ၂ ဆုတို့ကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.


.
#KBZTai #Shan

Journal Download

Photo of three cats