သက်မောင် (ကလော)
.
.
ကျွန်တော် တောင်တန်းတွေကို ချစ်တယ်။ ချယ်ရီနဲ့ စိန်ပန်းပြာကို မြတ်နိုးတယ်။
ရိုးရာပွဲ တွေကို နှစ်သက်တယ်။ ဒါတွေထဲကမှ တောင် ချွန်းကို အချစ်ဆုံး၊ တောင်ကြီးမှာ
ပွင့်တဲ့ ချယ် ရီနဲ့ စိန်ပန်းပြာကို အမြတ်နိုးဆုံး၊ တောင်ကြီး တန်ဆောင်တိုင်နဲ့ မီးပုံးပျံပွဲတော်ကို
အနှစ်သက် ဆုံးလို့ ဆိုလိုက်ရင် လွန်မယ် မထင်ပါဘူး။ဘာ လို့လဲဆိုတော့ ကျွန်တော်က တောင်ကြီးသား
ဖြစ်နေလို့ပါပဲ။
ကျွန်တော်တို့ ငယ်စဉ်က မြို့လယ်ဓမ္မာရုံ မှာ ခရီးသွားတွေ နားနေ၊
တည်းခိုကြတာကို တွေ့ခဲ့ဖူးပါတယ်။ တစ်ခါက အဲဒီ တည်းခိုတဲ့ သူတွေထဲမှာ မျောက်ကလေးကို
လူစည်ကား တဲ့နေရာမှာ အကခိုင်း၊ ဂျွမ်းထိုးခိုင်းပြီး ပြစား တဲ့ လူတစ်ယောက်လည်း ပါ ပါတယ်။
ကျွန် တော်တို့ ကလေးတစ်စုဟာ မျောက်ကို သွား ကြည့်ချင်ကြပေမယ့် လူကြီးတွေက ခွင့်မပြုလို့
မသွားရပါဘူး။ မျောက်ကုတ်ရင် နူတတ်တယ် လို့ ခြောက်ထားပါသေးတယ်။ ဒါပေမယ့် သိ တယ် မဟုတ်လား၊
ကလေးဆိုတာ မလုပ်နဲ့ဆို တာကိုမှ လူကြီးလစ်ရင် ရအောင် လုပ်တတ် ကြတယ်လေ။ ကျွန်တော်တို့လည်း
အမေတွေ မီးဖိုဆောင် ဝင်တုန်း ခြံစည်းရိုးပေါက်ကို ဖြဲပြီး ခိုးထွက်ကြတာပေါ့။ အဝင်ပေါက်ကြီးက
ထွက် ရင် ကင်းသမားနဲ့ တွေ့ပြီး ပြန်တိုင်တာ ခံရမှာ စိုးလို့လေ။ ကျွန်တော် ဘယ်ဘက် နားရွက်ရဲ့
နောက်နားမှာ ဆူးနဲ့ ခြစ်မိလို့ သွေးထွက်နေပေ မယ့် မျောက်ကြည့်ချင်ဇောနဲ့ လက်နဲ့ အသာဖိ
ပြီး လမ်းမကို ဖြတ်ကူးကြပါတယ်။ မကြာပါဘူး မေမေတို့ လာပြီး ဆွဲခေါ်တာ ခံရပါတယ်။ အိမ်
ရောက်တော့ ကျောပြင် ဗျောထင်ပြီး အထုခံရ တဲ့သူ ခံရပေါ့။ ကျွန်တော့် နားရွက်မှာ သွေး
ထွက်နေတာ တွေ့လို့ မျောက်ကုတ်လိုက်တာပဲ မနူအောင် ရွှေချရတယ်ဆိုပြီး ဂတ်စာရေးက တော်က
ရွှေဆိုင်း ပြေးဝယ်ပေးတယ်။ ဆူးခြစ် မိတာပါလို့ မနည်းပြောရတယ်။ ကံကောင်းလို့ အရှင်လတ်လတ်
ရွှေချခံရတော့မလို့လေ။ ဒီ စာစုလေးမှာ အဓိက ရေးချင်တာက ဒါတွေမ ဟုတ်လို့ ဒီလောက်နဲ့ပဲ
နားပြီး တောင်ကြီးဂတ် တဲ ဝန်းထဲက စခဲ့တယ်လို့ ပြောလို့ရတဲ့ တောင် ကြီးတန်ဆောင်အကြောင်းကို
ပြောပါရစေ။
.
မြို့ဝင် မီးထွန်းပွဲတော်
.
ကျွန်တော်တို့ နိုင်ငံတော်ကြီးမှာ နယ်ချဲ့ဗြိ တိသျှကို တွန်းလှန်တဲ့
စစ်ပွဲနဲ့ ဖက်ဆစ်ဂျပန် ကို တော်လှန်တဲ့ စစ်ပွဲတွေကြောင့် စစ်မြေပြင် ဖြစ်ခဲ့ရတာ အားလုံးသိကြပါတယ်။
ဂျပန်ကို တော်လှန်တဲ့စစ်ပွဲကြောင့် ကျွန်တော်တို့ တောင် ကြီးမြို့ဟာလည်း စစ်တလင်း ဖြစ်ခဲ့ရပါတယ်။
မြို့သူ မြို့သားတွေဟာ စစ်ဘေးရှောင်ဖို့ မြို့ကို
စွန့်ခွာပြီး ဘေးလွတ်ရာကို ပြေးလွှားပုန်းကြရပါ တယ်။ ဖက်ဆစ်တွေ ဆုတ်ခွာသွားပြီး
၁၉၄၅ ခုနှစ်၊ သြဂုတ်လလောက်မှာ ရှောင်တိမ်းနေတဲ့ မြို့သူ မြို့သားတွေဟာ တစ်ဖွဲဖွဲ ပြန်လာကြပါ
တယ်။ ပျက်ပြားနေတဲ့ အုပ်ချုပ်ရေးစနစ်ကို ထိန်းသိမ်းဖို့ မြို့အုပ်ချုပ်ရေးအဖွဲ့ကို
ဖွဲ့စည်းခဲ့ တယ်လို့ သိရှိရပါတယ်။ ထိတ်လန့်တုန်လှုပ်နေ ကြတဲ့ မြို့သူမြို့သားတွေ စိတ်အေးချမ်းသာစွာ
ပျော်ရွှင်စွာ ဆင်နွှဲနိုင်ဖို့ မြို့ဝင်ပွဲ ကျင်းပဖို့ စီစဉ် ကြတယ်လို့လည်း လေ့လာ သိရှိရပါတယ်။အစ
ကတော့ သီတင်းကျွတ်မီးထွန်းပွဲနဲ့အတူ မြို့ဝင် ပွဲကို ကျင်းပဖို့ စဉ်းစားကြပါတယ်။ ဒါပေမယ့်
ရှမ်းပြည်နယ်မှာက မိုးလေမလွတ်ကင်းသေးတဲ့ အချိန် ဖြစ်နေလေတော့၊ စီစဉ်ချိန်လည်း ပိုရပြီး
မိုးလေလွတ်စွာ ဆင်နွှဲနိုင်မယ့် တန်ဆောင် မုန်းလပြည့်နေ့မှ ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါ
တယ်။ နေရာကိုတော့ သီတင်းကျွတ်မီးထွန်းပွဲ နှင့် ဘုံကထိန်ပွဲ ကျင်းပနေကြဖြစ်တဲ့ မြို့လယ်
ဓမ္မာရုံကို ရွေးချယ်ကြပါတယ်။ မြို့လုံးကျွတ် ပါ ဝင်ဆင်နွှဲမယ့် ပွဲဖြစ်နေလေတော့ ပွဲခင်းကို
မြို့ လယ်ဓမ္မာရုံရှေ့ မင်းလမ်းကြီးပေါ်မှာ သာမက နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့ ရဲဌာနဝန်းကို
ပါ အသုံးပြုဖို့ စီစဉ်ကြပါတယ်။
အထက်မှာ ပြောခဲ့သလို၊ နေအိမ်လိုင်းခန်း တွေက ခြံစည်းရိုးနဲ့ ကပ်ပြီး
ဆောက်ထားတဲ့ အပြင် ရုံးခန်းနဲ့ အချုပ်ခန်းကလည်း ဝင်းကြီးရဲ့ အနောက်ဘက်ခြံစည်းရိုးနားမှာ
ဆောက်ထား တာ ဖြစ်လို့ အလယ်မှာ မြေကွက်လပ်ကြီးက တော်တော်ကျယ်ပါတယ်။ ရုံးအဆောက်အဦရဲ့
မြောက်ဘက်နားမှာ ရဲရိပ်သာ ရှိပါတယ်။ ရှေ့ မှာတော့ ကွန်ကရစ်ခင်းထားတဲ့ တင်းနစ်ကွင်း
၂ ကွင်း ရှိပါတယ်။ ဒါတွေကို ကြည့်ခြင်းအား ဖြင့် အဲဒီအချိန်က ရဲတပ်ဖွဲ့ဝင်တွေရဲ့ အဆင့်အ
တန်းကို ခန့်မှန်းလို့ ရပါတယ်။ အခုတော့ အဲဒီ တင်းနစ်ကွင်းတွေနဲ့ ကွင်းကျယ်ကြီးမှာ ကားရုံ
တွေနဲ့ အဆောက်အဦတွေ ဆောက်ထားပါပြီ။
.
မြို့လယ်ဓမ္မာရုံနဲ့ ဂတ်တဲပွဲ
.
၁၉၄၅ ခုနှစ် တန်ဆောင်တိုင် မီးထွန်းပွဲ တစ်နည်းအားဖြင့် မြို့တော်ဝင်ပွဲ
ကျင်းပတဲ့အခါ မှာ ဓမ္မာရုံနဲ့ ရဲဌာနဝင်းအပြင် မင်းလမ်းမကြီး တစ်လျှောက်မှာ တိုင်တွေစိုက်၊
ကြိုးတွေတန်း ပြီး မီးပုံးတွေ၊ ဆီမီးခွက်တွေ ချိတ်ဆွဲပြီး ထွန်း ညှိကြပါတယ်။ အဲဒီအချိန်က
စစ်ပြီးစ ပြန်လည် ထူထောင်ဖို့ အားယူနေတဲ့အချိန်ဖြစ်လို့ လျှပ် စစ်မီး ကောင်းကောင်း
မရသေးပါဘူး။ ဦးတန် ဖဲယား ဆိုတဲ့သူ ပိုင်တဲ့ မီးစက်ရုံကလေးကပဲ မီးပေးနိုင်ပါသေးတယ်။
မီးရောင် ခပ်မှိန်မှိန်ပေါ့။
ပွဲရယ်လို့ ဖြစ်လာရင် ပွဲဈေးတန်းဆိုတာက လည်း တွဲပြီး ပါလာစမြဲဖြစ်လို့
ဓမ္မာရုံရှေ့ လမ်း မကြီးပေါ်နဲ့ ရဲဌာနဝင်းထဲမှာ ဈေးတန်းတွေ ခင်း ကြပါတယ်။ ဒေသ စားအစာတွေ
ဖြစ်တဲ့ တိုဟူးကြော်၊ တိုဟူးသုပ်၊ ခေါပုတ်၊ ကောက် ညှင်းကျည်တောက်၊ ငါးထမင်းနယ်၊ ဝက်သား
ချဉ်၊ အမဲသားချဉ်၊ ဟင်းထုပ်၊ အင်းလေးမုန့် တီ၊ ကင်းပေါင်းကြော်၊ ပအိုဝ်းလို တဆီးလောင်
လို့ ခေါ်ကြတဲ့ ဝက်သားထုပ်ကင်တွေ အပြင် လိမ္မော် သီးသည်တွေ၊ ကလေးကစားစရာ အ ရုပ်သည်တွေ
ပါတယ်လို့ သိရပါတယ်။ ရဲစခန်း ဝင်းထဲနဲ့ ဓမ္မာရုံရှေ့မှာ လင်းထိန်နေအောင် မီး ရှော်လို့
ခေါ်တဲ့ မီးရှူးတိုင်အမြင့်ကြီးတွေ စိုက် ထူပေးထားပါတယ်။ မီးရှူးတိုင်ကြီးတွေကို ဝါး
ပိုးဝါး ရင့်ရင့်ကို ၆ စိတ်၊ ၈ စိတ် စသည်ဖြင့် စိတ်ပြီး ထင်းရှူးဆီချောင်းတွေ အခြားထင်း
တွေကို ကောက်ရိုးတွေနဲ့ ရောပြီး စိုက်ထားတဲ့ ဝါးပိုးခြမ်းတွေကြားမှာ ညှပ်ပြီး နှီးနဲ့
ကျစ်နေ အောင် တုပ်နှောင်ပြီး လုပ်ထားတာပါ။ ဝါးခြမ်း စိတ်တွေကို ဝါးလုံးက ပြုတ်ထွက်အောင်
မ စိတ်ဘဲ အောက်ခြေမှာ ၃/၄ ပေလောက် ချန် ထားပါတယ်။ ညနေချိန် နေဝင်စက စပြီး မီး ညှိလိုက်တာ
သန်းခေါင်ကျော်တဲ့အထိ အလင်း ပေးနိုင်တယ်လို့ သိရပါတယ်။
ရဲစခန်း အလယ်နားမှာ ရှိတဲ့ စိန်ပန်းနီပင် နားမှာ ဝင်္ကပါပွဲ လုပ်ပေးထားပါတယ်။
စီစဉ်တဲ့ သူကတော့ ရာဇဝတ်ဝန်ထောက် ဦးရွှေအုန်း မောင်လို့ သိရပါတယ်။ မြို့တော်ဝင်ပွဲဟာ
နောင် နှစ်တွေမှာလည်း တန်ဆောင်တိုင်မီးထွန်းပွဲ အ ဖြစ် ဆက်ပြီး ရှိနေတယ်လို့လည်း လေ့လာသိ
ရှိရပါတယ်။ ဒီပွဲကို ဂတ်တဲဝင်းထဲမှာ ကျင်းပ တာဖြစ်လို့ ဒေသခံတွေက ဂတ်တဲပွဲလို့ ခေါ်ကြ
ပါတယ်။ တချို့ကလည်း မြို့လယ်ဓမ္မာရုံကို အ စွဲပြုပြီး ဓမ္မာရုံပွဲလို့ ခေါ်ကြပါသေးတယ်။
ဂတ် တဲဆိုတာကတော့ မွေးစားထားတဲ့ ကပြား စကားလုံးပါ၊ ရဲဌာန(ရဲစခန်း)ကို အင်္ဂလိပ်လို ဏသူငခန
ှအအေငသည လို့ခေါ်ပြီး ကင်းစောင့်ရုံး ပါ တဲ့ ရုံးခန်းနဲ့ အချုပ်ခန်းကွိုကမေိံသကျန
လို့ ခေါ်ပါတယ်။ွကမေိံသကျန ကွကမေိ ကို တိုက်ရိုက်ယူပြီးံသကျန ကို တဲရယ်လို့ ဘာ သာပြန်လိုက်တော့
ဂတ်တဲဆိုပြီး ဖြစ်လာတာ ပါ။ ဒါပေမယ့် ရှမ်းဘာသာ စကားအရတော့ ဟုန်း(န) ဂတ်လို့ ခေါ်ပါတယ်။
ဟုန်း(န)ဆိုတာ က အိမ်၊ ဂတ်ကတေွာ့ကမေိ ပဲဆိုတော့ အ စောင့်အိမ်ပေါ့။
အထက်မှာ ပြောဖို့ တစ်ခုကျန်သွားပါတယ်။ မင်းလမ်းတစ်လျှောက် မီးထွန်းကြတယ်လို့ပဲ
ပြောခဲ့မိပါတယ်။ တိုင်တွေစိုက်၊ ကြိုးတွေတန်း ပြီး မီးပုံးလေးတွေ ချိတ်ဆွဲထားတာဟာ အခု
မြို့မဈေးနားကနေပြီး ဗိုလ်ချုပ် ပန်းခြံနားထိ ရောက်တယ်လို့ လေ့လာသိရှိရပါတယ်။ ကျွန်
တော် ရေးသားသုံးစွဲနေတဲ့ မင်းလမ်းဆိုတာဟာ လည်း ငြေညျွသေိ ဆိုတာကို တိုက်ရိုက် အ သံဖလှယ်ထားတာ
ဖြစ်ပါတယ်။ ငြေညျွသေိ ကနေ လမ်းမတော်လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး လက်ရှိမှာတော့ ဗိုလ်ချုပ်အောင်ဆန်းလမ်းလို့
သတ်မှတ်ထားပါတယ်။
မီးထွန်းပွဲ ကျင်းပတဲ့အခါ ဘုရားအလောင်း တော် စွန့်ပယ်လိုက်တဲ့ ဆံတော်ကို
ဌာပနာပြီး သိကြားမင်း တည်ထားတဲ့ စူဠာမဏိစေတီတော် ကို မီးပူဇော်တဲ့ဓလေ့ဟာ ရှေးယခင်ကတည်းက
ရှမ်းပြည်နယ်မှာ ရှိပြီးသား ဖြစ်ပါတယ်။ မြို့ တော်ဝင် မီးထွန်းပွဲမှာလည်း မီးပုံးတွေလွှတ်ပြီး
ပူဇော်ကြပါတယ်။ အခုလို အမျိုးအစား မစုံ သေးပါဘူး။ နေ့လွှတ်မီးပုံးပျံ၊ ညအမြင့်တက် မီးပုံးပျံနဲ့
မီးရှူး မီးပန်းတွေ ထည့်ထားတဲ့ မီးပုံး ပျံတို့ လောက်ပါပဲ။ စိန်နားပန်တို့ ညမီးကျည်တို့
ဆိုတာက နောက်မှ တိုးချဲ့လာတာပါ။
.
စိန်နားပန်နဲ့ ညမီးကျည်
.
စိန်နားပန်ဆိုတာ မီးပုံးပျံရဲ့ ကိုယ်ထည်ပတ် လည်မှာ ချိတ်တွေလုပ်ထားပြီး
ရောင်စုံမီးပုံး လေးတွေ ချိတ်ဆွဲလွှတ်တင်တဲ့ မီးပုံးပျံကို ခေါ် တာပါ။ ကြည့်ကြသူတွေ မျက်စိထဲမှာ
အမျိုးသ မီးတွေနားမှာ ဆင်မြန်းတဲ့ စိန်နားပန် (နားကပ်၊ နားတောင်း)လို အရောင် တဖြတ်ဖြတ်
တောက် နေတာကို အစွဲပြုခေါ်တာ ဖြစ်ပါတယ်။ ညမီး ကျည်ကိုတော့ ညမီးကြီးရယ်လို့ ခေါ်နေကြပါ
တယ်။ အဲလိုခေါ်တာ မှားနေပါတယ်။ စစ်ပွဲကာ လတွေတုန်းက ကိုယ့်စစ်သည်တွေဆီကို ရိက္ခာ တွေ၊
ခဲယမ်းတွေ လေယာဉ်ပျံပေါ်က ချပေးတဲ့ အခါ အောက်က စစ်သည်တွေ အလွယ်တကူ တွေ့နိုင်အောင် လေထီးမှာ
မီးကျည်ချိတ်ဆွဲပြီး ချပေးရပါတယ်။ အဲဒီလေထီးတွေလိုပဲ မီးပုံးပျံ မှာ ချိတ်ဆွဲထားတဲ့
မီးရှူး၊ မီးပန်းတွေ ပွင့်ပြီး ဖြာကျလာတဲ့အတွက် ညမီးကျည်လို့ သမုဒ်တာ ဖြစ်ပါတယ်။
.
မီးပုံးပျံလွှတ်ကွင်းများ
.
မြို့တော်ဝင်ပွဲများ ရပ်ကွက်အလိုက် မီးပုံး ပျံတွေ အပြိုင်အဆိုင်
လွှတ်တင်ကြပါတယ်။ နောက်နှစ်တွေမှာ ကျင်းပတဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတွေမှာလည်း စုပေါင်းပြီး
မီးပုံးပျံတွေ လွှတ်တင်နိုင်အောင် ကွင်းတစ်ခု လိုအပ်လာပါ တော့တယ်. ကျွန်တော်လေ့လာ တွေ့ရှိတာက
တော့ မြို့မဈေးကြီးရဲ့ အရှေ့ဘက် အခု ဃငအပှဆကမေန အဆောက်အအုံ ဆောက်ထားတဲ့နေရာ လို့
သိရပါတယ်။ အဲဒီနေရာမှာ အရင်က ရေ ကန်တစ်ကန် ရှိခဲ့ပြီး နောက်ပိုင်း မြေဖို့လိုက်ပြီး
ပန်းခြံလုပ်လိုက်တယ်လို့ ဆိုပါတယ်။ ပန်းခြံက နေ ညဈေးတန်း ဖြစ်ပြီး အခုတော့ ဥခနညှေကစနမ
နြေမုနအ ရှိတဲ့ ဃငအပှဆကမေန ဖြစ်နေပါ ပြီ။ ဒီနေရာဟာ ပထမဆုံး မီးပုံးပျံလွှတ်ကွင်းနေ
ရာ ဖြစ်ခဲ့ဖူးပါတယ်။ မီးပုံးပျံပွဲဟာ တစ်ဖြည်း ဖြည်းနဲ့ နာမည်ကျော်လာပြီး မြို့သူမြို့သားတွေ
သာမက ပတ်ဝန်းကျင်မြို့တွေကပါ လာပြီး ပြိုင် ကြသလို ပြည်တွင်း ပြည်ပက ဧည့်သည်တွေ လည်း
ရောက်လာကြပါတယ်။ တိုးပွားလာတဲ့ မီးပုံးပျံ အရေအတွက်၊ ရောက်လာတဲ့ ပရိသတ် ပမာဏနဲ့ လိုက်လျောညီထွေဖြစ်မယ့်
ကွင်း ကျယ်ကျယ် လိုအပ်လာပါတော့တယ်။ ဒုတိယ အကြိမ် ရွှေ့လိုက်တဲ့ မီးပုံးပျံလွှတ်ကွင်းကတော့
အခုပြည်နယ်အားကစားကွင်းနေရာလို့ သိရပါ တယ်။ အဲဒီနောက်မှာတော့ အမှတ်(၂၁၂)ဆက်သွယ်ရေးတပ်ရင်းနားက
ကွင်းကို ပြောင်း ခဲ့ပြီး နှစ်အတော်ကြာအောင် ကျင်းပခဲ့ပါတယ်။ နောက်ဆုံး ရွှေ့ခဲ့တာကတော့
အဝေရာမီးပုံးပျံ ကွင်းဆိုပြီး လက်ရှိ အသုံးပြုနေပါတယ်။
.
စုပေါင်းဘုံကထိန်နဲ့ မီးကြာစံ
.
တောင်ကြီး မြို့လုံးကျွတ် စုပေါင်းဘုံကထိန် ဆိုတာကလည်း မီးပုံးပျံပွဲလိုပဲ
ကမ္ဘာကျော်တဲ့ ရိုးရာပွဲ တစ်ခုပါပဲ။ ဘယ်လို ထူးခြားတယ်၊ ဘယ်လိုစည်ကားတယ် ဆိုတာကတော့
ရောက် ဖူးသူတွေ သိကြပါတယ်။ မရောက်ဖူးသေးရင် လည်း ပုံနှိပ်မီဒီယာတွေ၊ ရုပ်သံတွေအပြင်
ခု ခေတ်မှာ လူမှုကွန်ရက်တွေကတဆင့် သိနိုင် နေပြီဖြစ်လို့ အကျယ်ချဲ့ပြီး မရေးတော့ပါဘူး။
လွန်ခဲ့တဲ့ တစ်ခေတ်တစ်ချိန်က အကြောင်းကိုပဲ တစ်စွန်းတစ ပြောပြပါမယ်။
နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ ရက် နေ့ဆိုရင် မြို့လုံးကျွတ်ကထိန်
စံပါတယ်။ စံ တယ်ဆိုတာကတော့ ဒေသအခေါ်အဝေါ်ပါ၊ လှည့်လည်တာကို ဆိုလိုတာပါ။ ရပ်ကွက်အ လိုက်၊
ဌာနဆိုင်ရာတွေ၊ အသင်းအဖွဲ့တွေ၊ ကျောင်းတွေ အလိုက် ပဒေသာပင်တွေကို ထမ်းပြီး အတီးအမှုတ်၊
အကအခုန်တွေနဲ့ လှည့်ကြပါတယ်။ လွန်ခဲ့တဲ့ ကာလတုန်းက နေ့ခင်းပိုင်း ကထိန်စံပြီး ညပိုင်းရောက်တဲ့အခါ
ပဒေသာပင်တွေကို မြို့လယ်ဓမ္မာရုံမှာ စီတန်း ချထားပါတယ်။ ဓမ္မာရုံထဲမှာ မဆံ့တဲ့ ပဒေသာ
ပင်တွေကိုတော့ ဓမ္မာရုံရှေ့ လမ်းဘေးပလက် ဖောင်းဘေးမှာ စီတန်းထားတာ ဖြစ်ပေမယ့် ပဒေသာပင်မှာ
သီထားတဲ့ ခဲတံ တစ်ချောင်း၊ ဆပ်ပြာ တစ်ခဲက အစ ငွေတစ်ကျပ်၊ တစ်ပြား မှ ပျောက်ဆုံးတာ မရှိခဲ့ဘူးလို့
သိမီသူတွေက ပြောပြပါတယ်။ ဒါဟာ တိုင်းရင်းသားတွေရဲ့ သီလ လုံခြုံမှုနဲ့ ရိုးဂုဏ်ကို ဖော်ပြနေတာဖြစ်လို့
ရှမ်းပြည်နယ်သား (တောင်ကြီးသူ/သား)တွေ အတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။ လပြည့်နေ့ ရောက်တဲ့
အခါမှာတော့ ကထိန်တရားနာ ရေ စက်ချပြီးတာနဲ့ ပဒေသာပင် မဲပေါက်တဲ့ ဘုန်း တော်ကြီးကျောင်းကို
အတီးအမှုတ်၊ အကအ ခုန်တွေနဲ့ ပို့ကြတာဟာလည်း ပွဲတစ်ပွဲပါပဲ။
မီးကြာဆိုတာကတော့ ကြာပန်းပုံလုပ်ထား တဲ့ မီးပုံးလေးတွေကို ခေါ်တာ
ဖြစ်ပါတယ်။ ဒီ နေ့ခေတ်လို ဘက်ထရီမီးတွေ၊ လျှပ်စစ်မီးတွေ မပေါများခင်က မီးကြာခွက်ကလေးတွေထဲမှာ
ဖယောင်းတိုင် ထွန်းပြီး ကထိန်လှည့်သလိုပဲ ညဦးပိုင်းမှာ လှည့်ကြတာပဲ ဖြစ်ပါတယ်။ မီး
ကြာခွက်တွေကိုတော့ အမျိုးသမီးတွေနဲ့ က လေးငယ်တွေက ကိုင်ကြပါတယ်။ အမျိုးသား တွေကတော့
မီးရှူးတိုင်တွေ၊ အောက်လင်း ဓါတ်မီးတွေ ထမ်းပိုးပြီး လိုက်ကြပါတယ်။ ဒီလို မီးကြာခွက်ကလေးတွေ
လက်ဖဝါးပေါ် တင်ပြီး စီတန်းလှည့်လည်တာကို မီးကြာစံတယ်လို့ ခေါ်တာပါ။ အခုချိန်ထိ တချို့လူတွေ
ခေါ်သလို မီးကြာစံ လှည့်တာ မဟုတ်ပါဘူး၊ အထက်မှာ ပြောခဲ့သလို စံတယ်ဆိုတာ လှည့်လည်တာ ဖြစ်လို့
မီးကြာစံတယ်ဆိုရင်ပဲ ပြည့်စုံပါပြီ။
မီးကြာစံတာနဲ့အတူ မီးပဒေသာ လှည့်တာ လည်း နောက်ပိုင်းမှာ ပါလာပါတယ်။
ပြည် တော်သာခေတ်က ရန်ကုန်မြို့မှာရှိတဲ့ ကုမ္ပဏီ တွေက တန်ဆောင်တိုင် မီးထွန်းပွဲမှာ
ကား ပေါ်မှာ မီးစက်တွေ တင်ပြီး ရောင်စုံမီးတွေ ထွန်းလို့ အလှပြထွက်ကြပြီး သူတို့ပစ္စည်းကို
ကြော်ငြာကြပါတယ်။ အကတွေ၊ အဆိုတွေ လည်းပါတော့ လူတွေကို ဆွဲဆောင်နိုင်တာပေါ့၊ အထူးသဖြင့်ကတော့
လန်ဒန်ဂိုးလ်ဖလိပ် (ခ) ကြောင်နက် ကပ္ပီတန် စီးကရက်ဆိုတဲ့ ဆေး လိပ်ကြော်ငြာကားတွေလို့
သိရပါတယ်။ ရန် ကုန်ကို အတုယူပြီး တောင်ကြီးမှာ ရှိတဲ့ ဆေး လိပ်ခုံတွေကလည်း ကားတွေကို
မီးပဒေသာ ဆင်ပြီး ဆေးလိပ်သမတွေရဲ့ ယိမ်းအကနဲ့ လှည့်လည်ကြပါတယ်။ အဲဒီအချိန်ကစပြီး မီးပ
ဒေသာ လှည့်တာ စတယ်လို့ ဆိုရပါလိမ့်မယ်။
.
မီးပုံးပျံနဲ့ သံချပ်
.
ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ အိုးစည် ဒိုးပတ်ဝိုင်းတွေ ပါလာပြီ
ဆိုရင် သံချပ်တိုင်တာ လည်း ပူးတွဲပါလာပါတယ်။ တောင်ကြီးမီးပုံးပျံ ပွဲမှာ ရပ်ကွက်အလိုက်
မီးပုံးပျံလွှတ်တဲ့အခါ ရိုး ရာအိုးစည်ဝိုင်းလည်း ပါ ပါတယ်။ မီးပုံးပျံကို မီးလို့ပဲ
ခေါ်ပြီး ရပ်ကွက်နာမည် တပ်တဲ့အခါ တောင်ပိုင်မီး၊ ဟော်ကုန်းမီး၊ ကန်ရှေ့မီးရယ်လို့ ဖြစ်လာပါတယ်။
''တောင်ပိုင်းမီးဟေ့ တောင် ပိုင်းမီး၊ တောင်ပိုင်းမီးကို မီချင်ရင် ဆယ်နှစ် ဆယ်မိုး
ကြိုးစားပါဦး'' ဆိုတာမျိုးတွေ ''ဟော် ကုန်းမီးဟေ့ ဟော်ကုန်းမီး၊ အပျိုတွေကြိုက်တဲ့
ဟော်ကုန်းမီး'' ဆိုတာမျိုးတွေ သံချပ်တိုက်ကြ ပါတယ်။
အခု ကြားနေရတဲ့ ရှမ်းအဆိုတော်၊ ပအိုဝ်း အဆိုတော်၊ ဓနုအဆိုတော်တွေရဲ့
သီချင်းတ ချို့မှာ ပါသလို ''ပင်စိမ်းသီး ပိုးထိုး၊ တောင် ကြီးသူမ ရအောင်ပိုး'' ''ပင်းတယသူမ
ဝတုတ် တုတ်၊ ယောက်ျားရတော့ မုန်လာထုပ်'' ဆို တာတွေဟာလည်း အရင်ကတည်းက ရှိပါ တယ်။
ရှေ့ကဆိုသွားတဲ့ အကြောင်းရဲ့ နောက်ဆုံး စာလုံးကို ရှေ့မှာတင်ပြီး
ဆိုတဲ့ သံချပ်တွေ လည်း ရှိပါသေးတယ်။ အဲဒါကတော့
တောင်ချွန်းပေါ်က ရုတ်
ဆင်ပြောင်တစ်စီး ရုတ်
အမြီးခွေလိတ် ရုတ်
လုံးသည့်လောက်စာ၊
စာသည်စာပုတီး
တီးသည့်ဘင်ဂျို၊
ကြိုသည်ဆန်ပြုတ်
ပြုတ်သည်အာလူး၊
လူးသည်ကျွဲအို
အိုသည်ဖိနပ်၊ နပ်သည်ထမင်း
မင်းသည်ဘုရင်၊
ယဉ်သည်အပျို
ပြိုသည်ကမ်းပါး၊
ပါးသည်စက္ကူ
ကူသည်ဂူဝ၊ ဝသည်ကလေး
လေးသည်ကျောက်ဖျာ၊
ဖျာသည်ဖျာချော
ချောသည်မိန်းမ၊
ငါနဲ့ရ ဟေ့ ဟေ့ ဟေ့ လို့ ဆိုကြပါတယ်။
တောင်ချွန်းပေါ်က ဆင်ပြောင်တစ်စီးဆို တဲ့ အစအပိုဒ်အစား မူကွဲတစ်မျိုး
ရှိပါသေး တယ်။ ''လက်ပံပင် စွန်ပြောင်နား၊ နားတဲ့ စွန် ပြောင်၊ နှုတ်သီးကောက်၊ ကောက်သည်တံစဉ်၊
စင်သည်ကောက်ညှင်း၊ ညှင်းသည်အမဲ၊ မည်း သည်မီးသွေး၊ သွေးသည်နံ့သာ၊ သာသည်လ မင်း၊ မင်းသည်ဘုရင်''
ဆိုတာ ဖြစ်ပါတယ်။
သိပ်မကြာခင်မှာ ကထိန်စံတာတွေ မီးကြာ စံတာတွေ တွေ့ရပါတော့မယ်။ တောင်ကြီးမြို့ရဲ့
ကောင်းကင်ယံမှာ နေ့အချိန်ဆို နေ့လွှတ်အရုပ် မီးပုံးပျံတွေ ပျံဝဲနေတာလည်း တွေ့ရပါတော့
မယ်။ ညအချိန်မှာတော့ ညမီးကျည်၊ စိန်နားပန် စတဲ့ မီးပုံးပျံတွေဟာ လမင်းကြီးနဲ့ ကြယ်က
လေးတွေကို ပြိုင်ပြီး ထိုးတက်ပါတော့မယ်။ တောင်ကြီးတန်ဆောင်တိုင်ရဲ့ အကြောင်းကို ကျွန်တော်
လေ့လာ သိရှိထားတာလေးတွေကို မျှဝေရင်း ၂ဝ၁၈ ခုနှစ် တောင်ကြီးတန်ဆောင် တိုင်နဲ့ မီးပုံးပျံပွဲကို
အရောက်လှမ်းခဲ့ကြပါလို့ စာချစ်သူ မိတ်ဆွေတွေကို ဖိတ်ကြားလိုက်ပါ တယ်ခင်ဗျာ။ ။
.
.
.
#KBZTai #Shan