မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဂျောပကျေးရွာတွင်
ယခင်ရန်ညှိုးရန်စဖြင့် နေအိမ်အတွင်း ဓါးဖြင့်ခုတ် တူမီးသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.
တာချီလိတ်မြို့နယ်၊ ဂျောပကျေးရွာ၌ အားရှော (၅ဝ နှစ်)သည် အောက်တိုဘာ
၃၁ ရက် နံနက် ၉ နာရီခန့်က နေအိမ်အတွင်းရှိနေစဉ် ကေမီးမှ နေအိမ်အတွင်း ဝင်ရောက်ပြီး
ဓါးဖြင့်ခုတ်၊ တူမီးသေနတ်ဖြင့် ပစ်သဖြင့် အားရှော၏ ဦးခေါင်းငယ်ထိပ်၊ နားရွက်နှင့်
မေးစေ့တို့တွင် တူမီးသေနတ်ကျည်ဖောက်ဝင် ဒဏ်ရာ(စိုးရိမ်ရ)တို့ ရရှိသ ဖြင့် ရွာသူကြီးဖြစ်သူ
အားကာနှင့် သမက်ဖြစ်သူ မိုးဆွေတို့က တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း
သိရသည်။
''တရားခံနဲ့ ဒဏ်ရာရရှိသူတို့ တစ်ရွာတည်းသားတွေဖြစ်ပါတယ်။ ယခင်က
ရန်ညှိုးရန်စရှိလို့ မကျေနပ်ချက်နဲ့ နေအိမ်ထဲဝင်ရောက်ပြီး ဓါးနဲ့ခုတ်၊ တူမီးသေနတ်နဲ့
ပစ်ခတ်သွားခဲ့တာပါ'' ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။
.
သို့ဖြစ်၍ ဓါးဖြင့်ခုတ်၊ သေနတ်ဖြင့် ပစ်ခတ်သူ ကေမီး(၅၅ နှစ်)၊ ဂျောပကျေးရွာ၊
တာချီလိတ်မြို့နေသူအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
.
.
#KBZTai #Shan