ကျိုင်းတုံ၌ သင်တန်းသား ၂ဝ၉ ဦးအား ယဉ်ကျေးမှုစာအောင်လက်မှတ်နှင့် သင်တန်းဆင်းလက်မှတ်များပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံ၌ သင်တန်းသား ၂ဝ၉ ဦးအား ယဉ်ကျေးမှုစာအောင်လက်မှတ်နှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်



မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
နိုင်ငံတော်သဃမဟာနာယကမှ ပေးအပ်သော ယဉ်ကျေးမှုစာ အောင်လက်မှတ်နှင့် အဘိဓမ္မာပြန့်ပွားရေးအသင်း (ကျိုင်းတုံ)မှ ပေးအပ်သော သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်နေ့လယ် ပိုင်းက ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)ရှိ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အခမ်းအနားသို့ သာသနာ့ဝေပုလ္လသာသနာပြုပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝိဇယနှင့် သံဃာတော်များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်သာသနာရေးဦးစီးဌာန ဒုတိယ ညွှန်မှူး ဦးသန်းအေးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် သာသနာ့ဝေပုလ္လသာသနာပြုပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇယထံမှ ငါးပါးသီလခံယူခဲ့ကြပြီး ပြည်နယ်သာသနာရေးဦးစီးဌာန ဒုတိယညွှန်မှူး ဦးသန်းအေးအောင်က အဘိဓမ္မာသင်တန်း နှင့် ပတ်သက်၍ လျှောက်ထားဖတ်ကြားကာ ငွေစာရင်းရှင်းတမ်းနှင့် ကျေးဇူးတင်လွှာကို ဖိတ်ကြားလျှောက်ခဲ့သည်။
.
ထို့နောက် တက်ရောက်လာသူများက ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်ပြီး ရေစက်ချတရားတော် နာယူကာ သာသနာဝေပုလ္လသာသနာပြု ပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင် ဆရာတော် အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝိဇယဆရာတော်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ ၂ဝ၉ ဦးအား နိုင်ငံတော်သဃမဟာနာယကမှ ပေးအပ်သော ယဉ်ကျေးမှုစာအောင်လက်မှတ်နှင့် အဘိဓမ္မာပြန့်ပွားရေးအသင်း (ကျိုင်းတုံ)မှ ပေးအပ်သော သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုများအား အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats