တာချီလိတ်တွင် မော်တော်ဆိုင်ကယ်ဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်သူ ၂ ဦးကို ပြည်သူ့စစ်စခန်းအနီး ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် မော်တော်ဆိုင်ကယ်ဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်သူ ၂ ဦးကို ပြည်သူ့စစ်စခန်းအနီး ဖမ်းဆီးရမိ



မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ၀မ်လုံးအုပ်စု၊ လွယ်စတုံရွာအ၀င် ပြည်သူ့စစ်စခန်းရှေ့ လမ်းးမပေါ်တွင် နိုဝင်ဘာလ ၉ ရက်၊ ညနေပိုင်းက မော်တော်ဆိုင်ကယ်ဖြင့် မူးယစ် ဆေးဝါးများကို သို့ဝှက်သယ်လာသူ ၂ ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။
.
 
.
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၉ ရက်ညနေ ၅ နာရီအချိန်တွင် သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ၀မ်လုံးအုပ်စု၊ လွယ်စတုံရွာအ၀င် ပြည်သူ့စစ်စခန်းရှေ့ လမ်းမပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ ပိတ်ဆို့စစ်ဆေးဆောင် ရွက်နေစဉ် မိုင်းဟဲအုပ်စု၊ ယန်းခေါင်ရွာဘက်မှ တာချီလိတ်ဘက်သို့ အောင်းမိုးဟိန်းမောင်းနှင်ပြီး ဘူးဒိုလိုက်ပါ လာသည့် နံပါတ်မပါ Viva-110 SUZUKI အမျိုးအစား ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ဖင်ထိုင်ခုံအောက် ၀ဲယာနှစ်ဘက်ကာဘာအတွင်းမှ 999 တံဆိပ်ပါ အ၀ါရောင် ဖယောင်းစက္ကူဖြင့် ပတ်ထားပြီး ပလပ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၄၀၀၀ အလေးချိန် ၄၀၀ ဂရမ်ခန့်၊ ဒေသတန်ဖိုးကျပ် ၄၀ သိန်းခန့်အား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ စိတ်ကြွဆေးပြားများနှင့်အတူ လက်ဝယ်ဖမ်းဆီးရမိသည့် အောင်မိုးဟိန်း (၄၃ နှစ်)နှင့် ဘူးဒို (၃၀ နှစ်)၊ လွယ်စီတုံ(အပေါ်ရွာ)၊ ၀မ်လုံးအုပ်စု၊ တာချီလိတ်မြို့နယ်နေသူ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းက မယ(ပ)၁၁၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats