မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ (၃) လမ်းတွင် နိုဝင်ဘာလ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီခန့်က
ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသဖြင့် ကလေးငယ် ညီအစ်ကို ၂ ဦးအနက် အသက် ၁၁ နှစ်အရွယ် ညီငယ်မှာပွဲချင်းပြီးသေဆုံးပြီး
ခဲ့ပြီး အသက် ၁၂ နှစ်အရွယ် အကိုဖြစ်သူမှာ ဒဏ်ရာများရရှိခဲ့ကြောင်း
မူဆယ်ဂရုဏာ လူမှုကူညီရေးအသင်း တာဝန်ခံဦးသောင်းထွန်းထံက သိရှိရသည်။
.
.
“သူတို့အိမ်က
ပလပ်စတစ်ဘူးခွံတွေ ကောက်ရောင်းဝယ်တဲ့ မုန်းဝန်းတရုတ်လူမျိုးတွေပါ။ ပစ္စည်းတွေထဲက ပါလာတဲ့
ဘူးတစ်ခုကို ညီအကို နှစ်ဦး ထုခွဲရင်းနဲ့ ပေါက်ကွဲတာဖြစ်ပါတယ်။ သေသွားတဲ့ကလေးရဲ့ပြတ်ထွက်သွားတဲ့လက်တစ်ဖက်
ဆိုရင် ရှာမတွေ့ဘူး။ ဒဏ်ရာရတဲ့အကိုဖြစ်သူကတော့ သိပ်မစိုးရိမ်ရပေမဲ့ ခွဲခန်းဝင်နေပါတယ်”ဟု
ဦးသောင်းထွန်းက ပြောသည်။
အခင်းဖြစ်နေရာသို့
မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တပ်မတော်ဗုံးကျွမ်းကျင်သူများ
လာရောက်စစ်ဆေး ပြီးနောက် ပေါက်ကွဲသည့် ပစ္စည်းအားစစ်ဆေးရန် ယူဆောင်သွားကြောင်း၊ လမ်းဘေးမှကောက်လာသည့်
လက်လုပ်မိုင်း အမျိုးအစားမျိုးဟုယူဆရန်မှာလည်း အခြားပေါက်ကွဲရာတွင် အားဖြည့်ပါဝင်တတ်သည့်အစအနများ
တွေ့ရှိရခြင်းမရှိသည့် အတွက် မည်သည့် ပေါက်ကွဲမှုပစ္စည်းမျိုးမှန်း
မသိရသေးကြောင်း၊ ပေါက်ကွဲအားမှာပြင်းထန်သည့်အတွက် သေဆုံးသူ ကလေး မှာ ညာဘက်လက်ပြတ်၊
ညာဘက်ခြေထောက်ပြတ်၊ ခေါင်းတစ်ခြမ်းထိမှန်ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း ၊အခြား
ဒဏ်ရာရသူကလေးမှာမူ ခြေထောက်နှင့်ဗိုက်တို့တွင်ထိမှန်ခံရပြီး စိုးရိမ်ရဒဏ်ရာများမဖြစ်ဟု
ဦးသောင်းထွန်းက ပြောကြားသည်။
.
.
.
#KBZTai
#Shan