တိုင်းရင်းသား မီဒီယာလုပ်ငန်းရှင်များအဖွဲ့ကို ဖွဲ့စည်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တိုင်းရင်းသား မီဒီယာလုပ်ငန်းရှင်များအဖွဲ့ကို ဖွဲ့စည်း


ရွှေရည်ဦး၊ ကမ္ဘောဇတိုင်း
.
တိုင်းရင်းသား မီဒီယာလုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်ရန် အတွက် မြန်မာနိုင်ငံတိုင်းရင်းသား မီဒီယာလုပ်ငန်းရှင် ဖြစ်မြောက်ရေး အဖွဲ့ ၉ ဖွဲ့မှ ပူးပေါင်းကာ တိုင်းရင်းသား မီဒီယာလုပ်ငန်းရှင်များအဖွဲ့ကို ရန်ကုန်မြို့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ 
.
 
.
တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် တိုင်းရင်းသားမီဒီယာ အဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၄ ရက်က ဗဟန်းမြို့နယ်၊ ရွှေလိပ်ပြာ ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီးနောက် အဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ထိုကဲ့သို့ တိုင်းရင်းသား မီဒီယာ လုပ်ငန်းရှင်များအဖွဲ့ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ မွန်သတင်းအေဂျင်စီမှ မန်နေးဂျင်းအယ်ဒီတာ ဦးမြင့်နိုင်က ''ကျွန်တော်တို့ တိုင်းရင်းသား မီဒီယာတွေ အရင်းအနှီးမရှိတော့လို့ တ ဖြည်းဖြည်း ပျောက်ကွယ်သွားတာ အခု လက်ချိုးရေလို့ ရသလောက်ပဲ ကျန်တော့တယ်။ တိုင်းရင်းသားတွေရဲ့ ဖြစ်ရပ်မှန်တွေ၊ သူတို့ရင်ထဲက လာတဲ့အသံတွေ ပြည်သူလူထု အမှန်အတိုင်းသိအောင် ဝေမျှချင်တယ်။ ဒါကြောင့် အရင်းအနှီး ရပြီး လုပ်ငန်း ဆက်လက်လုပ်ဆောင်နိုင်ဖို့နဲ့ စီးပွား လုပ်ငန်း တစ်ခုအနေနဲ့ တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ဆိုရင် ဒီလို အဖွဲ့မျိုး လိုအပ်ပါတယ်'' ဟု ပြောသည်။
.
အဆိုပါ ယာယီအဖွဲ့ကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် အခြေစိုက် သတင်းမီဒီယာ အဖွဲ့ ၉ ဖွဲ့တို့ဖြင့် ပါဝင် ဖွဲ့စည်းခဲ့ပြီး လာမည့် ဒီဇင်ဘာလ ပထမပတ်အတွင်း ကျန်ရှိနေသော တိုင်းရင်းသား မီဒီယာများအား ဖိတ်ခေါ်ဆွေးနွေးပြီး တိုင်းရင်းသားမီဒီယာလုပ်ငန်းရှင်များအသင်းအဖြစ် အတည်ပြု ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats