နောင်တုံကန် သာယာလှပစေရေးအတွက် စည်ပင်သာယာမှ ဘတ်ဂျက် ရရှိရေးကိုသာ အလေးထားပြောဆိုနေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်တုံကန် သာယာလှပစေရေးအတွက် စည်ပင်သာယာမှ ဘတ်ဂျက် ရရှိရေးကိုသာ အလေးထားပြောဆိုနေဟု ဆို



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့လယ်ရှိ နောင်တုံရေကန် သန့် ရှင်းသာယာလှပစေရေး လုပ်ငန်းအ တွက် ဘတ်ဂျက်ရရှိရေးကိုသာ အ လေးထားပြောဆိုနေမှုသည် တာဝန် ခံမှု၊ တာဝန်ယူမှု ရှိသင့်ကြောင်း ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ကပြောကြားခဲ့သည်။ 
.
 
.
''ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစတီဗင်ရယ်၊ ကျွန်တော်ရယ်၊ ငါးဦးစီးဌာနရယ်၊ ထွေအုပ်က ဒုဦးစီး တစ်ယောက်ရယ်၊ NLD ပြည်နယ် နဲ့ ခရိုင်က တစ်ယောက်စီနဲ့ နှစ် ယောက်ရယ်၊ စည်ပင်ကော်မတီဝင်နဲ့ နောက်ထပ်လူ ၂ ယောက်ပဲတက်တဲ့ ဆွေးနွေးပွဲမှာ စည်ပင်အင်ဂျင်နီယာ ဗန က နောက်ထပ်ဘတ်ဂျက်ရဖို့ အတွက်ပဲ ဇောင်းပေးပြောသွားပါ တယ်'' ဟု ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက အောက်တိုဘာလ ၂၉ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။
.
နောင်တုံကန်သန့်ရှင်းသာယာ ရေး ညှိနှိုင်းအစည်းအဝေးကို ကျိုင်း တုံမြို့နယ် စည်ပင်သာယာခန်းမတွင် အောက်တိုဘာလ ၂၉ ရက်က ပြု လုပ်ခဲ့ရာ တက်ရောက်သူ အင်အား အနည်းဆုံးနှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
.
အဆိုပါအစည်းအဝေးတွင် ထပ်မံတင်ပြလာသည့် ကုန်ကျစရိတ် စု စုပေါင်းမှာ ငွေကျပ် ၁၄ဝ၃ သိန်း ကျော် ဖြစ်ပြီး ယင်းအနက်ပေအရှည် ၆၃၇ဝ ရှိသော ကန်ပတ်လည် ရေ မြောင်းတူးဖော်ရေးလုပ်ငန်းအတွက် တောင်းခံထားသည့်ငွေမှာ ကျပ်သန်း ပေါင်း ၂၄၁ ဒသမ ၆၅ ပါဝင်နေ ကြောင်းသိရသည်။
.
ကျိုင်းတုံမြို့နယ် စည်ပင်သာယာ ရေးဦးစီးဌာနမှ တင်ပြသည့် နောင် တုံကန် သန့်ရှင်းလှပစေရေး စီမံချက် များတွင် ကန်ဝင်ရေသွယ်တန်းခြင်း လုပ်ငန်း၊ စတီးကာရံခြင်းလုပ်ငန်း၊ လမ်းပလက်ဖောင်း ဆေးသုတ်လုပ် ငန်း၊ ရေပန်းပြုပြင်ခြင်းလုပ်ငန်း၊ ကန်ပတ်လည်ရေနုတ်မြောင်း ဆယ် ယူရေးနှင့် တူးဖော်ရေးလုပ်ငန်းများ ပါဝင်ကြောင်းသိရသည်။
.
''ဒီလုပ်ငန်းတွေကို စည်ပင်သာ ယာ ဝင်ငွေတစ်ခုတည်းနဲ့ ဆောင် ရွက်ဖို့ခက်ခဲတာကြောင့် ရှမ်းပြည် နယ် အစိုးရအဖွဲ့ကဖြစ်စေ၊ ပြည် ထောင်စု ဘတ်ဂျက်က ဖြစ်စေ ရန်ပုံ ငွေလိုအပ်မှာ ဖြစ်ပါတယ်''ဟု ကျိုင်း တုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ ဌာနစိတ်မှ တာဝန်ခံ ဦးမြင့်ကျော်သူက ရန်ပုံငွေရရှိရေး တင်ပြတောင်းခံခြင်းနှင့် ပတ်သက်၍ ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
နောင်တုံကန် သန့်ရှင်းသာယာ လှပစေရေးအတွက် ၂ဝ၁ဝ ပြည့်နှစ် မှ ၂ဝ၁၉ ဘဏ္ဍာရေးနှစ်အထိ သုံးစွဲ ကုန်ကျငွေ ကျပ်သိန်း ၁၄၃ဝ ထိရှိခဲ့ ပြီး ယခင်ရှမ်းပြည်နယ်အစိုးရမှ သီး သန့်ထောက်ပံ့သည့် ငွေကျပ်သိန်း ၁ဝဝဝ အား ၂ဝ၁၄ ခုနှစ် မတ်လ၌ ကန်ပတ်လမ်းအတွက် ကျပ်သိန်း ၈ဝဝ နှင့် ရေမြောင်းတူးဖော်ရန်အတွက် ကျပ်သိန်း ၂ဝဝ ကုန်ကျခံသုံးစွဲထားပြီး ဖြစ်သော်လည်း ကန်ပတ်လမ်းပျက်စီး ခြင်း၊ ရေမြောင်းပိတ်ဆို့ခြင်းများဆက် လက် ဖြစ်ပေါ်နေကာ ရေမှာလည်း ညစ်ညမ်းနေဆဲ ဖြစ်ကြောင်း သိရ သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats