မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်
သည့် ပင်းတယ၊ ရွာငံမြို့နယ်များတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ယခု ထက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်
ရည် ရွယ်၍ ပင်းတယမြို့၊ ဟိုတယ်လုပ် ငန်းရှင်များအသင်း၊ Trekking Camping အဖွဲ့နှင့်
Himmalayas Outdoor Club တို့ ပူး ပေါင်းစီစဉ်သည့် တောင်တက်နှင့် ခရီးကြမ်း စက်ဘီးစီးအဖွဲ့ဝင်
၇ဝ ကျော်မှ သဘာဝအခြေပြုဒေသန္တရ ခရီးသွာလုပ်ငန်းမြှင့်တင်ရေး အ ထောက်အကူပြု စက်ဘီးစီးခရီးကြမ်း
ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
.
''၁၉၉၆ Visit Myanmar Year လုပ်ပြီးကတည်းက အနောက် က ဧည့်သည်အဝင်နည်းသွားတယ်။
အခုနောက်ပိုင်း ရခိုင်ပြဿနာအ ကြောင်းပြပြီး အဝင်သိပ်မရှိဘူး။ အ ခုအရှေ့ဘက် နိုင်ငံတွေကို
ဖြေလျော့ မှုတွေ ပြုပေးပြီး ဧည့်ဖိတ်ခေါ်သလို အနောက်ကိုလည်း ခေါ်နိုင်ရင် ကောင်းမယ်။ တကယ်ငွေသုံးနိုင်တာ
က ဥရောပက အများဆုံးသုံးတာ တွေ့ရတယ်။ ဒါကြောင့်အခု ခါကာ ဘိုရာဇီကို တက်ရောက်နိုင်ခဲ့တဲ့
ကို ပေါက်ကျိုင်းတို့ ဘေဘီလုံအဖွဲ့နဲ့ ပူး ပေါင်းပြီး ပြည်တွင်းပြည်ပ ဧည့်သည် တွေ ဒေသအလှတွေကို
ခုထိပိုမိုသိ ရှိ ခံစားမိလာအောင် မြှင့်တင်တဲ့အ နေနဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်'' ဟု
ပင်းတယမြို့နယ် ဟိုတယ်လုပ် ငန်းရှင်မျာအသင်း ဥက္ကဌဖြစ်သူ ဦး ကျော်ထွေးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
ပြည်တွင်း၊ ပြည်ပဧည့်သည်များ အနေဖြင့် ရွာငံမြို့နယ်အတွင်းရှိ ပ
လောင်ကျေးရွာများဖြစ်သည့် ရပ်စ ကျီ၊ တောင်မြင့်ကြီးကျေးရွာများနှင့် ပင်းတယမြို့နယ်အတွင်းရှိ
ဓနုတိုင်း ရင်းသားကျေးရွာများဖြစ်သည့် ကံလှ ကုန်း၊ အင်းယားကန်အနောက်ဘက် ကျေးရွာများသို့
ရောက်ရှိခြင်း မရှိ သေးသဖြင့် အဆိုပါ နယ်ဘက်သို့ အများပြည်သူသိရှိသွားရောက် လည်ပတ်နိုင်ရန်
ရည်ရွယ်ကြောင်း ¤င်းကရှင်းပြသည်။
.
ခရီးကြမ်းစီး ဘေဘီလုံစက်ဘီး စီးအဖွဲ့သည် နိုဝင်ဘာ ၃ ရက်၊ နံ နက်
၉ နာရီတွင် ဆင်ခေါင်းရပ်ကွက် ရှိ Golden Cave Hotel ရှေ့မှ ခရီး စတင်ထွက်ရှိပြီး ပုန်းတလုတ်ကန်ကို
ပတ်၍ ပင်းတယမြို့ ရေဖြူ၊ ဇော်ဂျီ၊ ရွှေပုထိုးရွာများကို ဖြတ်သန်းကာ အင်းယားကန်ကိုပတ်ပြီး
အနောက် ဘက် တောင်တက်လမ်းအတိုင်း ကံ လှကုန်းရွာကို ဖြတ်ပြီး မဲနယ်တောင် ကျေးရွာတွင်
ခေတ္တနားပြီးနောက် ပေ ၆ဝဝဝ ကျော်မြင့်သည့် မဲနယ် တောင်ပေါ်သို့ ခြေလျင်ခရီးဖြင့် တက်ရောက်ခဲ့ကြကြောင်း
သိရ သည်။
.
''ဒီခရီးစဉ်ကို လွန်ခဲ့တဲ့ တစ်လ ကတည်းက ဒေသဆိုင်ရာဦးစီးအဖွဲ့ ဆီ
စာတင်ထားခဲ့ပေမယ့် ညွှန်ကြားချက်မရလို့ ကိုယ့်အဖွဲ့ အစီအစဉ်နဲ့ ပဲ လုပ်ခဲ့ရပါတယ်။ အခု
လမ်းမှာ ဗခခငိနညအ ၃ ယောက်စက်ဘီးလဲလို့ အနည်းငယ် ထိခိုက်ပါတယ်။ အရိုး ထိတယ်လို့ ထင်ပေမယ့်
သက်သာ နေလို့ ဆေးရုံမပြတော့ပါဘူး။ အခု စက်ဘီးစီး အတွေ့အကြုံအရ ပင်းတယက လမ်းတွေဟာ စက်ဘီးစီးအား
ကစားဖွံ့ဖြိုးတိုးတက်ဖို့ အခြေအနေ အားကောင်းတဲ့ အနေအထားဖြစ်တာ ဖြစ်လို့ ထွန်းကားစေချင်ပါတယ်။
လာမယ့် နှစ်တွေမှာလည်း ဒီထက် ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေနဲ့ လုပ်ဆောင်နိုင်ဖို့
မျှော်လင့်ပါတယ်။ ရွာငံ၊ ပင်းတယ နယ်ခရီးသွားလုပ်ငန်း အခုထက် ပိုမို တိုးတက်စေဖို့ မျှော်လင့်ပါတယ်''ဟု
အဆိုပါ အဖွဲ့ကို ဦးဆောင်သူ ဦး အောင်စိုးထိုက်က ပြောကြားခဲ့သည်။
.
အဆိုပါ စက်ဘီးစီးအဖွဲ့သည် နို ဝင်ဘာ ၃ ရက် ညပိုင်းတွင် မဲနယ် တောင်ပေါ်ရှိ
Babylon Camp စခန်းတွင် ညအိပ်ပြီးနောက် နိုဝင် ဘာ ၄ ရက်တွင် မဲနယ်တောင်မှ ပြန် ဆင်းကာ
ရွာငံမြို့နယ်ရှိ ရေပြာအိုင်၊ တော့ကျယ် ရေတံခွန်များသို့ မိန်းမ ရဲတောင်လမ်းအတိုင်း
ခရီးကြမ်း စက်ဘီးစီးကာ ကလောမြို့တွင် ည အိပ်ရပ်နားခြင်းဖြင့် ခရီးစဉ်ကို အဆုံးသတ်ခဲ့ကြောင်း
သိရသည်။
.
ပင်းတယမြို့တွင် လက်ရှိ၌ ဟို တယ် ၆ လုံးရှိပြီး အခန်းပေါင်း ၂ဝဝ
ခန့်ရှိကာ နာမည်ကျော် ရွှေဥမင် ပင်း တယဂူ၊ ပုန်းတလုတ်ရေကန်နှင့် ကုံ လုံဆရာတော်၏ ဗိမ္မာန်တို့အပြင်
အ ခြားအထင်ကရ နေရာများလည်း တည်ရှိနေသည်။
.
.
.
#KBZTai #Shan