ပင်းတယတွင် မြန်မာနိုင်ငံ၏ ပထမဆုံး လက်ဖက်ပွဲတော်နှင့် ဒေသထွက် ရိုးရာကုန်စည်ပြပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းတယတွင် မြန်မာနိုင်ငံ၏ ပထမဆုံး လက်ဖက်ပွဲတော်နှင့် ဒေသထွက် ရိုးရာကုန်စည်ပြပွဲ ပြုလုပ်



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း (MFVP)နှင့် ပင်းတယ လက်ဖက်ယဉ်ကျေးမှုစက်ဝန်း ဖွံဖြိုးတိုးတက်ရေအဖွဲ့ (PTCHDN) တို့ကြီးမှူး၍ မြန်မာနိုင်ငံ၏ပထမဆုံးအကြိမ် လက်ဖက်ပွဲတော်နှင့် ဒေသထွက် ရိုးရာကုန်စည်ပြပွဲ ကိုနိုဝင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်များတွင် စည်ကား သိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ကုန်စည်ပြပွဲကြီးတွင် ပင်းတယမြို့နယ်ရှိ လက်ဖက်ယဉ်ကျေးမှုစက်ဝန်း ဖွံဖြိုးတိုးတက်ရေး အဖွဲ့ဝင်ကျေးရွာ ၁၅ ရွာမှ လက်ဖက်စိုက်တောင်သူများ၊ ပင်းတယမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ထွက်ရှိသော တိုင်းရင်းသားများ၏ ဒေသထွက် လက်မှုလုပ်ငန်းထွက်ကုန်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာ အထည်ဆိုင်များ၊ ဒေသရိုးရာအစားအစာများ နီးစပ်ရာမြို့နယ်များမှ ကုန်စည်များ အား လာရောက်ခင်းကျင်း ပြသရောင်းချပေးခဲ့ပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအလှ တို့ဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
.
ဓနုဒေသထွက် ဒေသထွက် လက်ဖက်နှင့်ကုန်စည်များ၊ တိုင်းရင်းသား မိဘပြည်သူများ၏ ရိုးရာလုပ်ငန်းများ အကြောင်းကို ကမ္ဘာလှည့်ခရီးသွားများ၊ ပြည်တွင်းဘုရားဖူးများနှင့် စီးပွားရေးလုပ်ငန်းရှင်များက လာရောက် လေ့လာ နိုင်ပြီး လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန် အတွက်ရည်ရွယ်၍ အဆိုပါကုန်စည်ပြပွဲအား ကျင်းပပြုလုပ်ဖြင်းဖြစ်ကြောင်း သိရသည်။
.
“အခုလိုပွဲမျိုးတွေ များများပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုပွဲမျိုးတွေက တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွှတ် မှုနဲ့ ဒေသရဲ့ပုံရိပ်ကို ပေါ်လွံင်စေသလို ဒေသခံပြည်သူတွေအတွက်လည်း စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားစေတာဖြစ်ပါတယ်။ အခုပွဲမှာ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုပုံရိပ်နဲ့ စည်းလုံးညီညွှတ်မှုကို မြင်ရတဲ့အတွက် အလွန်ပဲဝမ်းမြှောက်မိပါတယ်။ နောင်လာမယ့်နှစ်တွေမှာလည်း ဒီလိုပွဲမျိုးတွေ ပြုလုပ်နိုင်ဖို့အတွက် တတ်နိုင် သလောက် ပါဝင်ကူညီအားဖြည့်ပေးသွားမှာပါ''ဟု ပင်းတယဒေသခံ ပြည်သူ ကိုရှိန်းခန့်ဇော်က ကမ္ဘောဇတိုင်း သို့ ပြောကြားခဲ့သည်။
.
ပင်းတယမြို့သည် ရှမ်းပြည်နယ်အတွင်းရှိ လက်ဖက် အများဆုံးထွက်ရှိရာ မြို့နယ်များအနက် တစ်မြို့အပါအဝင်ဖြစ်ပြီး နာမည်ကြီး ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားနှင့် ပုန်းတလုတ်ရေကန် တည်ရှိရာ မြို့လည်းဖြစ်သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats