ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဂေါ်ဖီစိုက် တောင်သူများ အရင်းမရသည် အထိ အရှုံးပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဂေါ်ဖီစိုက် တောင်သူများ အရင်းမရသည် အထိ အရှုံးပေါ်နေ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင် တရား၊ ပင်လောင်း၊ အောင်ပန်း၊ ဟဲ ဟိုး၊ ကလော၊ ပင်းတယ၊ ရွာငံမြို့ များရှိ ဂေါ်ဖီစိုက်တောင်သူများအနေ ဖြင့် ရင်းနှီးစိုက်ပျိုးထားသည့် ဂေါ်ဖီ များ စရိတ် မကျေသည့်အပြင် အရင်း မရသည်အထိ အရှုံးပေါ်နေရကြောင်း ဂေါ်ဖီစိုက် တောင်သူများထံက သိရ သည်။ 
.
.
''အရင်းက လက်ကြီးစိုက်တောင် သူဆိုရင် ၁ဝဝ ကနေ ၁၂ဝ ကြားရှိ မယ်။ နွားချေးကအစ သွင်းအားစုအား လုံးပါတယ်။ အခုက ပြည်မက ထွက် ချိန်နဲ့တိုက်နေတော့ ရှမ်းထွက်မုန်လာ တွေဈေးမရဘူး၊ ဈေးမရပေမဲ့လည်း တစ်ရက်ကို ၁၂ ဘီးကား၂ဝလောက် တော့ ထွက်နေတယ်'' ဟု ရှမ်းပြည် နယ်တောင်ပိုင်း ဂေါ်ဖီစိုက်တောင်သူ များအသင်း ဥက္ကဌ ဦးစိုးဝင်းက က မ္ဘောဇတိုင်းသို့ပြောသည်။
.
ဆောင်၊နွေ၊မိုး ဂေါ်ဖီများအား အပင်ရေ ၅ဝဝဝဝ မှတစ်သိန်းအထိ စိုက်ပျိုးထားရှိပြီး ပွဲစားမှတစ်ဆင့် ရောင်းချရသော်လည်း နောင်တရား ကဲ့သို့ ၃ ရာသီမပြတ် စိုက်နေသည့် သူများအတွက် အရှုံးများပြားနိုင် ကြောင်း၊ယမန်နှစ်ကလို အခင်းကို ထယ်ထိုးပစ်ရသည်အထိ ဖြစ်ပေါ်မည် အား စိုးရိမ်ရကြောင်းကိုလည်း ဦးစိုး ဝင်းက ပြောဆိုခဲ့သည်။
.
''အရင်းက တစ်ပင်ကို ၇ဝ နဲ့ ၈ဝ ကြားရှိတယ်။ အခုက ပွဲစားတွေ က ၄ဝ ပဲ အများဆုံးပေးတယ်။ ဒါ တောင်အထုပ်လှပြီး ပိဿာထုပ်ဖြစ်မှ အခုက ရောင်းချင်တာတောင် ဝယ် လက်မရှိတော့ နောက်နှစ်စိုက်ဖို့ တောင် အားမရှိတော့ဘူး''ဟု ပင်းတ မြို့နယ်၊ ကွန်ကော်ကျေးရွာအုပ်စု၊ ဝါးပြားရွာမှ ဂေါ်ဖီစိုက်တောင်သူ ကို ကျော်မင်းထွေးက ကမ္ဘောဇတိုင်းသို့ ရှင်းပြသည်။
.
ဂေါ်ဖီထုပ်တစ်ပင်၏ စိုက်ပျိုး စ ရိတ် အရင်းအနှီးမှာ တစ်ပင်လျှင် ၈ဝ ခန့်ကုန်ကျပြီး အကယ်၍ ရာသီကုန် သည်အထိ ဝယ်ယူသူမရှိပါက စွန့်ပစ် ရမည့်အခြေအနေတွင် ရှိနေကြောင်း နှင့် လုပ်အားခများပါ ထပ်မံကုန်ကျ မည်ဖြစ်သည့်အတွက် ယခုနှစ်ဆုံးရှုံးမှု သည် လာမည့်ရာသီအတွက် အရင်း ပြုတ်သည်အထိ ခံစားရနိုင်သော ကြောင့် စိုးရိမ်ပူပန်နေရကြောင်းကို လည်း ကိုကျော်မင်းထွေးကဆိုသည်။
.
ဂေါ်ဖီထုပ်ဈေးနှုန်းနှင့် ပတ်သက် ၍ အများယူဆသကဲ့သို့ ပွဲစားလက်ထဲ တွင် ဂေါ်ဖီဈေးရှိနေသည် ဆိုခြင်းမှာ မမှန်ကြောင်းနှင့် ရန်ကုန်မှ ဂေါ်ဖီစိုက် တောင်သူသို့ ဈေးတိုက်ရိုက်ဖြတ်ပေး သည်ကို ဒေသခံပွဲစားများမှ ခင်းဖြတ်၊ ပင်ကြည့် အဆင့်ဖြင့်သာလုပ်ဆောင်  ပေးရခြင်း ဖြစ်သည့်အတွက် နေ့စား သဘောမျိုးသာရှိကြောင်းကိုလည်း ဟဲဟိုးမြို့နယ်၊ ဝါးရုံကျေးရွာမှ ဂေါ်ဖီ စိုက်တောင်သူဖြစ်သူ ပွဲစားကိုခင် မောင်ဌေးကရှင်းပြသည်။
.
ဂေါ်ဖီထုပ် တစ်ထုပ်လျှင်ပင်ဖြတ် ဈေး ၃ဝ၊၄ဝ ကျပ်နှင့် ရန်ကုန်အထိ ကားခ ၁ဝဝ ကျပ်၊ တင်ချလုပ်သားခ ၂ဝ ကျပ်ဖြင့် စုစုပေါင်း ကုန်ကျငွေ ၁၆ဝ ကျပ်ရှိနေကာ ရန်ကုန်တွင် (နို ဝင်ဘာ ၃ ရက်) ပေါက်ဈေး ၄၅ဝ ကျပ်ရှိနေသဖြင့် ဝယ်ရောင်းဘက်မှ ကိုက်သည်ဟု ထင်ရသော်လည်းကုန် အဝင်များပါက ဈေးအကျကြမ်းခြင်း အထားမခံခြင်းများကြောင့် တွက်ချေ ကိုက်ရန် စွန့်စားနေကြရသည်ဟု ကို ခင်မောင်ဌေးက ဆိုခဲ့သည်။
.
ဂေါ်ဖီထုပ်ကို ဇူလိုင်လနှင့် သြ ဂုတ်လများတွင် ကုန်းထုပ်အဖြစ် စိုက်ပျိုးကြကာ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ထွက်ရှိပြီး က လောမြို့နယ်၊ ရွာတော်ကျေးရွာထွက် ပုန်းအင်းဂေါ်ဖီထုပ်များကို နိုဝင်ဘာ လတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ထွက်ရှိကြောင်း တစ်ရာသီလျှင် ဒေ သခေါ် ဂေါ်ဖီထုပ် (မြန်မာခေါ်မုန်လာ ထုပ်) များ ထုပ်ရေ ၅ သိန်းခန့် ထွက် ရှိကြောင်းသိရသည်။
.
ဂေါ်ဖီထုပ်ကို ပင်းတယမြို့နယ်၌ ကျုံး၊ ပွေးလှ၊ ကူးကော်ကျေးရွာအုပ် စုများနှင့် ရွာငံမြို့နယ်တွင် ပွေးပြတ်၊ လွှစင်၊ ယကြီးတောင်ပို့ကွဲ ကျေးရွာ စသည့် ဒေသများတွင် အများအပြား စိုက်ပျိုးကြပြီး တစ်ဟကလျှင် အများ ဆုံးအပင်ရေ တစ်သောင်းခန့် စိုက်ပျိုး ကာ ရန်ကုန်၊ မန္တလေးနှင့် ထားဝယ်၊ ဘိတ်၊ မော်လမြိုင်၊ သထုံဘက်များ က ဝယ်ယူကြကြောင်း သိရသည်။
.
ဂေါ်ဖီစိုက်တောင်သူများအနေ ဖြင့် ဈေးကွက်တွင် သင့်တင့်သည့်ဈေး ရရှိရေးအတွက် နည်းလမ်းကို မ သိရှိကြသဖြင့် တာဝန်ရှိသူများအနေ ဖြင့် ဈေးကွက် အားကောင်းစေရန် ပံ့ပိုး ကူညီပေးနိုင်ရေးအတွက် မျှော် လင့်နေကြောင်းလည်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats