ကောင်းမြင့်မြတ်စိန်
.
.
ရှမ်းပြည်နယ်၏
မြို့တော် တောင်ကြီးမြို့ တွင် တန်ဆောင်တိုင်ပွဲတော်ကြီးကို ကျင်းပလာ ခဲ့သည်မှာ နှစ်ပေါင်း
၇ဝ ပင် ကျော်လာခဲ့ပြီဖြစ် သည်။ တောင်ကြီးမြို့သူ မြို့သားများ၏ ဘာ သာ၊ သာသနာအပေါ် ယုံကြည်သဒ္ဓါ
စိတ်၊ ရိုး ရာအမွေ ချစ်မြတ်နိုးစိတ်၊ စုပေါင်းညီညွတ်စည်း လုံးစိတ်၊ဝိုင်းဝန်းတာဝန်ယူစိတ်၊
တာဝန်ရှိစိတ်၊ ဖော်ရွေပျူငှာစိတ်၊ ဖြူစင်ရိုးသားစိတ် စသော ကောင်းမြတ်သော စိတ်အခြေခံ
များဖြင့် ဤပွဲ တော်ကြီးကို နှစ်စဉ် ကျင်းပပြုလုပ်ခဲ့လေသည်။ ယခုအခါ ''တောင်ကြီးတန်ဆောင်တိုင်''''တန်
ဆောင်တိုင်ဆို မီးပုံးပျံ''''မီးပုံးပျံဆို တောင် ကြီး''ဟုပင် နိုင်ငံတစ်ဝန်း လူငယ်လူကြီး
အား လုံးနီးနီးက စွဲမှတ်သိရှိနေပြီးဖြစ်ပါသည်။ ထိုသို့ တောင်ကြီး တန်ဆောင်တိုင်နှင့်
မီးပုံးပျံတို့ သည် အတူတွဲလျက်ခွဲမရအောင် ဖြစ်နေရ လောက်အောင်လည်း တောင်ကြီးသူတောင်ကြီး
သားတို့သည် တစ်နှစ်တာ ကာလပတ်လုံး ကြိုး စားအားထုတ်ခဲ့ကြလေသည်။ စေတနာ၊ သဒ္ဓါ အား၊ ငွေအား၊
လူအားများ စုစည်းကြသည်။ တန်ဆောင်တိုင်ပွဲသည် သူတို့၏ အထွဋ်အမြတ် ပွဲဖြစ်သကဲ့သို့ မီးပုံးပျံသည်လည်း
သူတို့၏ နှလုံးသား ပင်ဖြစ်လေသည်။
.
အကျော်ကြားဆုံး
တန်ဆောင်တိုင်ပွဲတော်
.
ကျွန်တော်တို့
မြန်မာနိုင်ငံအနှံ့အပြားတွင် တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ်တန်ဆောင် မုန်းလတွင် ကျင်းပလာခဲ့ပါသည်။
ယခုအခါ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်မှာ အ ကျော်ကြားဆုံးဖြစ်လာပါသည်။ တစ်တိုင်းတစ်
ပြည်လုံးက လူငယ်လူကြီးတို့သည် တောင်ကြီး မြို့ တန်ဆောင်တိုင်ပွဲတော်၏ မီးပုံးပျံများ
ကြည့်ရှုအားပေးရန် အားခဲနေကြ၊ ရောက် အောင်လည်း သွားနေကြသည်။ ကမ္ဘာလှည့်ခရီး သွား နိုင်ငံခြားသားများပင်
တကူးတကလာ ရောက်လေ့လာအားပေးနေကြသည်ကို တွေ့နေ ရပါသည်။ ထိုသို့ လူအများအထင်ကြီးအားကျ
ကာ အားပေးလက်ခံရလောက်လည်း တောင် ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးက ခမ်းနားကြီး ကျယ်လှပေသည်။
ပွဲတော်ရက်ကိုပင် ၁ဝ ရက် သတ်မှတ်ထားပြီး တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့နောက်ဆုံးထားကာ
ကျင်းပကြသည်။ ယခုအခါ မီးပုံးပျံကြီးများကို ပြိုင်ပွဲပြုလုပ်ပြီး အပြိုင်အဆိုင် အကြီးအကျယ်လွှတ်တင်ကြသ
ဖြင့် ''တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲ တော်''ဟုပင် လူသိများနေပါတော့သည်။ အ မှန်အားဖြင့်
ဤပွဲတော်ကြီးသည် ''ဗုဒ္ဓပူဇနိယ ပွဲတော်ကြီး''ဖြစ်ပါသည်။ မြို့လုံးကျွတ်မဟာဘုံ ကထိန်းပွဲ၊
မြို့လုံးကျွတ် မီးပဒေသာလှည့်လည် ပူဇော်ပွဲ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် ညတွင်းမ
သိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲများ ပါဝင်ပါ သည်။
မြို့လုံးကျွတ်မဟာဘုံကထိန်
လှည့်လည်ပွဲ ကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ အဖိတ် နေ့တွင် ပြုလုပ်ကြသည်။ လှူဖွယ်ပစ္စည်းများ
ချိတ်ဆွဲထားသော ပဒေသာပင်အရေအတွက် သုံးရာကျော်၊ လေးရာနီးပါးပင်ရှိ၏။ မြို့သူမြို့ သားများလည်း
အတီးအမှုတ်အကအခုန်မျိုးစုံ ဖြင့် တပျော်တပါးကြီး စီတန်းလှည့်လည်လာကြ သည်မှာ လာရောက်ကြည့်ရှုသူ
ရပ်ဝေးရပ်နီး ဧည့်သည်များ ရင်သပ်ရှုမောကြည်နူးပျော်ရွှင် ကြရ၏။ ထိုသို့ ဘုံကထိန်ပဒေသာပင်
လှည့် လည်ခြင်းကို ''ကထိန်စံ''သည်၊ ''ပွဲစံ''သည် ဟုလည်းခေါ်ကြသည်။ လပြည့်နေ့၌ နေ့ဆွမ်း
ကပ်၊ ကထိန်အလှူရေစက်ချ၊ တရားနာကြ သည်။ ပြီးလျှင် ကထိန်အာနိသင်ရ ဘုန်းကြီး ကျောင်းများကို
မဲနှိုက်လှူဒါန်းကြသည်။ မဲ ပေါက်သောကျောင်းများကို ပေါက်မဲပဒေသာပင် ကို တပျော်တပါးတီးမှုတ်
ကခုန်ကာ ပေးပို့လှူ ဒါန်းကြသည်။ မြင်ရသူအပေါင်း မုဒိတာပွား ကြရ၏။ ''တစ်မူးရှိလို့ တစ်ပဲလှူတို့
ရှမ်းတောင် သူ တူနိုင်ရိုးလား''ဆိုတာကို လက်တွေ့ပြနေ ဘိအလား သဒ္ဒါတရားရက်ရောလွန်းကြပေ၏။
တန်ဆောင်မုန်းလပြည့်နေ့
ညမီးပဒေသာ စီတန်းလှည့်လည်ပူဇော်ပွဲကြီးကိုလည်း မြို့လုံး ကျွတ်ဆင်နွှဲကြလေသည်။ ထိုမီးပဒေသာပင်
စီတန်းလှည့်လည်ပွဲမှာလည်း ရောင်စုံမီးပုံးကြီး ငယ်အရွယ်အစား အနုအလှ ဒီဇိုင်းမျိုးစုံ
ဓလေ့ ရိုးရာအလှများကို ရှုမြင်မဆုံးနိုင်ပါ။ ဖယောင်း တိုင်မီးအပြင် လျှပ်စစ်မီးများဖြင့်
အနုပညာ မြောက်စွာ ဆန်းပြားလှပအောင် အလှမီးဖန် တီးချယ်မှုန်းကြသည်။ ဗုဒ္ဓဝင်ပုံတော်များ၊
ဗုဒ္ဓ ရုပ်ပွားပုံတော်များ၊ စေတီတော်ပုံတော်များကို ပုံစံအလှမျိုးစုံအောင် တီထွင်ကြသည်။
ရပ် ကွက်အလိုက် အပြိုင်အဆိုင်သူ့ထက်ငါ လှပ ဆန်းပြားခမ်းနားအောင် မီးအလှစုံ၊ မီးအလှ
အနု သုခုမလက်ရာအဖုံဖုံတို့ဖြင့် မီးပဒေသာစီတန်း လှည့်လည်ကြသည်။ ထိုသို့ လှည့်လည်ခြင်းကို
''မီးစံ''သည်ဟု ခေါ်ကြသည်။ ရှမ်းအိုးစည် ဝိုင်း၊ ဓနုအိုးစည်ဝိုင်း၊ ပအိုဝ်းအိုးစည်မောင်း
ဆိုင်း၊ ဗမာဒိုးပတ်ဝိုင်းများ၊ တိုင်းရင်းသားရိုးရာ အကအလှများ၊ ကိန္နရီကိန္နရာအက၊ ဓားသိုင်း
အက၊ တိုးနယားအက စသောရိုးရာအကများ တွေ့ရှိခံစားနိုင်သည်။ တောင်ပေါ် တိုင်းရင်းသား တို့၏
ဝတ်စားဆင်ယင်ပုံများ၊ အသုံးအဆောင် များကိုလည်းလေ့လာနိုင်ပါသည်။ ထိုသို့စီတန်း လှည့်လည်လာသော
မီးပုံးအလှ၊ မီးပဒေသာ များ၊ မီးရှူးမီးပန်းများဖြင့် တောင်ကြီးမြို့ ကျက် သရေဆောင်''စူဠာမုနိစေတီတော်ကြီး''သို့
သွားရောက်ပူဇော်ခြင်း ဖြစ်လေသည်။ ကြည် နူးဝမ်းသာပျော်ရွှင်စရာကောင်းလှပါဘိ။
ထို့ပြင်
စူဠာမုနိစေတီတော် ရင်ပြင်တော် တွင် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ ပြုလုပ်ပြီး ညတွင်းချင်း
ရက်လုပ်ပြီးသော မသိုးသင်္ကန်းဖြင့် ဗုဒ္ဓကို ရည်မှန်းလှူဒါန်းကြပါသည်။ တိုင်းရင်းသူ ရက်ကန်းသမများက
ဝင်ရောက်ယှဉ်ပြိုင်ကြ သည်။ ကြာရိုးမှရသော ကြာချည်မျှင်များဖြင့် ရက်လုပ်သော ''ကြာသင်္ကန်း''များဖြစ်သည်ဟု
သိရပါသည်။ အလွန်ရှားပါးသော ကြာသင်္ကန်း များကို သဒ္ဒါထက်သန်လှစွာ လှူဒါန်းပူဇော်ကြ ခြင်းဖြစ်ပါသည်။
ထိုအကြောင်းများကို
ဖော်ပြရခြင်းမှာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၏ အနှစ်သာ ရများကို ပေါ်လွင်စေချင်သောကြောင့်ဖြစ်ပါ
သည်။ မီးပုံးပျံများ လွှတ်တင်ခြင်းသည်ပင် တာဝတိံသာနတ်ပြည် သိကြားမင်း တည်ထား သော ''စူဠာမဏိ''စေတီတော်မြတ်ကြီးကို
ရည်မှန်းပူဇော်ခြင်းဖြစ်ပါသည်။ စူဠာမဏိစေတီ တော်တွင် ဘုရားအလောင်း၏ ဆံတော်များ ဌာပနာထားပါသည်။
ထို့ကြောင့် မီးပုံးပျံလွှတ် တင်ကြခြင်းသည် အပျော်သက်သက်မဟုတ်ပါ။ ဗုဒ္ဓဘာသာ မြန်မာပြည်ဖွား
တိုင်းရင်းသားတို့ ၏ ယဉ်ကျေးမှုဓလေ့ရိုးရာများကို ထိန်းသိမ်းထား ကြခြင်းသည်လည်းဖြစ်သည်။
အချို့နားမလည် သူများက တောင်ကြီးမီးပုံးပျံကို အကုန်အကျ များလှသဖြင့် ငွေများကို အလဟဿဖြုန်းတီး
ပစ်သည်ဟုပင် ပြောကြ၊ ကဲ့ရဲ့ကြလေသည်။ ''ကျွဲပါးစောင်းတီး''ပမာ မိုက်မဲလွန်းပေ၏။
.
စိန်ရွှေရတနာ
ထက်ပင် အဖိုးတန်သော
.
အမှန်တကယ်အားဖြင့်
မီးပုံးပျံတစ်လုံးကို အောင်အောင်မြင်မြင်လွှတ်တင်ဖို့ ဆိုသည်မှာ ငွေကုန်ကြေးကျ ခံနိုင်ရုံဖြင့်
မဖြစ်နိုင်ပါ။ ဖြူစင် ကြည်လင်ထက်သန်သော သဒ္ဓါတရား အခြေခံ ထားပြီး လူအများစုပေါင်းညီညွတ်
အားရှိမှ ဖြစ် နိုင်ပေသည်။ ပါဝင်လုပ်ကိုင်သူ အချင်းချင်းနား လည်မှု၊ ကူညီရိုင်းပင်မှု၊
ချစ်ခင်နွေးထွေးမှု၊ တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ကျေ စိတ်ရှိမှုများဖြင့်သာ မီးပုံးပျံတစ်လုံးကို
လှလှပ ပ အောင်မြင်စွာလွှတ်တင်နိုင်ပါသည်။ တစ်စုံ တစ်ယောက်က ပေါ့ဆမိလျှင်၊ တာဝန်မကျေ
လျှင်ပင် ထိုမီးပုံးပျံလွှတ်တင်ရာမှာ မအောင်မြင် တော့ချေ။ ရိုးရာလက်မှုအနုပညာစစ်စစ်တို့ဖြင့်
အနုစိတ်လက်ဝင်လှစွာ စိတ်ရှည်ရှည်ပြုလုပ်ကြ ရသည်။ မိမိတို့၏ မီးပုံးပျံကို ဆန်းသစ်ခေတ်မီ
လှပအောင်လည်း ဆွေးနွေးတိုင်ပင် တီထွင်ဖန် တီးကြသည်။ အလွန်အန္တရာယ်များသော မီး နှင့်
ယမ်း ဖော်စပ်တီထွင်ကွန့်မြူးရသော ညမီး ကျည်(ညမီးကြီး)မီးပုံးပျံသည် လူတိုင်းအလွန် ညှို့ယူဖမ်းစားနိုင်လေသည်။
မီးပုံးပျံသည် မြန် မာမှုစစ်စစ်၊ ရိုးရာအမွေစစ်စစ်လည်းဖြစ်သည်။ ရိုးရာအမွေဆိုသော်လည်း
တောင်ကြီးသားတို့ က တိုးတက်ထွန်းကားခေတ်မီအောင် ဆန်း သစ်တီထွင်နိုင်ခဲ့သည်။ ရိုးရာမီးပုံးပျံပညာရှင်
ကြီးတို့က မျိုးဆက်သစ်လူငယ်ကလေးများကို လက်ဆင့်ကမ်းပေးလျက်လည်းရှိနေပါ၏။ အတုယူဖွယ်
ဖြစ်ပါ၏။ လူငယ်တို့ကလည်း လို လားထက်သန်စွာသင်ယူကြ၊ ကိုယ်တိုင်လည်း မီးပုံးပျံများကို
ဖန်တီးနေကြပါ၏။ ထို့ကြောင့် ရှေ့ဆက်ပြီး တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကြီးက ကြီးကျယ်သည်ထက်
ကြီးကျယ်လာဦး မည်ဖြစ်ပေသည်။ ယခုအခါ ကမ္ဘာကပင် အသိ အမှတ်ပြုလာပြီဖြစ်၍ ယခု ၂ဝ၁၈ ခုနှစ်တွင်
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတ်ာကို ယူ နက်စကိုတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာ
ရင်းတင်သွင်းမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ယခု ၂ဝ၁၈ ခုနှစ် မီးပုံးပျံပြိုင်ပွဲဝင်
တို့သည် တရုတ်ပြည်မှ လာသော အသင့်သုံး ပစ္စည်းများကို သုံးခွင့်မရှိတော့ချေ။ ပြည်တွင်း
ဖြစ် ပစ္စည်းမျိုးတို့ဖြင့် ရိုးရာလက်မှုအတတ်ပညာ စစ်စစ်တို့ကိုသာ အသုံးချကြရပေတော့မည်။
.
မီးပုံးပျံလွှတ်တင်ခြင်းအစ
.
တောင်ကြီးမြို့တွင်
မီးပုံးပျံလွှတ်တင်ခြင်း ကို မြို့မရပ်ကွက်ရှိ ကုန်းသာဘုန်းကြီးကျောင်း မှစခဲ့သည်ဟု
သိရပါသည်။ မြန်မာကောဇာ သက္ကရာဇ် ၁၃ဝ၃ ခုနှစ်၊ တန်ဆောင်မုန်းလ ၁၉၄၁ ခုတွင် ကျောင်းထိုင်ဆရာတော်က
ဦးစီး ပြီး မီးပုံးပျံလွှတ်တင်ခဲ့သည်။ တာဝတိံသာနတ် ပြည်ရှိ စူဠာမုဏိ စေတီတ်ာကို ရည်မှန်းပူဇော်
ကြခြင်းဖြစ်သည်။ ပံ့သကူအလှူဒါနအနေဖြင့် ဆန်အိတ်ငယ်များ၊ ဆီပုံးငယ်များ၊ ထမင်းချိုင့်၊
ထီး၊ အဝတ်အထည် စသည်တို့ကို လေထီးတွင် ချိတ်ဆွဲကာ အောက်ဆွဲအထိုင်ချစေသည်။ ပေ ၅ဝဝ အမြင့်ခန့်တွင်
လေထီးဖြင့် အောက်ဆွဲ တွင်ပါသွားသည့် ပံ့သကူအလှူပစ္စည်းများ ထွက်ကျလာပြီး မီးပုံးပျံသည်
ခေါင်ပွင့်ပျက်ကျ သွားတော့သည်။ ပထမဆုံး မီးပုံးပျံကို သာမန် ပိတ်စဖြင့် ချုပ်လုပ်သည်။
ကိုက် ၄ဝ ပါသော ပိတ်အုပ် ၄ဝ ကုန်သည်။ အမျိုးသမီးများက အပ်ချုပ်စက်အလုံး ၃ဝ ဖြင့် ၃
ရက်ခန့် ချုပ် လုပ်ခဲ့ရသည်ဟုဆိုသည်။ ဒုတိယအကြိမ် မီးပုံး ပျံလွှတ်ပွဲတွင်မူ မိုင်းကိုင်စက္ကူခေါ်
ရှမ်းစက္ကူကို အသုံးပြုခဲ့သည်။ ခေါင်အမြင့် ၂၅ ပေခန့်ရှိပြီး ပံ့သကူပစ္စည်းများလည်း ပိုမိုစုံလင်စွာ
ထည့် သည်။ ငွေဒင်္ဂါးများပင်ပါသည်။ ထိုပံ့သကူ ပစ္စည်းများကို လူအများပျော်ရွှင်စွာလိုက်
ကောက်ကြသည်။
ထိုသို့ ရှမ်းစက္ကူဖြင့်
ပြုလုပ်သည့် မီးပုံးပျံ များကို အခြားသော ဘုန်းတော်ကြီးကျောင်းများ မှလည်း ပြုလုပ်
လွှတ်တင်လာခဲ့ကြသည်။ ရိုးရိုး မီးပုံးပျံများသာ ရှိပါသေးသည်။ ယမ်းခွေများ၊ မီးပုံးများ၊
မချိတ်ဆွဲသေးမီ ၁၉၅၁ ခုနှစ်တွင် မြို့မဈေးကြီးအရှေ့ဘက်ကွက်လပ် (ယခင် အ ဆင့်မြင့် ညဈေးနေရာ၊
ယခု ဥခနညှေကစနမ မြေုနအ နေရာ)တွင် မီးပုံးပျံနှစ်လုံးကို ချိတ် ဆွဲထားသည့် ကြိုးတန်းတစ်လျှောက်
မီးပုံးငယ် လေးများ စီတန်းတပ်ဆင်ထွန်းညှိပြီး လွှတ်တင် ခဲ့ကြသည်။ မီးပုံးပျံလွှတ်တင်ခြင်းသည်
ကံ ကောင်းစေသည်ဟု ရှေးအယူအဆရှိခဲ့သော ကြောင့်လည်း မီးပုံးပျံလွှတ်တင်ခြင်း အလေ့အ ထသည်
၁၈၉၄ ခုနှစ်၊ တောင်ကြီးမြို့တည်သည် နှင့် အတူ ပါလာသည်ဟု စာရေးဆရာကျော် လင်းဦး(ရှမ်းပြည်)က
ရေးသားခဲ့လေသည်။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်ကို ရည်စူးပူဇော်သောအားဖြင့် မီးပုံးပျံလွှတ်တင်
ခြင်းဖြင့် ကံကောင်းစေသည်မှာ ယုံမှားဖွယ်မရှိ ပါ။ မိမိတို့၏ စိတ်စေတနာ သဒ္ဓါတရားထက်
သန်လျှင် ထက်သန်သလောက် အမျိုးများမည် မုချပါ။ ထိုစဉ်က ဘာသာရေးပွဲဖြစ်၍ ရဟန်း တော်များက
ဦးစီးကျင်းပခဲ့ကြသည်။ ယခုခေတ် အခါမှာ ရှမ်းပြည်နယ်အစိုးရကပင် ဦးစီးကျင်းပ ပေးနေပါပြီ။
၁၉၅၃ ခုနှစ်တွင်
ရိုးရာဗျောက်အိုးများ၊ မီးပန်းများထည့်သွင်းကာ မီးပုံးပျံများ လွတ်တင် ခဲ့ကြသည်။ သိမ်တောင်ဆရာတော်က
ယမ်း စိမ်း၊ ထုံး၊ ကန့်၊ ဒုတ္ထာများဖြင့် မီးကျည်များကို အရောင်ထွက်အောင် ထည့်သွင်းပြုလုပ်နိုင်ခဲ့
သည်။ လူအများကလည်း မီးကျည်များကို စမ်း သပ်တီထွင်လာကြသည်။ ၁၉၅၆ ခုနှစ်တွင် လေယာဉ်သံ
ဗူသပ အသုံးပြုပြီး အဖြူရောင် မီးကျည်များထည့်သွင်းနိုင်ခဲ့သည်။ ၁၉၇ဝ ကာလများတွင် ဓာတုဗေဒပစ္စည်းများကို
ထည့် သွင်းကာ မီးကျည်အမျိုးမျိုးစမ်းသပ်တီထွင်ခဲ့ ကြသည်။ မီးကျည်များ၏ ပေါက်ကွဲမှုကိုလိုက်
ပြီး ဖျောက်ဆိပ်၊ ခိုပျံ၊ မီးပုလွေ စသဖြင့် ခေါ် တွင်ခဲ့သည်။ ထိုမှတဆင့် တီထွင်လာခဲ့ကြရာ
ဆက်တိုက်တိုးတက်လာခဲ့ပြီး မီးတံခွန်၊ မီးစ ကြာစသော ဆန်းကြယ်လှပသော မီးကျည်များ တီထွင်နိုင်ခဲ့သည်။ ယနေ့အချိန်ထိ တီထွင်ဆန်း သစ်မှုများ၊
အရှိန်ကောင်းနေလျက်ပင်ရှိပေ သည်။ ညမီးကျည်ခေါ် ညမီးကြီးမီးပုံးပျံသည် ထိုသို့တီထွင်ဆန်းသစ်လာခဲ့သော
မီးကျည်၊ မီး ပန်းများကြောင့် ရွှေပွဲလာ မိတ်သဟာတို့ကို ညှို့ယူဖမ်းစားအားကောင်းလာခဲ့တော့သည်။
ကြည်လင်သာယာလှသော တန်ဆောင်မုန်းလ ၏ ညကောင်းကင်ယံမှာ ညမီးကြီးတက်လာပြီ ဆိုလျှင် ပေါက်ကွဲဖြာထွက်လင်းလက်သော
ရောင်စုံအလှတို့ဖြင့် ရှုငေးမဝနိုင်အောင် လူအ များကို ဖမ်းစားလေ၏။ ထို့ကြောင့်လည်း ကြက်ပျံမကျ
စည်ကားလှသော ပရိသတ်ကြီး မှာ တရှိုက်မတ်မတ် ငေးမောနေလေ၏။ ''ဝုန်း'' ''ဒိုင်း'' ''ဖျောင်း''
''ရွှီး'' ''ရွှီး''အ သံစုံကလည်း ရင်တထိတ်ထိတ်ဖြစ်စေသည်။ ရင်တုန်ပန်းတုန် ရင်ခုန်ခုန်ဖြင့်
မိုးပေါ် ပျံတက် သွားသော မီးပုံးပျံကြီးကိုကြည့်ကာ ပျော်ရ သည့် အရသာက ဘာနှင့်မျှ မတူပါချေ။
.
စိန်နားပန်မီးပုံးပျံ
.
ရောင်စုံမီးပုံးသေးသေးလေးများကို
မီးပုံးပျံ ကိုယ်ထည်တွင် ချည်ကြိုးကလေးများဖြင့် ဆိုင်း တပ်ထားသော ချိတ်ကလေးများတွင်ဒီဇိုင်းအ
မျိုးမျိုး၊ အရုပ်ပုံအမျိုးမျိုးပေါ်လွင်လာအောင် တပ်ဆင်ထွန်းညှိပြီး လွှတ်တင်သည့် မီးပုံးပျံကို
''စိန်နားပန်''ဟုခေါ်သည်။ မီးပုံးပျံ၏ ကိုယ် ထည်ပေါ်တွင် ချိတ်များနှင့် ရုပ်ပွားတော်ပုံ၊
ရုပ်ပုံမျိုးစုံနှင့် စာသားများကိုကပ်ထားသည်။ မီးပုံးများချိတ်ဆွဲထွန်းညှိလိုက်သောအခါ
လို ရာရုပ်ပုံ၊ စာသားများပေါ်လာလေသည်။ အောက်ဆွဲများတွင်လည်း ရုပ်ပုံ၊ စာသား၊ ဆောင်ပုဒ်၊
ြေ<ွကးကြော်သံများအတိုင်း ပုံဖော် ထွန်းညှိကြသည်။ ဖယောင်းတိုင်မီး အခန့်မ သင့်၍
လောင်ခဲ့သော် ထိုမီးသည် ပင်မမီးပုံးပျံ သို့ မကူးစေရန် ဆိုင်းထားသည့် ကြိုးငယ်ပြုတ်
ကျသွားအောင် စီမံထားသည်။ ယခုအခါ လုပ် ငန်းရှင်များ၊ စီးပွားရေးသမားများက စိန်နားပန်
မီးပုံးပျံတွင် လုပ်ငန်းကြော်ငြာများပုံဖော် တပ်ဆင်ပြီး မီးထွန်းညှိကာ ကြော်ငြာနေ ကြသည်။
မိမိတို့၏ လုပ်ရပ်ကြောင့် ''အရိုးကို အရွက်မဖုံးစေရန်''တော့ သတိချပ်သင့်ပါသည်။ ''ရှဥ့်လည်းလျှောက်သာ၊
ပျားလည်းစွဲသာ''ဖြစ် ရန် ဆင်ခြင်သင့်ပေသည်။ ဗုဒ္ဓဘာသာ ရိုးရာ ဗုဒ္ဓပူဇနိယပွဲတော်၏ မူလရည်မှန်းချက်နှင့်အနှစ်
သာရများကို ဝိုင်းဝန်းဖော်ထုတ်ရင်း မိမိတို့၏ လုပ်ငန်းများ အောင်မြင်ရေး ဆောင်ရွက်ပါက
လွန်စွာလျော်ကန်သင့်မြတ်မည် ဖြစ်ပေသည်။ မီးပုံးပျံ ပညာရှင်များ၊ မီးဆရာများ၊ မီးပုံးပျံ
ချစ်သူများ အနေဖြင့်လည်း အသုံးချမခံရအောင် သတိထားသင့်ပါသည်။ ယခု ၂ဝ၁၈ ခုနှစ် မီး ပုံးပျံပြိုင်ပွဲတွင်
မီးပုံးပျံကိုယ်ထည်များမှာ အ ရက်၊ ဘီယာ၊ ဆေးလိပ် ကြော်ငြာများခွင့်မပြု တော့ကြောင်း
သိရ၍ ဝမ်းသာလှပါသည်။ ဘု ရားပွဲတော်ဆိုသည်ကိုပင် မေ့ထားကြပြီး မဖွယ် မရာများ မပြုလုပ်သင့်ကြပါ။
.
နေ့လွှတ်မီးပုံးပျံများ
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတွင်
ထူးထူး ခြားခြားနေ့ဘက်တွင်လည်း အရုပ်မီးပုံးပျံအ မျိုးမျိုးကို လွှတ်ကြပါသေးသည်။ စက္ကူဖြင့်
အ ရုပ်ပုံအမျိုးမျိုးရအောင်ချိုးသည်။ တီထွင်သည်။ ယခင်က ငှက်ရုပ်၊ ငါးရုပ်၊ ခွေးရုပ်
စသော တိ ရစ္ဆာန်ရုပ်များသာ လွှတ်တင်ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းတွင် ငှက်မိသားစု၊
ကြက်မိ သားစု စသော မိသားစုပုံစံ အရုပ်လေးငါးရုပ်ကို အချိုးကျကျလုပ်ပြီး လွှတ်တင်လာခဲ့ကြသည်။
ထိုကြောင့် အရုပ်မီးပုံးပျံပြိုင်ပွဲကိုလည်း ခြေနှစ် ချောင်း၊ ခြေလေးချောင်း၊ မိသားစုရုပ်များ
စသ ဖြင့် ပြိုင်ပွဲပုံစံ ပြောင်းပေးခဲ့သည်။ ထို့ကြောင့် နေ့ခင်းဘက် ကောင်းကင်ယံမှာလည်း
ရောင်စုံ အရုပ်မီးပုံးပျံများကို ရှုငေးမဆုံး ဖြစ်ကြရပြန် သည်။
ယခုနှစ် မီးပုံးပျံပြိုင်ပွဲတွင်လည်း
နေ့လွှတ် ခြေနှစ်ချောင်း ခြေလေးချောင်း၊နေ့လွှတ်အုပ်စု၊ စိန်နားပန်နှင့် ညမီးကြီးဟူ၍
ခွဲခြားထားကြောင်း သိရပါသည်။ ယခုနှစ်တွင် ညမီးကြီးတစ်လုံးအ တွက် ငွေကျပ်သိန်း ၄ဝ မှ
၄၅ သိန်းခန့် ကုန် ကျမည်ဟု သိရပါသည်။ ၂ဝ၁၇ ခုနှစ်က ညမီး ကြီးအတွက် ကျပ်သိန်း ၃ဝ မှ
၃၅ သိန်း၊ စိန် နားပန်တစ်လုံးအတွက် ၁၂ သိန်းမှ ၁၅ သိန်း ကြားမှ ကုန်ကျကြောင်း သိရပါသည်။
ပြိုင်ပွဲ ဝင် မီးပုံးပျံများအတွက် စည်းကမ်းများစနစ် တကျချမှတ်ထားသည်။ ညမီးကြီးသည်
ခေါင် အချင်း ၂၃ ပေထက် မငယ်ရ၊ ၂၅ ပေထက် မကြီးရ ယမ်းပိဿာချိန် ၄ဝ ထက်မပိုရပါ။ စိန်နားပန်
မီးပုံးပျံအတွက် ခေါင်အချင်း ၁၈ ပေထက်မငယ်ရ၊ ပေ ၂ဝ ထက် မကြီးရပါ။ အမှတ်ပေးစနစ်မှာ မီးပုံးပျံတိုင်းကို
အမှတ် ၁၆ဝ ပေးထားပြီး စံနှစ်မျိုးသတ်မှတ်ထားသည်။ ဥပမာ မှိုင်းခံချိန်သည် အမှတ် ၂ဝ ပေးထား
သည်။ တစ်မိနစ်ကြာတိုင်းတစ်မှတ်နုတ်သည်။ အချိန်မှတ်ပြီး ၇ မိနစ်ကြာမှ မီးပုံးပျံကိုလွှတ်
တင်နိုင်ပါက ရမှတ် ၁၃ မှတ်ဖြစ်သည်။ ဒိုင် များမှာလည်း အကဲဖြတ်ဒိုင်၊ တန်ဆာပလာဒိုင်၊
စက္ခုပသာဒဒိုင်၊ အတက်စံချိန် ကြီးကြပ်ဒိုင်၊ စည်းကမ်းဒိုင်ဟူ၍ ရှိရာ တိကျမှန်ကန်စွာ
အမှတ်ပေးဆုံးဖြတ်ကြလေသည်။
.
ဂတ်တဲမီးထွန်းပွဲမှသည်
.
တောင်ကြီးတန်ဆောင်တိုင်
ပွဲတော်ကြီး သည် ၁၉၄၅ ခုနှစ်တွင် တောင်ကြီးမြို့မှာ ပြု လုပ်သော ''မြို့ဝင်အောင်ပွဲ''နှင့်
ဆက်စပ် လျက်ရှိသည်။ ၁၉၄၅ ခုနှစ်သည် ဒုတိယကမ္ဘာ စစ်ဖြစ်နေချိန်လည်းဖြစ်သည်။ မြန်မာတစ်မျိုး
သားလုံးကလည်း ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှစ၍ ဖက်ဆစ်ဂျပန်တို့ကို တော်လှန် တိုက်ထုတ်ခဲ့သည်။
ထိုအခါ တောင်ကြီးမြို့သူ မြို့သားတို့သည် စစ်ဘေးလွတ်ရာဒေသများသို့ ပုန်းခိုကြရသည်။
၁၉၄၅ ခုနှစ်၊ သြဂုတ်လတွင် တောင်ကြီးဒေသခံများသည်
ကိုယ့်မြို့ကို ပြန် လာနိုင်ခဲ့သည်။ စစ်ဘေးကို ကြောက်ရွံ့၊ စိတ် ညစ်ခဲ့ကြရာမှ ဘေးကင်းကာ
မြို့ကိုပြန်လာနိုင်ခဲ့ ကြသဖြင့် ကောင်းမှုဒါနပွဲ၊ အပျော်ပွဲတစ်ခုပြု လုပ်ကြရန် စီစဉ်ကြသည်။
ဝါလကင်းလွတ် သီ တင်းကျွတ်ပွဲနှင့်အတူ ကျင်းပရန် စီစဉ်ကြသော် လည်း မိုးလေမလွတ်သေးသဖြင့်
လွတ်လွတ် ကျွတ်ကျွတ် ပျော်နိုင်ရန် မိုးလေဝသ ကြည်လင် သာယာသော တန်ဆောင်မုန်းလပြည့်နေ့ကို
ရွေးချယ်ခဲ့ကြသည်။
''မြို့ဝင်အောင်ပွဲ''အဖြစ်
မီးထွန်းပွဲနှင့် မီး ပုံးပျံလွှတ်ခြင်းများ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။ တန်ဆောင်တိုင်
မီးထွန်းပွဲအနေဖြင့် ကျင်းပခြင်း မဟုတ်ပေ။ ထိုစဉ်က ဈေးကြီးအရှေ့ဘက်ရှိ ကွင်းပြင်တွင်
ရိုးရိုးမီးပုံးပျံများကို အပျော်တမ်း လွှတ်တင်ခဲ့ကြသည်။ ၁၉၄၁ ခုနှစ်၊ မြန်မာ သက္ကရာဇ်
၁၃ဝ၃ ခုနှစ်၊ တန်ဆောင်မုန်းလ တွင် အလယ်ကျင်းပိုင်း(ယခု မြို့မရပ်ကွက်) ကုန်းသာဘုန်းကြီးကျောင်း
ဆရာတော်ဦးစီးပြီး မီးပုံးပျံလွှတ်တင်ကာ ဘုရားပူဇော်ပွဲပြုလုပ်နေခဲ့ ပြီးဖြစ်သည်။ မြို့ဝင်အောင်ပွဲတွင်
ထိုဓလေ့ကို ကာလသားများက အမွေဆက်ခံပြုလုပ်ကြခြင်း ဖြစ်သည်။
၁၉၅ဝ ခုနှစ်တွင်
ထိုမြို့ဝင်အောင်ပွဲ (Our Day)ကို အတုယူပြီး ဂတ်တဲမီးထွန်းပွဲကို ပြု လုပ်ခဲ့ကြသည်။
အလယ်ကျင်းပိုင်းရပ်၊ တောင် ပိုင်းရပ်များမှ လူကြီးလူငယ်များသည် မီးကြာ ကပ်များ ထွန်းညှိပြီး
မြို့လယ်ဓမ္မာရုံဘုရားကို မီးပူဇော်ရန် အပြိုင်အဆိုင် စီတန်းလှည့်လည်ပွဲ ပြုလုပ်ကြသည်။
အဖွဲ့လိုက် အတီးအမှုတ်အက အခုန်များဖြင့် ပျော်ရွှင်စွာ ပြုလုပ်ကြသည်။ ''မီးစံ''သည်ဟု ခေါ်ကြသည်။ တန်ဆောင်တိုင် လပြည့်နေ့မှာ
ပြုလုပ်ခြင်းဖြစ်၏။ မြို့လုံးကျွတ် ဘုံကထိန်အလှူပွဲကြီးကိုပါ ပူးတွဲပြုလုပ်ခဲ့သည်။
အဖိတ်နေ့ကထိန်ပဒေသာပင်များကို စီတန်း လှည့်လည်အကြည်ညိုခံပြီး လပြည့်နံနက်တွင် လှူကာ
မဲကျရာကျောင်းများသို့ တပျော်တပါး ပို့ဆောင်လှူဒါန်းခဲ့ကြသည်။ ညဘက်တွင် မီး ပုံးပျံများ
အပျော်လွှတ်ကြသည်။ ဝင်္ကပါပွဲကို လည်း ရာဇဝတ်ဝန်ထောက်ဦးရွှေအုံးမောင်၏ စီစဉ်မှုဖြင့် ထည့်သွင်းခဲ့သည်။
ထိုစဉ်က ရဲစ ခန်းကို Guard House ဟု ခေါ်ခဲ့ရာ မြန်မာ တို့က ဂတ်တဲဟုခေါ်တွင်ခဲ့သည်။ ဂတ်တဲဝင်း
ကြီးထဲတွင် ပြုလုပ်ခဲ့သည်။ ယခုအခါ ဖက်ရှင် မီနီမတ်ကက်မြောက်အစပ်မှ ကမ္ဘောဇဘဏ် ကြီး၏
တောင်ဘက် ရဲစခန်းလမ်းအထိသည် ယခင် ဂတ်တဲဝင်းကြီးဖြစ်ခဲ့သည်။ ဂတ်တဲဝင်း ကြီး၏ ဗဟိုအလယ်ပေါက်တွင်
စိန်ပန်းနီပင်ကြီး ရှိခဲ့သည်။ ထိုစိန်ပန်းပင်ကြီးအနီးရှိ ကွင်းကျယ် ကြီးတွင် ဝင်္ကပါပွဲကို
ပြုလုပ်ပေးခဲ့ခြင်းဖြစ်၏။ မြို့မဈေးကြီး၏ တောင်ဘက်လမ်းကျယ်(ယခု ညဈေးစားသောက်ဆိုင်တန်းနေရာ)တွင်
မီးပုံး ပျံများ လွှတ်တင်ခဲ့ကြသည်။ မီးထွန်းကျင်းပ သည့် ဂတ်တဲဝင်းကြီးနှင့် မြို့လယ်ဓမ္မာရုံဝန်း
ကျင်တွင် ရောင်စုံမီးပုံးများ စီတန်းချိတ်ဆွဲထား ပြီး လင်းလက်ဝင်းထိန်ကာ လှပစည်ကားနေ
လိမ့်မည်။ မီးရှော်တိုင်(မီးချော်တိုင်)ခေါ်မီးရှူး တိုင်ကြီးများလည်း ညလုံးပေါက်ထွန်းညှိထား
ကြသည်။ ''မီးရှော်တိုင်''ဆိုသည်မှာ အရှည် ၁၅ ပေမှ ပေ ၂ဝ ရှိသော ဝါးပိုးလုံးကြီးများကို
စိပ်ပြီး အထဲမှာ ထင်းရှုးဆီချောင်းများကို ကောက်ရိုးများနှင့်ရောကာ နှီးဖြင့် ခိုင်ခိုင်ချည်
နှောင်ထားသော ဝါးတိုင်ကြီးများပင်ဖြစ်သည်။ ထိုတိုင်ကြီးများကို မြေမှာစိုက်ထူး မီးညှိထားပြီး
တစ်ညလုံးထွန်းညှိပေးကာ ပတ်ဝန်းကျင်ပွဲခင်း ကို လင်းထိန်နေစေခဲ့သည်။ ထိုဂတ်တဲမီးထွန်း
ပွဲမှတဆင့်ထက်တစ်ဆင့် တိုးမြှင့်ကာ ပြုလုပ် လာခြင်းဖြင့် ယနေ့ခေတ် တောင်ကြီးတန်ဆောင်
တိုင်ပွဲတော်ကြီးအဖြစ် ကြီးကျယ်ခမ်းနားလာ ကာ ကျော်ကြားအောင်မြင်ခဲ့ခြင်းဖြစ်ပေသည်။
.
မီးပုံးပျံအတွက်
အားထုတ်ကြပုံ
.
တောင်ကြီးသူ၊
တောင်ကြီးသားများသည် နတ်တော်၊ ပြာသိုလများကပင် မီးပုံးပျံအတွက် အလှူငွေများ စတင်ကောက်ခံစုဆောင်းကြ
သည်။ ရပ်ကွက်လူကြီးများ၊ မီးပုံးပျံဝါသနာရှင် များနှင့် မီးဆရာများ ဦးဆောင်ကာ ရပ်ကွက်အ
တွင်း တစ်အိမ်တက်တစ်အိမ်ဆင်း လစဉ်အ လှူခံကြခြင်းဖြစ်၍ အိမ်ရှင်များအတွက်လည်း အပန်းမကြီးလှ။
နောက်နှစ်သီတင်းကျွတ်လ စာရင်းပိတ်သောအခါ လိုအပ်သောငွေ အလုံ အလောက်ရနေလေတော့သည်။ ရပ်ကွက်ရှိ
လူငယ်များကို မီးဆရာက ဦးဆောင်ပြီး ပြိုင်ပွဲ ဝင် မီးပုံးပျံကို စုပေါင်းပြုလုပ်ကြသည်။
လိုအပ် ပစ္စည်းများစုခြင်း၊ ဝါးခွဲဝါးသပ်အခြောက်ခံခြင်း၊ ဒီဇိုင်းဖော်ခြင်း စသည့်လုပ်ငန်းများ
နေ့စဉ်လုပ် ကြသည်။ ပြိုင်ပွဲမစခင် တစ်လကျော်အလိုက ပင် မီးပုံးပျံချိုးသည်။ စက္ကူညီညီညှပ်ကာ
ဒီဇိုင်းဖော်သည်။ ကော်ကျိုပြီးကပ်သူကပ်သည်။ ပန်းချီဆရာကလည်း တစ်မူထူးသော ဒီဇိုင်းများ
ရေးချသည်။ သူများထက် အစစအရာရာသာ အောင် ကြိုးစားကြသည်။ မိမိတို့၏ တီထွင် ဆန်းသစ်မှုများကိုလည်း
လျှို့ဝှက်နိုင်သမျှ လျှို့ ဝှက်ကြသည်။ ယမ်းဆရာကတော့ ပိုပြီးသတိ ကြီးစွာ ယမ်းထောင်းရသည်။
မတော်တဆ ပေါက်ကွဲတတ်၍ လုံခြုံဘေးကင်းရာနေရာရွေး ကာ ယမ်းထောင်း၊ ယမ်းပြင်ကြရသည်။
ယမ်းထောင်းရာမှာ
မတော်တဆပေါက်ကွဲ ပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့ပေါင်းများ လှပြီ။ သို့သော် တောင်ကြီးက
မီးပုံးပျံချစ်သူ များကတော့ လက်မလျှော့ပါ။ အန္တရာယ်ကြား ကပင် မီးပုံးပျံကြီးများကို
ပြုလုပ်ပြီး ပြိုင်ပွဲဝင် သည်။ တစ်နှစ်ထက်တစ်နှစ်တိုးတက်ပြီး တီ ထွင်ဆန်းသစ်သည်။ တကယ်တော့
မီးပုံးပျံ တစ်လုံးဖြစ်လာရေးမှာ ငွေအား၊ လူအား၊ Óာဏ်အား၊ စေတနာ၊ သဒ္ဓါအားများ၊ စည်း
လုံးအားများ ပြည့်စုံမှသာ ဖြစ်နိုင်လေသည်။
.
ဆွမ်း ဆန်ထဲ
ကြွက်ချေးမရောစေချင်
.
ကောင်းခြင်းမင်္ဂလာကျက်သရေအဖြာဖြာ
နှင့် ခမ်းနားကြီးကျယ်ပျော်ဖွယ်အတိပြီးသော ဤပွဲတော်ကြီးကို ဟိုယခင်က လောင်းကစား ပွဲပေါင်းစုံ
လွှမ်းခဲ့သည်။ တစ်နိုင်ငံလုံးက လောင်းကစားသမားများ၊ လူလိမ်များက အ လွန်မျက်စိကျသည့်
ပွဲတော်ဖြစ်ခဲ့ရဖူးသည်။ ရိုး သားသောတောင်ပေါ်သားတို့၏ ချွေးနဲစာများ ကို လောင်းကစားသမားတို့က
အလွယ်တကူ လိမ်ညာယူကြလေသည်။ ပွဲတော်လာသူအများ လည်း လောင်းကစားသမားများ၏ စက်ကွင်းက မလွတ်ခဲ့ကြ။
ဒုက္ခများခဲ့ကြရသည်။ ယခုအ ခါမှာတော့ တာဝန်ရှိသူများ၏ အစီအမံ ကောင်းမှုကြောင့် အနိဌာရုံများမရှိတော့ပါ။
ဝမ်းသာလှပါ၏။ တာဝန်ရှိသူတို့က ပွဲတော်အ တွက် စည်းကမ်းချက်များ စနစ်တကျထုတ်ပြန် ခဲ့သည်။
ပွဲတော်လာသူများ လိုက်နာရန်စည်း ကမ်းများ၊ ယာဉ်မောင်းများ လိုက်နာရန် စည်း ကမ်းများ၊
(ီမသာန ဃောနမေ)အတွက် စည်း ကမ်းများနှင့် မီးပုံးပျံ ပြိုင်ပွဲဝင်သူတို့အတွက် စည်းကမ်းများ
သတ်မှတ်ပေးထားလေသည်။ စည်းကမ်း မလိုက်နာသူများကိုလည်း
ဥပဒေ အရ အရေးယူမှုများကို ပွင့်လင်းမြင်သာဆောင် ရွက်ကြသည်။ လမ်းလွှဲ လမ်းပိတ်မည့် လမ်း
ကြောင်းများကိုလည်း ကြိုတင်အသိပေး ကြေညာထားသည်။ သို့သော် ဈေးဆိုင်ခန်းများ နှင့် ဈေးရောင်းသူများအတွက်
စည်းကမ်းများ၊ ဈေးရောင်းရန် ဈေးနှုန်းများကို ထုတ်ပြန်သတ် မှတ်ခြင်း၊ ကြီးကြပ်ခြင်းများကို
မတွေ့ရသေးပါ။ ထို့ကြောင့် နှစ်စဉ်ပင် ရွှေပွဲလာတို့ ငြီးငွေ့စိတ် ပျက်နေကြရသည်။ ''ပွဲတော်မှာ
ဈေးသည်တွေ က ရောင်းတာ မတန်တဆဈေးကြီးလွန်းတယ်'' ''ပုံမှန်ထက် တစ်ဆလောက်တင်ရင်တောင်
များလှပြီ၊ ခုတော့ နှစ်ဆသုံးဆတင်ထားတယ်၊ မုန့်ဟင်းခါးတစ်ပွဲ ၁၅ဝဝ၊ ကော်ဖီတစ်ခွက် ၁ဝဝဝ
တဲ့''ဟု နှစ်တိုင်းပင် စိတ်ပျက်ဖွယ်ကြား သိရပါသည်။ ကျွန်တော်တို့ မိသားစုကိုယ်တိုင်
လည်း လက်တွေ့ကြုံခဲ့ရသည်။ ဆေးလိပ်၊ ကွမ်းယာ၊ နေကြာစေ့၊ ရေသန့်ဘူးကအစ ဈေး တင်ရောင်းနေကြသည်။
ပြီးတော့ အိမ်သာကိစ္စ လုံးဝအဆင်မပြေ။ ယာဉ်ရပ်ခတွေကလည်း ထင်သလိုလုပ်ကြသည်။ လိုင်းကားခများ၊
အငှားကားခ များကလည်း ပွဲတော်ရက်ဆို လျှင် အခွင့်ကောင်းယူကာ ဧဓါးပြတိုက်နေကြ သည်။ ပွဲလာပြည်သူအများစုမှာ
ကားစီးကြရ တော့ ကျပ်ကျပ်တည်းတည်း ဒုက္ခခံလည်းစီး ရသေး၊ ကားခကလည်း အဆမတန် ဈေးကြီး ပေးရသေးသဖြင့်
ဒီမိုကရေစီခေတ်ပြောင်းကာ လမှာ ပြုပြင်သင့်ကြပေပြီ။ ဘုရားပွဲမှာ ငရဲရှာ နေကြသည်။ ''ကုသိုလ်တစ်ပဲ၊
ငရဲတစ်ပိဿာ'' ရသူတွေ များလှပေသည်။ မသမာသူများ၊ ဝိ သမလောဘသမားများကတော့ အမြတ်ထုတ်ဖို့
အကွက်ချောင်းနေကြပြီ။ တာဝန်ရှိသူတို့ သတိ ရှိစေချင်ပါသည်။
.
ဘေးကင်းလုံခြုံရေးကို
ဦးစားပေး
.
ပွဲတော်လာပရိသတ်များ
ဘေးကင်းလုံခြုံ ရေးသည် အလွန်အရေးကြီးပါသည်။ ယာဉ် အန္တရာယ်မှအစ ခါးပိုက်နှိုက်၊ သူခိုးသူဝှက်များ၊
မူးယစ်ဆေးသုံးသူများ၏ အန္တရာယ်များကို လည်း မေ့မထားသင့်ကြပါ။ ကြိုတင်ကာကွယ် မှုများ၊
သတိပေးမှုများ ရှိသင့်၏။ ကျန်းမာရေး သတိလည်းရှိကြစေချင်သည်။ ငယ်သူတို့အ တွက် အအေးဒဏ်ခံနိုင်သော်လည်း
အသက် ကြီးသူများကို တောင်ပေါ်ဆောင်းက နှိပ်စက် တတ်သည်။ လေဖြန်းခြင်း၊ လေဖြတ်ခြင်း ဖြစ်
တတ်သည်။ အအေးမိဖျားနာမည်။ လူများ ကြိတ်ကြိတ်တိုးနေကြသဖြင့် မတော်တဆလဲ ကျလျှင် လူနင်းခံရမည်။
လူချင်းကွဲသွားနိုင် သည်။ မကြာခဏ လွှတ်တင်သော မီးပုံးပျံများ ပျက်ကျတတ်သဖြင့် မရှောင်တိမ်းတတ်လျှင်
အန္တရာယ်ကြီးသည်။ ထို့ကြောင့် ပြန်ကြားရေး ဌာနများက အသိပညာပေးခြင်း အစီအစဉ်များ၊ ကူညီဖေးမအဖွဲ့များ
ရှိသင့်သည်။ ဆက်သွယ် ရေးစနစ်ကောင်းများ စီမံသင့်သည်။ ဧည့်စိမ်း များမှာ မီးပုံးပျံပျက်ကျလျှင်
မရှောင်တတ်၊ သို့ ဖြစ်၍ ရှောင်တတ်တိမ်းတတ်အောင် လှုံ့ဆော် ပညာပေးအစီအစဉ် ပြုလုပ်သင့်ပါသည်။
''အ သက်အန္တရာယ်အထိ ရှိတတ်သဖြင့် အလေး ထားသင့်ပါသည်''ပွဲတော်မှာ ဝယ်စားရသည်မှာ ဈေးကြီးလှသဖြင့်
စတုဒိသာအလှူရှင်များ၊ နိ ဗ္ဗာန်ဈေးအလှူရှင်များ ပေါ်ပေါက်စေရန်လည်း တိုက်တွန်းနှိုးဆော်ပါသည်။
ကမ္ဘာကျော်ပွဲတော် ကြီးဖြစ်သည်နှင့်အညီ ကမ္ဘာကျော်သော ဂုဏ် အင်္ဂါကောင်းများနှင့်လည်း ပြည့်စုံစေချင်လှပါ
သည်။
.
တိုင်းပြည်အတွက်
ခွန်အားများစွာ မွေးဖွားပေး သော ပွဲတော်
.
တောင်ကြီးမြို့တော်တန်ဆောင်တိုင်ပွဲတော်ကြီးသို့
နိုင်ငံတစ်ဝန်းရပ်နီးရပ်ဝေးမှ တိုင်း ရင်းသားမျိုးစုံတို့အပြင် လူမျိုးခြား၊ ဘာသာ ခြားများနှင့်
တိုင်းတစ်ပါးသားတို့ပါ လာရောက် နွှဲပျော်ကြလေသည်။ တောင်ကြီးမြို့သူ၊ မြို့သား နယ်သူနယ်သားတို့ကလည်း
လူတိုင်းကို နွေး ထွေးဖော်ရွေစွာ ကြိုဆိုကြ၊ ဧည့်ခံကြလေသည်။ ပွဲတော်လာသူအားလုံးသည်
သူစိမ်း၊ သူကျက် မရွေး အချင်းချင်းရင်းနှီးချစ်ခင်စွာ ဆက်ဆံကြ သည်။ မီးပုံးပျံကြီး
ကောင်းကင်တက်သွားလျှင် အတူပျော်ကြ၊ အတူအော်ကြသည်။ တစ်ဦးနှင့် တစ်ဦး ခွဲခြားဆက်ဆံခြင်းမရှိ၊
လူလူချင်း လေး စားကြသည်။ ကူညီဖေးမကြသလို အလှဝန်တို မငြင်ငြိုကြ၊ စောင်းမြောင်းငြူစူခြင်း
မပြုကြ၊ အာဃာတမရှိ၊ မာနမရှိကြပေ။ အပျော်ချင်းကူး စက်၊ လက်ချင်းတွဲလျက်နွှဲကြသည်။ မီးပုံးပျံ
ပြိုင်ပွဲတွင်လည်း လူမျိုးမရွေး၊ ဘာသာမရွေး ဝင်ရောက်နိုင်သည်။ နိုင်ငံသားတိုင်း ဝင်နွှဲနိုင်
ခွင့်ရကြသည်။ နိုင်ငံသားတိုင်း ခွင့်တူညီပြုံးပျော် ကြကာ မုဒိတာပွားကြရသည်။ ငြိမ်းချမ်းစွာအတူ
ယှဉ်တွဲနေထိုင်ခြင်း သုခများ၊ လူအချင်းချင်း အမုန်းမပွား၊ မေတ္တာအားများ ဖြစ်ပေါ်ကြရ
သည်။ စေတနာ၊ သဒ္ဓါ၊ ခွန်အားများ၊ စည်းလုံး ညီညွတ်ခြင်း ခွန်အားများ၊ ငြိမ်းချမ်းရေးခွန်အား
များကို မွေးဖွားပေးနေသော ဤပွဲတော်ကြီး ကမ္ဘာတည်သရွေ့ ကြီးကျယ်ခမ်းနားစွာ ကျင်းပ အောင်မြင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်း မိပါတော့သည်။
.
ကိုးကား။ ။ ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ နေ့ထုတ်၊ ကမ္ဘောဇတိုင်းဂျာနယ်တွင်
ဖော် ပြခဲ့သော ''တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲ တော်ဆိုင်ရာ ဆောင်းပါးများ''အား မှီငြမ်းကိုး
ကားပါသည်။
.
.
.
#KBZTai
#Shan