၂ဝ၁၈ ခုနှစ်၊ တောင်ကြီးမြို့တော် တန် ဆောင်တိုင်ပွဲတော်၊
မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီး ပထမဆု ရရှိခဲ့သော လူခန့်ညမီးကြီးအဖွဲ့မှ ခေါင်းဆောင်
၂ ဦး ဖြစ်သည့် ကိုညွှန့်ရွှေနှင့် ကိုအောင်လွင်တို့ကို ကမ္ဘောဇတိုင်းမှ သွား ရောက်တွေ့ဆုံမေးမြန်းမှုများ
ပြုလုပ်ခဲ့ပါသည်။
.
ကမ္ဘောဇတိုင်း။ မီးပုံးပျံကို ဘယ်ရပ်ကွက် ကနေ ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်တယ် ဆိုတာနဲ့
ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဝင် ရောက် ယှဉ်ပြိုင်ခဲ့တာလဲဆိုတာကို ပြောပေးပါဦး။
.
လူခန့်မီး ။ လူခန့်မီးကို တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် ကိုယ်စားပြုအနေနဲ့
ဝင် ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ရည် ရွယ်ချက်ကတော့ ဘာသာရေး ထုံးတမ်း အစဉ် အလာအရ
ဘုရားမီး ပူဇော်တာ၊ ပြီး တော့ လူငယ်တွေ စည်းစည်းလုံးလုံးနဲ့ ပျော်ပွဲ ရွှင်ပွဲအဖြစ်နဲ့
ဝင်လွှတ်၊ ဝင်ပြိုင်တာ ဖြစ်ပါ တယ်။
.
ကမ္ဘောဇတိုင်း။ အခုလို တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာ ဘယ်လောက်
ကြာပြီလဲ။ အရင်ကရော အခုလို မျိုး ဆုတွေ ရခဲ့တာမျိုး ရှိခဲ့ပါလား။
.
လူခန့်မီး ။ အရင်တုန်းကတော့ လူခန့် နာမည်နဲ့ မဟုတ်ဘဲ တခြားနာမည်တွေ နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
ဝင်ရောက်ယှဉ်ပြိုင် တာကတော့ တစ်နှစ်ပြိုင်လိုက်၊ တစ်နှစ် နား လိုက်နဲ့ အနှစ် ၂ဝ လောက်ရှိပြီ။ လူခန့်နာမည်နဲ့ ဝင်ပြီးတော့
ယှဉ်ပြိုင်တာကတော့ ၅ နှစ် ရှိပါပြီ။ အရင်တုန်းက ဆုတွေ မရဖူးပါဘူး။ ဘာဆုမှကို မရဖူးဘူး။
ဒီနှစ်က ပထမဦးဆုံးအနေနဲ့ ဒီ ပထမဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း။ ဒီနှစ်ဆုရခဲ့တဲ့ လူခန့် ည မီးကြီး မီးပုံးပျံကို အဖွဲ့ဝင် ဘယ်နှစ်ဦးနဲ့
ဘယ် အချိန်က စပြီး လုပ်ကိုင်ခဲ့တာပါလဲ။ အချိန်
ကရော ဘယ်လောက်ကြာခဲ့လဲ သိပါရစေ။
.
လူခန့်မီး ။ ကျွန်တော်တို့ အဖွဲ့ဝင်အ နေနဲ့ကတော့ လူအင်အား ၅ဝ ဝန်းကျင် လောက် ရှိပါတယ်။
အရင်ဦးဆုံး စပြီးတော့ လုပ်တဲ့ အချိန်က ပွဲမရောက်ခင် ၅ လ အလို လောက်မှာ စလုပ်တယ်။ စ
စချင်းတော့ ၅ ယောက်လောက်နဲ့ သူ့အပိုင်း၊ ကိုယ့်အပိုင်း ခွဲပြီးတော့ လုပ်ပါတယ်။ ပွဲရောက်ခါနီး
တစ် လ အလိုလောက်ကျတော့မှ အကုန်လုံး စု ပြီးတော့ လုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်တာ
ကြာချိန်ကတော့ ၅ လလောက် အ ချိန် ကြာပါတယ်။
.
ကမ္ဘောဇတိုင်း။ မီးပုံးပျံ လုပ်ကိုင်တဲ့ အ ချိန်မှာရော ဘယ်လိုမျိုး အခက်အခဲတွေ
ကြုံတွေ့ခဲ့ရသေးလဲ။
.
လူခန့်မီး ။ အခက်အခဲကတော့ နေရာ အခက်အခဲ ဖြစ်ခဲ့ပါတယ်။ ယမ်းစပ်တဲ့ ပစ္စည်း လေးတွေ
ဝယ်တဲ့အချိန်မှာ အကုန်လုံးကို တစ်ခါတည်း မဝယ်နိုင်တဲ့အတွက် ခွဲပြီးတော့ ဝယ်ရတယ်။ ပထမ
ဝယ်ထားတဲ့ ပစ္စည်းနဲ့ မ လောက်လို့ ထပ်ပြီး သွားဝယ်ရတဲ့ ပစ္စည်းနဲ့က မတူဘဲ တစ်မျိုးစီတွေ
ဖြစ်နေတယ်။ အဲဒီတော့ ယမ်းအချိုးက မတူတော့ပြန်ပါဘူး။ နောက် ကျွန်တော်တို့ မီးအဖွဲ့က
လူငယ်တွေပဲ ဖြစ် တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် စကား မပြောဘဲ နေတဲ့အခါ အားလုံးက ပြီး
နေရင် အဲ့တစ်ယောက်က မပြီးသေးတော့ စောင့်နေရတယ်။ အဲဒါမျိုးလေးတွေတော့ အ ခက်အခဲ ရှိခဲ့ပါတယ်။
.
ကမ္ဘောဇတိုင်း ။ မီးပုံးပျံလုပ်တာ အစကနေ အဆုံးထိ ကုန်ကျစရိတ် ဘယ်လောက် ရှိခဲ့လဲ။
.
လူခန့်မီး ။ မီးပုံးပျံ စလုပ်ကတည်းကနေ အဆုံးထိ မှတ်တမ်းမှတ်ထားသလောက်က တော့ အကုန်လုံး
၅၂ သိန်း ကုန်ကျခဲ့ပါတယ်။ အဲ့ဒါကတော့ ယမ်းစပ်ဖို့ ဝယ်တဲ့ ပစ္စည်းတွေနဲ့ မီးရှူးအတွက်
ဝယ်တဲ့ ကုန်ကျငွေတွေပါ။ မှတ် တမ်းထဲ မပါတဲ့
အသေးအမွှား အသုံးစရိတ် တွေ မပါသေးပါဘူး။
.
ကမ္ဘောဇတိုင်း ။ မပြိုင်ခင်ကရော ဆုရ မယ်ဆိုပြီး မျှော်လင့်ခဲ့တာမျိုး
ရှိလား။ အခုလိုရော ပထမဆု ရမယ်လို့ ထင်ထားခဲ့ သေးလားဗျ။
.
လူခန့်မီး ။ ဆုရဖို့ ဆိုပြီးတော့ ဝင်
ရောက် ယှဉ်ပြိုင်နေတာလည်း မဟုတ်ဘူး။ အဓိကကတော့ ရပ်ကွက်မှာ ရှိတဲ့ ညီအစ် ကိုတွေ၊ ဘော်ဒါအပေါင်းအသင်းတွေ
ပျော် ပျော်ရွှင်ရွှင်နဲ့ တောင်ကြီးသား ပီသစွာနဲ့ ဝင် ရောက် လွှတ်တင်တာ ဖြစ်ပါတယ်။ ဒီနှစ်
ကတော့ ကံကောင်းစွာနဲ့ ဆုရခဲ့တာပေါ့။ မျှော် လင့်မထားဘဲနဲ့ အခုလို ပထမဆုကို ရရှိခဲ့တာ
ဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း ။ အခုလို ပထမဆု ရရှိတဲ့ အတွက် ဖြစ်ပေါ်မိတဲ့ ဝမ်းသာပီတိကို ပြော ပေးပါဦး။
.
လူခန့်မီး ။ အားလုံး စည်းစည်းလုံးလုံး နဲ့ ကြိုးစားခဲ့တဲ့အတွက် အခုလို ရလဒ်ရတဲ့
အတွက် ဝမ်းသာပါတယ်။ ဒါပေမယ့် မီးပုံးပျံ အဖွဲ့က ကျွန်တော်တို့ကို သင်ပေးတဲ့ ဆရာသ မားတွေကိုတော့
အားနာမိတယ်ဗျ။ တခြား မီးဆရာတွေကို ပြောတာပါ။ သူတို့ကနေ ကျွန်တော်တို့ကို ယမ်းနဲ့ ပတ်သက်တာ၊
လုပ်ပုံကိုင်ပုံ ဒါတွေကို သင်ပေးထားလို့ ကျွန်တော်တို့က လုပ်တတ်တာပါ။ သူတို့မရဘဲ ကျွန်တော်တို့
ရတဲ့အတွက် မျက်နှာတော့ ပူမိပါတယ်။ ဆရာတွေကို ကျေးဇူးလည်း တင် နေမိပါတယ်။
.
ကမ္ဘောဇတိုင်း ။ အခု ပထမဆု ရခဲ့တဲ့ လူ ခန့်ညမီးကြီး မီးပုံးပျံရဲ့  အတိုင်းအတာနဲ့
ယမ်း ပိဿာချိန် အသေးအစိတ် အချက်အလက် လေးတွေကို ပြောပေးပါဦး။
.
လူခန့်မီး ။ ကျွန်တော်တို့ မီးပုံးပျံမှာ မီး ရှူးက ၃ ထောင်ကျော် ဝန်းကျင် ပါတယ်။
မီးပုံးပျံ အကုန်လုံးကတော့ ယမ်းခွေ ၃၉ ပိဿာ
ရှိရမှာ ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့ ယမ်းခွေက ဖရိန်ကို ပေါ့အောင်လုပ်ပြီး
ယမ်းကို ပို သုံးလိုက်တဲ့သဘောပါ။
.
ကမ္ဘောဇတိုင်း ။ အခု ပထမဆုရတဲ့ ဆုကြေး ငွေက ဘယ်လောက်လဲဗျ။ တခြားကုမ္ပဏီတွေ အနေနဲ့
ဆုချီးမြှင့်တာတွေရော ရှိသေးလား။
.
လူခန့်မီး ။ ဆုကြေးငွေကတော့ ပွဲကော် မတီက ပေးတဲ့အတိုင်း ကျပ်သိန်း
၇ဝ ပဲ ရပါတယ်။ တခြား သက်သက် ဆုချီးမြှင့်တာ မရှိပါဘူး။
.
ကမ္ဘောဇတိုင်း ။ အဲဒီ ဆုရတဲ့ ငွေတွေကိုရော ဘယ်လိုမျိုး အသုံးချသွားဖို့ ရှိပါသလဲ။
ဥပမာ- အလှူပြုလုပ်တာတို့၊ ချန်ထားတာတို့ပေါ့။
.
လူခန့်မီး ။ အခုရရှိတဲ့ ဆုကြေးငွေ တွေကို ရပ်ကွက်က ဘုန်းကြီးကျောင်းမှာ အလှူလုပ်မယ်။
မီးပုံးပျံ ပညာရှင်တွေထဲက သက်ကြီးရွယ်အိုတွေကို ကန်တော့မယ်။ ကျွန် တော်တို့အတွက်ဆိုပြီးတော့
ချန်မထားပါဘူး။ ဘာလို့လဲဆို ပထမဦးဆုံးအကြိမ် ဆုရတဲ့အ တွက် မီးပုံးပျံပညာရှင်တွေကို
ပြန်ပြီးတော့ ကန်တော့မှာပါ။ သူတို့က မီးပုံးပျံပညာတွေကို လက်ဆင့်ကမ်းခဲ့တဲ့အတွက်ပါ။
အလှူ လုပ်တဲ့ အခါမှာလည်း တစ်မြို့ လုံးက မီးပုံးပျံအဖွဲ့တွေ ကို ဖိတ်ကြားသွားမှာပါ။
နောက်နှစ်အတွက် မီးပုံးပျံ လုပ်ဖို့တောင် မချန်တော့ပါဘူး။
.
ကမ္ဘောဇတိုင်း ။ နောက်လာမယ့် နှစ်တွေမှာ ရော ပါဝင်ယှဉ်ပြိုင်သွားဖို့ အစီအစဉ် ရှိပါလား။
.
လူခန့်မီး ။ နှစ်တိုင်း ဝင်ပြိုင်နေတယ်။ ပြိုင်နေတာထက် ဝင်ပြီးတော့ မီးပုံးပျံ
လွှတ် နေတာပေါ့။ နောက်နှစ်တွေလည်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာပါ။
.
ကမ္ဘောဇတိုင်း ။ ဒီနှစ်မှာ လူခန့် ညမီးကြီးက ဘာကြောင့် ပထမဆု ရခဲ့တယ်လို့ ထင်လဲ။
.
လူခန့်မီး ။ ကျွန်တော်တို့ ညမီးကြီး ပ ထမဆု ရတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အမြင်သဘောထားကတော့
ကျွန်တော်တို့ မီးက အောက်မှာ မီးရှူး အရမ်းမလှဘူး။ ဒါပေမယ့် အတက်ကောင်းတဲ့ အပြင် ကောင်းကင်စံချိန်မှာ
မီးပုံးပျံက ဒိုင်အဖွဲ့ မြင်ကွင်းကနေ မကွယ် ပျောက်ဘဲ စံချိန် ကောင်းသွားပါတယ်။ အဲဒီမှာတင်
ကျွန်တော်တို့ လူခန့် မီးပုံးပျံက အမှတ် သာပြီးတော့ ဆုရသွားတယ်လို့ ထင်ပါတယ်။ တခြား
မီးပုံးပျံ အဖွဲ့တွေက ကျွန်တော်တို့ကို သင်ပေးခဲ့တဲ့ ဆရာတွေ ပါ ပါတယ်။ သူတို့ကိုတော့
ကျွန်တော်တို့က မ ကျော်နိုင်ပါဘူး။ အားလုံးက ညီအစ်ကို အဖွဲ့ တွေပါပဲ။
.
ကမ္ဘောဇတိုင်း ။ အားပေးခဲ့ကြတဲ့ ပရိသတ် တွေကိုရော ဘာတွေ ပြောချင်သေးလဲဗျ။
.
လူခန့်မီး ။ ကျွန်တော်တို့ မီးပုံးပျံက ပရိသတ်တွေ စိတ်ဝင်စားကြတဲ့ အရာတွေကို ထင်သလောက်
လုပ်မပေးနိုင်ခဲ့ပါဘူး။ ပ ရိသတ်တွေက မီးရှူးများများ ထွက်ပြီး ဒီဇိုင်း ဆန်းဆန်းလေးတွေ
လုပ်ပေးရင် ပိုပြီးတော့ သဘောကျပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မီးက အောက်မှာ မီးရှူးအထွက်
နည်းတယ်။ အဲဒီအတွက် ပရိသတ်ကို တောင်းပန်ပါတယ်။ နောက်နှစ်တွေမှာ ပရိသတ် သဘောကျ ဖြစ်
စေမယ့် မီးရှူးတွေကို တတ်နိုင်သလောက် လုပ်ဆောင်ပေးသွားပါမယ်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၊ မီးပုံး ပျံပြိုင်ပွဲကို
နိုဝင်ဘာလ ၁၄ ရက်မှ ၂၂ ရက်ထိ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ် ခဲ့ပြီးနောက်
နိုဝင်ဘာလ ၂၃ ရက်တွင် ဆုပေး ပွဲကို ကျင်းပခဲ့ရာ ညမီးကြီး မီးပုံးပျံ အမျိုးစား ပထမဆုကို
လူခန့်မီး၊ ဒုတိယဆုကို လူပဲ့မီး၊ တတိယဆုကို ကြယ်ပြောင်မီးနှင့် စိန်းနားပန် မီးပုံးပျံ
အမျိုးအစား ပထမဆုကို နေကြာစေ့မီး၊ ဒုတိယဆုကို ရောင်စုံမီး၊ တတိယဆုကို မီးအိမ် လူငယ်မီးတို့မှ
ရရှိခဲ့ခြင်း ဖြစ်သည်။
.
ညမီးကြီး ပထမဆု ရရှိခဲ့သည့် လူခန့်မီး မှာ
မှိုင်းခံအမှတ် ၁၄ ဒသမ ၇၅ ၊ ပုံသဏ္ဍာန် အမှတ် ၁၅ ဒသမ ၅ဝ ၊ အတက်စံချိန်အမှတ် ၁၉ ဒသမ ဝဝ
၊ အတက်ကောင်းမွန်မှုအမှတ် ၁၇ ဒသမ ဝဝ ၊ တန်ဆာပလာအမှတ် ၁၆ ဒသမ ၅ဝ ၊ စက္ခုပသာဒအမှတ် ၂၃ ဒသမ
ဝဝ ၊ စည်းကမ်းအမှတ် ၁၈ ဒသမ ဝဝ၊ စုစု ပေါင်းရမှတ် ၁၂၃ ဒသမ ၇၅ ဖြင့် ပထမဆု ကို ရရှိခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
□ စိုင်းရာဇာ တွေ့ဆုံ မေးမြန်းသည်။