မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်၊ ရွှေလီမြို့သို့
သ ကြား၊ ဆန်နှင့် ကျွဲနွားများ တင်ပို့ရာ တွင် လတ်တလော၌ ဖမ်းဆီးစစ်ဆေး မှုများ ရှိနေခြင်းကြောင့်
အဝယ်မရှိသ ဖြင့် စီးပွားရေးလုပ်ငန်းရှင်များ အ ခက်တွေ့နေရကြောင်း မူဆယ်စီးပွား ရေးဈေးကွက်မှ
သိရသည်။
.
.
အောက်တိုဘာလမှ နိုဝင်ဘာလ အတွင်း တရုတ်နိုင်ငံဘက်မှ ဖမ်းဆီး မှု များပြားနေကာ
နွားများ အဝယ် ရပ်ထားသဖြင့် နွားတင်ပို့သည့် ကုမ္ပဏီ ၃ဝ ခန့်၏ နွားကောင်ရေ ၃ဝဝဝ ခန့်မှာ
မူဆယ်မြို့တွင် ထိန်း သိမ်းထားရပြီး ထိန်းသိမ်းစောင့် ရှောက်ခ၊ အစာရေစာကျွေးမွေးစရိတ်
များ ထပ်မံကုန်ကျနေသည့်အပြင် နွားများ အသားမလျော့စေရန် ဂရု စိုက်နေရသဖြင့် ကုန်ကျငွေတန်ဖိုး
များပြားလာနေပြီး မည်သည့်အချိန် တွင် ရောင်းချရမည်ကို မသိသဖြင့် အခက်တွေ့နေကြကြောင်း
နွားများ တရားဝင်တင်ပို့ခွင့်ရသူ ရွှေပြည့်စုံ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ် နန်းအေးမေက
ပြောသည်။
''အခက်ကတော့ အခက်ကြီးပဲ တရားဝင်သမားတွေ ဒုက္ခရောက်သ လို နွားမှောင်ခိုတွေ
ရပ်သွားတာ တော့ ကောင်းတယ်။ အခုမှောင်ခိုက တရားဝင်ရဲ့ နှစ်ဆလောက် ထွက်နေ တော့ နိုင်ငံတော်လည်း
အခွန်မရသ လို ဈေးကွက်မှာလည်း အဝယ်ခက် တော့ တရုတ်နိုင်ငံဘက်က မဝယ်မှ ဘဲ မှောင်ခိုရပ်သွားတယ်''ဟု
ဒေါ် နန်းအေးမေက ပြောသည်။
.
တင်ပို့ခွင့်၊ နားကပ်တပ်ခွင့်မရ သေးသည့် ကုမ္ပဏီများအနေဖြင့်မူ
¤င်းတို့နွားခြံများတွင်သာ ကျွေးမွေး နေရသဖြင့် တရုတ်ဘက်မှ အဝယ် ပြန်လိုက်မည်ကို စောင့်ဆိုင်းနေရ
ကြောင်း၊ ကုမ္ပဏီ ၅ဝ ခု ရပ်တန့် စောင့်ဆိုင်းနေရသည်ကို သိရသည်။
.
နိုင်ငံတော်မှ တရားဝင်နွားတင် ပို့ရောင်းချခွင့်ပြုပြီးနောက် နွားကောင်
ရေ ၇ဝဝဝ ကျော်ကိုရောင်းချနိုင်ခဲ့ ပြီးဖြစ်သည်ဟု ထပ်မံပြောဆိုသည်။
.
အလားတူ သကြားတင်ပို့ခွင့် Re-export ကို အစိုးရမှ မပိတ်မီ ကာလအထိ
တင်ပို့ခွင့်ရရှိထားသည့် ကုမ္ပဏီများမှာ တရုတ်နိုင်ငံဘက်မှ သကြားဈေးပေးမှု နည်းပါးလွန်းသည့်
အပြင် လတ်တလော အဝယ်မရှိ သ ဖြင့် မူဆယ်တွင် စုပုံနေရကြောင်း သကြားတင်ပို့သည့် ကုမ္ပဏီများထံမှ
သိရသည်။
.
ထို့အတူ တရုတ်နိုင်ငံသို့ ဆန် တင်ပို့နေသည့် ဆန်ကုန်သည်များ အနေဖြင့်လည်း
ဆန်အဝယ်မရှိသဖြင့် အခက်တွေ့နေရကြောင်း ပြောသည်။
.
''သကြားဈေးကွက်က ကြံထွက် တော့မယ့်အချိန်မှာမှ မရောင်းရရင် ဈေးကွက်ပျက်မယ့်
အခြေအနေရှိနေ တယ်။ ၁ဝ၅ မိုင်မှာလည်း သကြား တွေပုံနေပြီ''ဟု မြန်မာနိုင်ငံသကြား နှင့်
ကြံထွက်လုပ်ငန်းရှင်များအသင်း မှ ဒုတိယဥက္ကဌဖြစ်သူ ဦးဝင်းဌေးက မီဒီယာများ မေးမြန်းမှုကို
ဖြေကြား ထားသည်။ လက်ရှိတွင် ပြည်တွင်း သကြားတစ်ပိဿာလျှင် ပေါင်းသ ကြား ၁၁ဝ၅ မှ ၁၂ဝဝ
ကျပ်ခန့် ရှိ နေကြောင်း သိရသည်။
.
မြန်မာနိုင်ငံအနေဖြင့် နွား၊ သ ကြား၊ ဆန်များကို တရားဝင်ပြည်ပ ပို့ခွင့်ပြုထားသော်လည်း
တရုတ်နိုင်ငံ ဘက်တွင်မူ အဆိုပါ ကုန်စည်များကို ¤င်းတို့ လိုအပ်မှသာ တင်သွင်းခွင့်ပြု
ပြီး မလိုလျှင် ဖမ်းဆီးမှုများ ပြုလုပ် လျက်ရှိပြီး မြန်မာနိုင်ငံထွက် သစ်၊ ကျောက်စိမ်း၊
သတ္ထုများ တရားဝင် တင်သွင်းခွင့် ပြုထားသည်မှာ နှစ် နိုင်ငံကုန်သွယ်ရေး ခြားနားမှုများ
ဖြစ်ပေါ်လျက်ရှိသည့်အတွက် စီးပွား ရေးလုပ်ငန်းရှင်များ အခက်တွေ့နေရ ကြောင်း၊ နှစ်နိုင်ငံအစိုးရများအနေ
ဖြင့် ကုန်သွယ်မှု ညီမျှစေရေးအတွက် ညှိနှိုင်းလုပ်ဆောင်ပေးရေးအတွက် တောင်းဆိုလျက် ရှိသော်လည်း
အ ချိန်ကြာမြင့်သည်အထိ တိုးတက်မှု မရှိကြောင်း စီးပွားရေးလုပ်ငန်းရှင် များက ဝေဖန်ပြောဆိုလျက်ရှိသည်။
.
''ကုန်သည်ကတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစားကြတာပဲ၊ တ ရုတ်ကုန်သည်တွေလည်း
တရားဝင် ဂိတ်တွေက သွင်းခွင့်မရတော့ မြန်မာ ကုန်သည်တွေနဲ့ညှိပြီး ၁ဝ၅ မိုင် စစ် ဆေးရေးဂိတ်တွေကို
မဝင်တော့ဘဲ ကြူကုတ်၊ ပန်ဆိုင်းဘက်ကနေ လွတ်လွတ်လပ်လပ် ရောင်းဝယ်နေ ကြပါတယ်''ဟု ဆန်ကုန်သည်
တစ် ဦးက ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်က တရုတ်နိုင်ငံအနေဖြင့် အိန္ဒိ ယနိုင်ငံမှ
အမေရိကန်ဒေါ်လာ ၂ ဘီ လယံဖိုးခန့် ဆန်ရောင်းချရေး သဘော တူစာချုပ် တစ်ရပ်ကို လက်မှတ်ရေး
ထိုးခဲ့ခြင်းက မြန်မာနိုင်ငံ၏ ဆန်ဈေး ကွက်ကို ထိခိုက်စေမည်ဖြစ်ကြောင်း ဆန်ကုန်သည်များမှ
ဝေဖန်သုံးသပ် လျက်ရှိသည်။
.
.
.
#KBZTai #Shan