ရာဇာ၊ ကမ္ဘောဇတိုင်း
.
ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် ၂၉ နှစ်ပြည့်
နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နိုဝင်ဘာလ
၂၀ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ တွင် ကျောင်းကြီးစုရပ်ကွက်ရှိ
ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ ဒုတိယအကြိမ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ
ကြေညာစာတမ်းတွင် ကလေးသူငယ်သည် မိမိ၏ လက်ရုံးရည်နှင့် နှလုံးရည် မပြည့်စုံ မရင့်သန်သေးသည့်အတွက်
ဥပဒေအရ လျော်ကန် သည့် အကာအကွယ်အပါအဝင်၊ မမွေးဖွားမီ အချိန်တွင်ဖြစ်စေ၊ မွေးဖွားပြီး
အချိန်တွင် ဖြစ်စေ အထူးကာကွယ်မှုများ နှင့် စောင့်ရှောက်ကြည့်ရှု မှုများ လိုအပ်ပါသည်
ဟု ဖော်ပြထားကြောင်း သိရသည်။
“မြန်မာနိုင်ငံကလေးသူငယ်များဆိုင်ရာ အမျိုးသားလုပ်ငန်းအစီအစဉ်
(၂၀၀၆-၂၀၁၅) ကို ချမှတ် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ကလေးသူငယ်များ
အပါအဝင်ဖြစ်တဲ့ မသန်စွမ်းကလေးသူငယ်များ အတွက် မြန်မာနိုင်ငံမသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး
အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆-၂၀၂၅) ကို ရေးဆွဲလျက် ရှိပါတယ်။ ရှမ်းပြည်နယ်မှာ ပြစ်မှုနဲ့
ရင်ဆိုင်နေရတဲ့ ကလေးသူငယ်များအတွက် ကလေးသူငယ် ကြီးကြပ်သူ အစီရင်ခံစာ ရေးသွင်းမှုများကို
သက်ဆိုင်ရာတရားရုံးများသို့ အစီရင်ခံစာသွင်းမှုများ ပြုလုပ်နိုင်ခဲ့ပါတယ်” ဟု ရှမ်းပြည်နယ်
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဒေါက်တာအောင်သန်းမောင်က ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်တွင် အသက် ၃ နှစ်မှ ၅ နှစ်အရွယ် ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဌာနမှုကြိုကျောင်း ၁၁ ကျောင်း၊ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၁၄၉
ကျောင်းနှင့် ပုဂ္ဂလိကမူကြိုကျောင်း ၇၂ ကျောင်း ဖွင့်လှစ်ပြီး ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း
သိရသည်။
.
အခမ်းအနးတွင် ၂၀၁၈ ခုနှစ်၊ ၄ ကြိမ်မြောက် အာဆီယံ Autisim Games
မီတာ ၁၀၀ အပြေးပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ရရှိခဲ့သည့် အားကစားသမား မမာလာနွယ်နှင့် ကလေးပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကလေးငယ်များအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ
ကော်မတီ ဥက္ကဌ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး
ဒေါ်နန်းရွှေမြင့်တို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan