မြန်မာ-ထိုင်း နှစ်နိုင်ငံသဘော တူညီမှုဖြင့် မူးယစ်ဆေးဝါး ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာ-ထိုင်း နှစ်နိုင်ငံသဘော တူညီမှုဖြင့် မူးယစ်ဆေးဝါး ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နေ



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်တစ်လျှောက်တွင် မူးယစ်ဆေး ဝါး ပူးပေါင်းထိန်းချုပ်ရေးသဘော တူညီချက်အရ ၂ဝ၁၈ ခုနှစ်အောက် တိုဘာလ ၁ ရက်မှ စတင်ကာ မူးယစ် ဆေးဝါး ပူးပေါင်းစစ်ဆင်ရေးစီမံချက် (Joint Action Plan)အား အကောင်အထည်ဖော် ဆောင်ရွက်နေ လျက်ရှိပြီး ယင်းစစ်ဆင်ရေးအား ဒီဇင်ဘာလ ၃၁ ရက်ထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ နှစ်နိုင်ငံသဘောတူညီ ချက်ဖြင့် ဆောင်ရွက်နေသည့် စစ် ဆင်ရေးစီမံချက်တွင်မူးယစ်ဆေး ဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ဓါတုပစ္စည်း သယ်ဆောင်ရာလမ်း ကြောင်းများအား ပိတ်ဆို့ရှာဖွေ ခြင်း၊ နှစ်နိုင်ငံ သတင်းဖလှယ်ပေးပို့ ထားသည့် တရားခံပြေးများအား ဖော်ထုတ်ဖမ်းဆီးခြင်းတို့ ပါဝင် ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တွင် ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ၌ စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှု ၆၆ မှု၊ ဘိန်းစိမ်း ဖမ်းဆီးရမိမှု ၈ မှု၊ ဘိန်းဖြူ ဖမ်းဆီးရမိမှု ၃ မှု၊ ကတ်တမင်း ဖမ်းဆီးရမိမှု ၁ မှုတို့အား တရားခံ အမျိုးသား ၉၇ ဦး၊ အမျိုးသမီး ၁၄ ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အစီရင် ခံစာအရ သိရသည်။
.
''မြန်မာနဲ့ ထိုင်းက တာဝန်ရှိသူ တွေက နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ပြီးတော့ပူးပေါင်းဆောင်ရွက်တာ မျိုး မပါဘဲ ကိုယ့်နိုင်ငံရဲ့ နယ်စပ်တစ် လျှောက်အတွင်းမှာပဲ နှစ်နိုင်ငံသတင်း ဖလှယ်ပြီး မူးယစ်ဆေးဝါးဖမ်းဆီး ရေးအတွက် အရှိန်အဟုန် မြှင့်ပြီး ဆောင်ရွက်ကြတာ ဖြစ်ပါတယ်''ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ကျိုင်းတုံမြို့ရှိ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်း အောင်က မြန်မာ၊ ထိုင်း နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါး ပူးပေါင်းစစ်ဆင်ရေးစီမံချက်နှင့် ပတ် သက်၍ ကမ္ဘောဇတိုင်းသို့ ပြောကြား ခဲ့သည်။
.
ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ အယုဒ္ဒယ ပြည်နယ်ရှိ အာရှအဝေးပြေး လမ်းမ ပေါ်တွင် မောင်းနှင်လာသည့် ကုန်တင် ယာဉ်တစ်စီးပေါ်မှ စိတ်ကြွဆေးပြား ၁ဝ သန်းကျော်၊ အိုက်စ် ၁ဝဝ ကီ လို ဂရမ်အား အောက်တိုဘာလ ၂၇ ရက်က ဖမ်းဆီးရမိခဲ့ပြီး ယင်းမူး ယစ်ဆေးဝါးများသည် မြန်မာနိုင်ငံ အတွင်းရှိ ''ဝ''တပ်ဖွဲ့က ထိန်းချုပ် ထားသည့်ဒေသမှ နယ်စပ်ဖြတ်ကျော် ၍ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats