ကလောမြို့နယ်၊ ရေချိုကျေးရွာအုပ်စုရှိ ကျေးရွာ ၅ ရွာတွင်၂၄ နာရီ လျှပ်စစ်မီး ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ်၊ ရေချိုကျေးရွာအုပ်စုရှိ ကျေးရွာ ၅ ရွာတွင်၂၄ နာရီ လျှပ်စစ်မီး ရရှိ


မောင်မောင်သန်း (တောင်ကြီး)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေချိုကျေးရွာအုပ်စုရှိ ရေချို၊ နတ်တော်၊ ထင်းရှူးကုန်း၊ လွယ်ဟတ်နှင့် ကျောက်စု ကျေးရွာများ တွင် နိုဝင်ဘာလ ၁၆ ရက်မှ စ တင်၍ ၂၄ နာရီ လျှပ်စစ်မီးရရှိပြီဖြစ် ကြောင်း သိရသည်။
.
 
.
အဆိုပါကျေးရွာများ၏ လျှပ်စစ် မီးလင်းပွဲကို နိုဝင်ဘာလ ၁၆ ရက် နံနက်က ရေချိုဘုန်းကြီးကျောင်းဝင်း ၌ ကျင်းပခဲ့ပြီး ကျေးရွာလျှပ်စစ်မီး ဆိုင်းဘုတ်အား ရှမ်းပြည်နယ် ဝန် ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကလောမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်တို့က ဖဲကြိုးဖြတ် ဖွင့် လှစ်ပေးကြကြောင်း သိရသည်။
.
ပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာ လင်းထွဋ်က ကျေးရွာ ၅ ရွာ လျှပ်စစ်မီး ရရှိရေးအတွက် ရှမ်း ပြည်နယ်အစိုးရ၏ ၂ဝ၁၇-၂ဝ၁၈ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေမှ ငွေလုံး ငွေရင်း ရန်ပုံငွေ ကျပ်သန်း ၅ဝဝ ဒသမ ၄၈ဝ အကုန်အကျခံကာ အကောင်အထည်ဖော် တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျေးရွာအုပ်စု အတွင်းရှိ အိမ်ထောင်စု ၄၅၅ စုမှ လူဦးရေ ၁၂၇၅ ဦးသည် ၂၄ နာရီ လျှပ်စစ်မီး ရရှိသုံးစွဲနိုင်မည် ဖြစ် ကြောင်းနှင့် လျှပ်စစ်မီးရရှိသည့် အတွက် ကျေးလက်နေ တိုင်းရင်း သား ပြည်သူများ၏ လူမှုရေး၊ ကျန်း မာရေး၊ ပညာရေးနှင့် စီးပွား ရေး အခြေအနေကောင်းများ ပေါ် ပေါက်လာမည် ဖြစ်သလို တိုင်းရင်း သား ပြည်သူများကလည်း နိုင်ငံ တော်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကို အားသွန်ခွန်စိုက်ပူးပေါင်းဆောင် ရွက်ရန် အမှာစကား ပြောကြားခဲ့ သည်။
.
ထို့နောက် ကလောမြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံး ကေသီနိုင်မှ အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။
.
အဆိုပါ အခမ်းအနားသို့ က လောမြို့နယ်၊ ရေချိုကျေးရွာအုပ်စုရှိ ကျေးရွာ ၅ ရွာမှ ဒေသခံ တိုင်းရင်း သားပြည်သူများ၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြကြောင်း သိရှိရသည်။
.
ကလောမြို့နယ်၊ အောင်ပန်း မြို့တွင် ကျေးရွာအုပ်စု ၁၇ စုရှိပြီး ကျေးရွာပေါင်း ၈၃ ရွာ ရှိသည့် အ နက် ယခင်က ကျေးရွာ ၂၃ ရွာ တွင် လျှပ်စစ်မီး ရရှိခဲ့ပြီး ဖြစ်ကာ ယခု ကျေးရွာ ၅ ရွာ လျှပ်စစ်မီး ရရှိသည့် အတွက် စုစုပေါင်း ကျေး ရွာ ၂၈ ရွာတွင် လျှပ်စစ်မီး ရရှိပြီ ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats