တာချီလိတ်မြို့ရှောင်လမ်းတွင် တရားမဝင်သစ်များ သယ်ဆောင်သူ အမျိုသားတစ်ဦးကို မော်တော်ယာဉ် ၂ စီး နှင့်အတူ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မြို့ရှောင်လမ်းတွင် တရားမဝင်သစ်များ သယ်ဆောင်သူ အမျိုသားတစ်ဦးကို မော်တော်ယာဉ် ၂ စီး နှင့်အတူ ဖမ်းဆီးရမိ



မိုင်းမော (တြိဂံနယ်ြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှောင်လမ်း၊ တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းမကြီးပေါ်၌ တရားမဝင် အင်ကြင်း/အင် သစ်မာခွဲသားများကို မော် တော်ယာဉ်ဖြင့် သယ်ဆောင်သူ အမျိုးသားတစ်ဦးကို မော်တော်ယာဉ် ၂ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်သစ် တောဦးစီးဌာနမှ သိရသည်။
.
 
.
တာချီလိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးထွန်း၊ မြို့နယ်သစ်တောဦးစီး ဌာန ဦးစီးအရာရှိ ဦးစိုးတင့်အောင်တို့ ပါဝင်သောအဖွဲ့သည် နိုဝင်ဘာ ၆ ရက်ည ၆ နာရီကျော်ခန့်တွင် တရားမဝင် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖမ်းဆီး ဖော်ထုတ်ရေး လှည့်လည်စစ်ဆေးဆောင်ရွက်စဉ် တာချီလိတ်မြို့၊ မြို့ရှောင်လမ်းပေါ် တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းမကြီးမှ ၁ မိုင်ခန့်အကွာ၌ ရပ်ထားသော Nissan ၁ဝ ဘီးယာဉ် အပြာရောင်မော်တော်ယာဉ်ပေါ်မှ တရားမဝင် အင် ကြင်းသစ်မာခွဲသား ၇၃ ချောင်း ဝ ဒသမ ၉၅ဝ၈ တန်နှင့် အင်သစ်မာခွဲသား ၇၅၇ ချောင်း၊ ၈ ဒသမ ၅၉ဝ၆ တန်၊ စုစုပေါင်း ၈၃ဝ ချောင်း၊ ၉ ဒသမ ၅၄၁၄ တန် (ကာလတန်ဖိုးငွေကျပ် ၂ဝဝ၃၃၆ဝ)အားလည်းကောင်း၊ SUSO ၁ဝ ဘီးယာဉ် စစ်စိမ်းရောင်မော်တော်ယာဉ်ပေါ်မှ တရားမဝင် အင်ကြင်းသစ်မာခွဲသား ဆိုဒ်စုံ ၄ဝ၅ ချောင်း၊ ၁ဝ ဒသမ ၁၂၅ တန်၊ (ကာလတန်ဖိုးငွေကျပ် ၃ဝ၃၇၅ဝဝ)အားလည်းကောင်း၊ စုစုပေါင်းသစ်တန် ၁၉ ဒသမ ၆၆၆၄ တန် တို့ နှင့်အတူ တရားမဝင် အင်ကြင်း၊ အင် သစ်မာသားများကို မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသူ စိုင်းကြံအောင်မြင့် အားတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ တရားမဝင် သစ်များကို မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသူ စိုင်းကြံအောင်မြင့်(၄၅ နှစ်)၊ ပါဆပ်ကားလေးဝင်း၊ ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့ နေသူအား တာချီလိတ်မြို့မရဲစခန်းက (ပ)၃၉၁/၂ဝ၁၈၊ သစ်တော်ဥပဒေပုဒ်မ ၄၂(က)ဖြင့် နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats