တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံ၌ ဖျော်ဖြေပွဲ ကျင်းပခွင့်မပြုခြင်းနှင့် ပတ်သက်၍ စည်ပင်သည် ရှမ်းအစိုးရ အထက်တွင် ရှိနေဟု ဝေဖန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံ၌ ဖျော်ဖြေပွဲ ကျင်းပခွင့်မပြုခြင်းနှင့် ပတ်သက်၍ စည်ပင်သည် ရှမ်းအစိုးရ အထက်တွင် ရှိနေဟု ဝေဖန်



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း ဒီဇင်ဘာလ ၁၀ ရက်၊ နေ့လယ် ၁ နာရီမှ ည ၈ နာရီခွဲအထိ Human Right Educator Network မှ ဖျော်ဖြေပွဲအခမ်းအနား ကျင်းပခွင့်တောင်းခံမှုကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုပေးခြင်းမရှိသည့်အတွက် စည်ပင်ဌာနသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အထက်တွင် ရှိနေသည်ဟု ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။
.
.
“ဒီဇင်ဘာ ၁၀ ရက်နေ့မှာ Internal Human Right Day ကို လုပ်မှာပါ။ နိုဝင်ဘာ ၁၆ ရက်နေ့က ဝန်ကြီးချုပ်ကို လိပ်မူပြီးတော့ ကျန်တဲ့ဝန်ကြီးတွေ၊ မြို့နယ်စည်ပင်တွေကို စာပို့ခဲ့ပါတယ်။ အဲဒီလိုပို့ပြီးတော့ ၂၆ ရက်နေ့မှာ ကျွန်မတို့ကို လုံးဝခွင့်မပြုနိုင်ဘူးဆိုပြီး စာပြန်လာတယ်။ အဲဒီပြန်တဲ့စာက မြို့နယ်စည်ပင်ကနေ လာတဲ့စာ ဖြစ်နေတယ်။ အဲဒီတော့ ကျွန်မပြောချင်တာက စာတင်ထားတာက ဝန်ကြီးချုပ်ကိုတင်ထားတာ။ ပြည်နယ် စည်ပင်ကတောင် ဘာမှစာမထွက်သေးဘူး။ မြို့နယ်စည်ပင်က ခွင့်မပြုရင် ဝန်ကြီးတွေက ဘာမှမတတ်နိုင်ဘူး ဆိုတော့ ဝန်ကြီးတွေရဲ့ အထက်မှာ စည်ပင်ကရှိနေသလားပေါ့။ မြို့နယ်ကနေ ခွင့်မပြုဘူးဆိုတဲ့စာ ထွက်လာတာ။ လူအခွင့်အရေး ကြေညာစာတမ်းကို မြန်မာနိုင်ငံက လက်မှတ်ထိုးထားတယ်။ အဲဒါကို ဒီပွဲလုပ်တာ ခွင့်မပြုဘူး ဆိုတော့ ဒီဟာကို ချိုးဖောက်နေသလား စဉ်းစားစရာဖြစ်နေတယ်”ဟု Human Right Educator Network မှ မနှင်းနန္ဒာအောင်က ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
.
အဆိုပါကိစ္စနှင့်ပတ်သက်၍ Human Right Educator Network နှင့် အရပ်ဘက်အဖွဲ့အစည်းအချို့မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် ထံသို့သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ စည်ပင်သာယာရေးဌာနမှ ခွင့်မပြုသည့်အတွက် လုပ်ဆောင်ပေးနိုင်ခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည့်အတွက် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏အထက်တွင် ရှိနေသည်ဟု တောင်ကြီးမြို့ပေါ်ရှိ နိုင်ငံရေးသမားများ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် ဒေသခံပြည်သူများက ဝေဖန်ပြောဆိုလျက်ရှိသည်။
.
Human Right Educator Network မှ ဗိုလ်ချုပ်ပန်းခြံအတွင်း ဖျော်ဖြေပွဲပြုလုပ်ရန် ခွင့်ပြုချက် ရရှိပါက အခြေခံပြည်သူလူထုနှင့် ကလေးသူငယ်များ၊ လူငယ်များ အပါအဝင် မိဘပြည်သူများအား လူအခွင့်အရေး သမိုင်းကြောင်းများနှင့် လူအခွင့်အရေးပါ အချက်အလက်များသိရှိစေရန် အသိပညာပေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်း၊ ပညာပေးတေးသီချင်းများ သီဆိုခြင်း၊ ပညာပေးမှတ်တမ်းရုပ်ရှင်များ ပြသခြင်း၊ လက်ဆောင် ပန်းစည်းများ ပေးခြင်း စသည်တို့ကို ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ ပန်းခြံ၌ Internal Human Right Day ကို ယခင်နှစ်ကလည်း ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats