တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း ဂေါက်ကွင်းဘေးရှိ ဆိုင်ခန်းများအား စည်ပင်မှ ဖျက်သိမ်းခိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း ဂေါက်ကွင်းဘေးရှိ ဆိုင်ခန်းများအား စည်ပင်မှ ဖျက်သိမ်းခိုင်း



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ဂေါက်ကွင်း ဘေးရှိ ဆိုင်ခန်းငယ်များ၊ ကွမ်းယာ ဆိုင်များအား အောက်တိုဘာ ၅ ရက်၊ နောက်ဆုံးထား၍ စည်ပင်သာ ယာရေးဌာနမှ ဖျက်သိမ်းရန် ညွှန် ကြားထားကြောင်း သိရသည်။ 
.
.
''ကျွန်တော်ကတော့ကွမ်းယာ ဆိုင်ဖွင့်ထားတာ၅နှစ်ရှိပါပြီ။ ၃ ရက်နေ့ကစည်ပင်ကလူတစ်ယောက် လာပြောသွား တယ်။ ရေမြောင်း ဖော် မယ်လို့တော့ပြောတယ်။ဒီနေ့ (၄ ရက်နေ့) ကိုအပြီးဖျက်ခိုင်းတာပါ။ ကျွန်တော်က မဖျက်သေးပါရစေနဲ့၊ ရွှေ့ရတာမလွယ်လို့ပါဆိုပြီး ပြော လိုက်တယ်။ ဒီအလုပ်ပေါ်မှာ ကျွန် တော်တို့မိသားစု ၃  ဦးမှီခိုနေရတာပါ။အခုလိုလာလုပ်တော့ အလုပ်တစ်ခု ကနေ အထုတ်ခံလိုက်ရသလိုပဲ။ ဘာမှကိုမရှိတော့သလို ခံစားရတယ်၊ သူတို့က စီမံကိန်းအရ ဖယ်ပေးဆို ရင်လည်း ဖယ်ပေးမှာပါ။ ဒါပေမဲ့ အခုဟာက ချက်ချင်းကြီးဖြစ်နေ တယ်။ ဖြစ်သင့်တာကတော့ ၁ဝ ရက် လောက် ကြိုတင်ပြီး ဆိုင်ခန်းတွေကို အသိပေးမယ်၊ လက်မှတ်ထိုးခိုင်း။ မဖယ်ရင်အရေးယူမယ်ပေါ့။ အဲဒီလို မျိုးဖြစ်သင့်တာပါ။ အခုဟာ ဘာစာ မှလဲမပါဘူး။ ဒီအတိုင်းဖယ်ပေးပါ ဆိုပြီး လာပြောတယ်။ မဖယ်ရင် ဘက်ဟိုးနဲ့ ဖြိုမှာဆိုပြီးတော့ လာ ပြောသွားတာပါ''ဟု အဆိုပါနေရာ တွင် ဈေးရောင်းချနေသူ ကိုသူရက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ နေရာတွင် ဈေးရောင်း ချနေသူများအား နိုဝင်ဘာလ ၃ ရက်တွင် စည်ပင်သာယာရေးဌာနမှ နိုဝင်ဘာလ ၄ ရက် နောက်ဆုံးထား ၍ ဖယ်ရှားပေးရန် လာရောက်ပြော ကြားထားပြီး ဆိုင်ခန်းများမှာ ဖျက် သိမ်းလျက်ရှိကြောင်း သိရသည်။
.
'ကျွန်မကဒီနေရာမှာရောင်း နေတာကတော့ ၅ကျော်နေပါပြီ။အခုက ဖျက်ဖို့လာပြောသွားတယ်။ချက်ချင်းကြီးဆိုတော့ အခက်အခဲ ရှိတယ်။ ဒီနေရာမှာဈေးရောင်းရဖို့အ တွက်ပိုက်ဆံတွေ ချေးငှားပြီးလုပ် နေရတာပါ။ နောက်ပြီးဒီအလုပ် ကို မှီခိုနေတဲ့ အမေအိုဒုက္ခိတနဲ့ ကလေး၅ယောက်ရှိတယ်။ ဒါလေးပဲ လုပ်စားလာတာ ကြာပြီဆိုတော့ အ ခုလို ချက်ချင်းကြီး ဖယ်ခိုင်းတော့ ထမင်း ဘယ်လိုသွားစားရမလဲ။ အဲဒါ ကို အန်တီတို့က တောင်းပန်တယ်။ ချက်ချင်းကြီးဆိုတော့ အခက်အခဲရှိ လို့ သုံးလေးရက်လောက်စောင့်ပေး ပါဆိုတော့ မရဘူးအခုဖျက်လို့ပြော တယ်။ ရပ်ကွက်လူကြီးက ပြောပေး နေတယ်။ တစ်ရက်နှစ်ရက်လောက် ဆက်ရောင်းခွင့်ပေးပါ ဆိုတာကို မရ ဘူး ဇွတ်ဖျက်ခိုင်းတယ်''ဟု အဆိုပါ ဂေါက်ကွင်းအနီးတွင် ဈေး ရောင်းချနေသည့် ဒေါ်မျိုးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာနမှ ဒုတိယဦးစီးမှူးဦးစိုင်း အေးမင်းထံသို့ ဆက်သွယ်မေးမြန်း ခဲ့ရာ''ကျွန်တော်တို့က အဲဒီနေရာ မှာ လမ်းချဲ့မှာဖြစ်တဲ့အတွက် ဆိုင် ခန်းတွေ အကုန်ဖယ်ရှားခိုင်းထား တာပါ။ လမ်းကအခုစချဲ့နေပါပြီ။တန်ဆောင်တိုင်ရှေ့ အပြီးလုပ်ရမှာပါ။ ဆိုင်ခန်းတွေကိုတော့ ဖျက်ခိုင်းထား ပြီးပါပြီ။ ဆိုင်ခန်းတွေကိုလမ်းချဲ့ ပြီးရင် ပြန်နေရာပေးသွားမလားဆို တာကိုတော့ ကျွန်တော်ပြောလို့မရ ပါဘူး။ အထက်က ညွှန်ကြားတဲ့အ တိုင်းလုပ်ရတာပါ''ဟု ပြန်လည်ဖြေ ကြားခဲ့သည်။
.
အဆိုပါ အနောက်မြို့ပတ်လမ်း၊ ဂေါက်ကွင်းအနောက်ဘက် နေရာ တွေအသုပ်ဆိုင်များ၊ အကင်ဆိုင်များ နှင့် ကွမ်းယာဆိုင်များ အပါအဝင် အခြားဆိုင်ခန်းများစုစုပေါင်းဆိုင် ၂ဝ ခန့်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats