ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
တောင်ကြီး တန်ဆောင်တိုင် ပွဲတော် မီးပုံးပျံပြိုင်ပွဲ ကျင်းပပြုလုပ်ရာ
အဝေရာကုန်းသာယာ မီးပုံးပျံကွင်း ဈေးခင်းအတွင်း၌ ငွေကြေးဖြင့် က စားရသော လောင်းကစား
ဆန်သည့် ပျော်ပွဲရွှင်ပွဲ ကစားနည်းများ ပါဝင်မှု ရှိနေကြောင်း သိရသည်။
.
.
'' ပွဲတော်ရဲ့ စည်ကမ်းချက်ထဲမှာ ပါတာက ဘယ်လိုလောင်ကစားကိုမှ ခွင့်မပြုဘူး။
ပူဖောင်း ပစ်တာတို့၊ မြှား ပစ်တာတို့ကတော့ ပျော်ပွဲရွှင်ပွဲ အနေနဲ့ ခွင့်ပြုထားပါတယ်။
လောင်း ကစားအဆင့်တော့ မရောက်ဘူး ပေါ့။ ဘောလုံးအသင်းတွေကို ငွေ ကြေးတွေ လောင်းပြီး
မဲနှိုက် ကစားရတာတွေ ရှိတယ်။ လောင်း ကစားအဆင့် ရောက်နေပါတယ်။ ပွဲတော် ကျင်းပရေး ကော်မတီက
အဓိက တာဝန် ရှိပါ တယ်။ ပွဲတော်ရဲ့ အင်္ဂါရပ်နဲ့လည်း မညီညွတ်ပါဘူး။ အခုလို ငွေကြေးနဲ့
ကစားရတဲ့ လောင်းကစားတွေကို ဘယ်လိုမှ ခွင့် မပြုသင့်ပါဘူး။ ပျော်ပွဲရွှင်ပွဲ သက်သက်ပဲ
ဖြစ်သင့်ပါတယ်''ဟု တောင်ကြီးမြို့ ဒေသခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
ယခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ဧရိယာအ တွင်း၌
ငွေကြေးဖြင့် ကစားရသော လောင်းကစားနည်းများ ရှိနေပြီး ဘောလုံးအသင်းများကို ငွေကြေးဖြင့်
လောင်း၍ မဲနှိုက်ကစားခြင်း၊ တန် ပိုလာ ကစားခြင်း စသည့် ကစား နည်းများ ပါဝင်လျက်ရှိသဖြင့်
ခွင့် မပြုသင့်ကြောင်း၊ ယင်းကဲ့သို့ ကစားနည်းများမှ စတင်၍ ဒုစရိုက် မှုများ ဖြစ်ပွားလာနိုင်သဖြင့်
ပိတ် သိမ်းသင့်သည်ဟု ဒေသခံပြည်သူ များကလည်း ဝေဖန်ပြောဆိုလျက် ရှိသည်။
.
''အရင်ပွဲတော်တွေ တုန်းက တော့ စူဠာမုနိနားကနေ ဒီဘက်ကွင်း ရောက်တဲ့အထိ
လောင်းကစားတွေ ထည့်ခဲ့ဖူးတယ်။ တကယ့် တရားမ ဝင် လောင်းကစားတွေပါ။ ဂုံးဂင်း တို့၊ လောင်းကောင်ဂျင်တို့က
လွဲ ရင် အကုန်ပါတယ်။ အဲဒီမှာက ဒု စရိုက်မှုတွေ ဖြစ်တယ်။ အခုပွဲတော် မှာလည်း ငွေကြေးနဲ့
ကစားရတာ တွေ ရှိနေတယ်။ ဒါတွေကို ထိန်း ချုပ်သင့်ပါတယ်။ လောင်းကစား အဆင့် မဟုတ်ဘူးလို့
ပြောနေပေမဲ့ လည်း ငွေကြေးနဲ့ အလောင်းအစား ပြုရတာ ဖြစ်ပါတယ်။ အဲဒီတော့ အမြန်ဆုံး ပြုပြင်
တားဆီးဖို့ လိုအပ်တယ်လို့ ယူဆမိပါတယ်။ ပွဲ တော်မှာ လောင်းကစားဥပဒေကို လက်တစ်လုံးခြား
လုပ်နေကြတဲ့ သူတွေတော့ နှစ်တိုင်းလိုလို အမြဲ ရှိနေတယ်''ဟု တောင်ကြီးမြို့နေ ကိုမင်းကျော်ခန့်ကလည်း
¤င်း၏အ မြင်ကို ပြောသည်။
.
ယင်းကဲ့သို့ လောင်းကစားဝိုင်း များ ပါဝင်နေမှုကို လူမှုကွန်ရက်များ
ပေါ်တွင် ရေးသားနေခြင်းကြောင့် ပွဲတော်၏ ပုံရိပ်ကျစေနိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ပွဲ ခင်းအတွင်းသို့
ကြီးကြပ်စစ်ဆေးရန် လိုအပ်နေခြင်း ဖြစ်သည်။
.
တောင်ကြီး တန်ဆောင်တိုင်ပွဲ တော်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ
ဦးဆောင်ကာ ကျင်းပပြုလုပ်သည့် ပွဲတော် ဖြစ်ခြင်းကြောင့် အခြားနယ် မြို့များ အတုယူ မမှားစေရန်
ဆောင် ရွက်ရန် လိုအပ်နေပြီး ယခင်နှစ် တောင်ကြီးတန်ဆောင်တိုင် ပွဲတော် အပြီး တစ်ရက်ခြားကာ
ဆက်လက် ကျင်းပသည့် ဟိုပုံးတန်ဆောင်တိုင် ပွဲတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲ တွင် ပါဝင်သည်ဟုဆိုကာ
ယင်း လောင်းကစားဆန်သည့် ပျော်ပွဲရွှင်ပွဲ များကို ထည့်သွင်းကျင်းပခဲ့သည်။
.
လက်ရှိ ကျင်းပ ပြုလုပ်လျက် ရှိသော တောင်ကြီး တန်ဆောင် တိုင် ပွဲတော်
ရိုးရာ မီးပုံးပျံပြိုင်ပွဲ ကွင်းအတွင်း၌ ပြီးခဲ့သည့် နိုဝင် ဘာလ ၁၆ ရက်က ဓါးထိုးမှု
တစ် ခု ဖြစ်ပွားခဲ့ပြီး အထိုးခံရသူမှာ ယာ ခါးဘေး ပေါက်ပြဲဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်းလည်း
သိရသည်။
.
.
.
#KBZTai #Shan