အောင်ပန်းမြို့တွင် တောင်သူတစ်ဦး မြွေပွေးကိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းမြို့တွင် တောင်သူတစ်ဦး မြွေပွေးကိုက်ခံရ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပင်မှီကျေးရွာအုပ်စု၊ ချေကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၁ ရက်၊ မွန်းလွဲပိုင်းက တောင်သူတစ်ဦး မြွေပွေးကောက်ခံရ သငြဖ့် အောင်ပန်းပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
.
 
.
“အကိုက်ခံရသူက မြွေကိုက်ခံရရခြင်း ရွာကျန်းမာရေးကို ပြောလို့ ချက်ချင်း ဆေးရုံရောက်လာတဲ့အတွက် အဆိပ်ဖြေဆေးနဲ့ ကုသပေးလိုက်ပါတယ်။ နောက်ဆက်တွဲ ကုသမှုပေးနိုင်ဖို့ တောင်ကြီး စဝ်စံထွန်းဆေးရုံကို တစ် ဆက်တည်း လွှဲလိုက်ပါတယ်”ဟု အဆိုပါ ဆေးရုံမှ တာဝန်ကျ ဆရာဝန် ဒေါက်တာ ဆုမွန်ကြည်က ပြောသည်။
.
အကိုက်ခံရသူမှာ ပင်မှီကျေးရွာအုပ်စု၊ ချေးကုန်းကျေးရွာမှ တောင်သူ ဦးဖိုးမောင် (၄၂ နှစ်) ဖြစ်ပြီး နိုဝင်ဘာလ ၂၁ ရက်၊ မွန်းလွဲ ၁၂ နာရီကျော်ခန့်က စားကျက်လွှတ် နွားများအား သွားစောင့်စဉ် မြွေပွေးမှ ၎င်း၏ ဝဲဘက်ခြေမကြားသို့ ကိုက်ခဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ပင်မှီကျေးရွာအုပ်စုသို့ အညာဒေသမှ နွားချေး၊ မြေဩဇာများ သယ်ဆောင်လာစဉ် ပါလာသည့် မြွေပွေး ပေါက်များမှ ပြန့်ပွားလျက်ရှိကာ ယခု အကိုက်ခံရခြင်းဖြစ်ကြောင်း၊ မြွေကိုက်ခံရပါက ဆေးမြီးတိုနှင့် မကုဘဲ ဆေးရုံ သို့ အမြန် အရောက်သွားကြရန်နှင့် လူနာကို ငြိမ်ငြိမ်ထားပြီး ခေါ်ဆောင်လာရန် လိုအပ်ကြောင်း၊ မြွေကိုက်မခံရစေ ရန် လည်ရှည်ဖိနပ် စသည့် အကာကွယ်များ ဝတ်ဆင်ကြရန်လိုကြောင်း ဒေါက်တာဆုမွန်ကျော်က ဆက်လက် ပြော ကြားခဲ့သည်။
.
ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင်လည်း မြွေပွေးကိုက်ခံရမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ယခု အောင်ပန်းတွင် ပထမဆုံး အကြိမ် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်က ဟဲဟိုးမြို့၊ အရှေ့ပဲယင်းတောင်ကျေးရွာမှ မြွေပွေးကိုက်ခံရသည့် လူနာများမှာ ယခုလူနာကဲ့သို့ပင် မြွေပွေးဖြစ်ပြီ်း ကုသရသည်မှာ ပိုမိုမြန်ဆန်ထိရောက် ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats