ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့၊ နမ့်ခုတ်ကျေးရွာရှိ နေအိမ်တစ်လုံးတွင် ယနေ့ နိုဝင်ဘာလ ၆ ရက်၊ မွန်းလွဲပိုင်းက
TV Save Guard အပူလွန်ကဲရာမှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
နိုဝင်ဘာလ ၆ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ဟိုပုံးမြို့၊ နမ့်ခုတ်ကျေးရွာနေ
ဦးလှိုင် (၆၈) နှစ်၏ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဟိုပုံးမြို့နယ်
မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးစီးသော မီးသတ် တပ်ဖွဲ့ဝင်များမှ သွားရောက်၍ ဝိုင်ဝန်းမီးငြှိမ်းသတ်ခဲ့ရာ
မွန်းလွဲ ၂ နာရီ ၂၀ မိနစ် ခန့်တွင် မီးအား ထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲခန့်တွင်
မီးအား ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် နေအိမ်သွပ်ပြား၊ အကာနှင့် အခင်းပျဉ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး
ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၈၄၉၀၀ ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မီးပေါ့ဆစွာသုံးစွဲသူ ဦးလှိုင်အား ဟိုပုံးမြို့မရဲစခန်းတွင်
အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan