နေသွေးအောင်(မရမ္မာ)
.
.
အလွမ်းလွန်ပင်လယ်ပြင်၌ အနမ်းများငြိမ် သက်လျက်ရှိသည်။ မည်သည့်ဂီတနှင့်မျှ
မရော ယှက်သော လှိုင်းနဲ့ကမ်းတို့၏ ညင်သာသော ပုတ်ခတ်ထိရှမှုသည် သမာဓိရှိရှိဆွေးမြေ့နေ
သည့် အသံလှိုင်းပန်းချီကား တစ်ချပ်လိုဖြစ်၏။ အလွမ်း၏ကမ်းစပ်၌ ထိုင်ငေးမိသောစိတ်သည်
တစ်ဖက်ကမ်းကို မကူးမြောက်နိုင်သူ တစ် ယောက်အဖို့ ရာရာက ခြားနားလွန်းနေသည်ဟု ထင်ရ၏။
အလွမ်းနှင့် ရင်းနှီးခဲ့ရသော အချိန် ပညတ်တွေထဲမှာ အလွမ်းကတော့ ပရမတ္တစစ် စစ်ဖြစ်ပြီး
ပညတ်နှင့် ပရမတ်ပေါင်းစပ်ခြင်းမှာ သူက အလွမ်းသမား ဖြစ်ခဲ့လေသည်။
ဟုတ်ကဲ့ မင်းနန်လွမ်းနေပါသည်။ အ လွမ်းသမားလေး မင်းနန်၏အတိတ်သည်
စိုရွှန်း ပြောင်လက်ခဲ့ပြီး သူနေခဲ့ရာ ဝန်းကျင်တွင် သူ့ နာမည်က လင်းထင်းတောက်ပခဲ့၏။
ကဗျာရေး ရာတွင် တစ်ဖက်ကမ်းမကပ်ပေမယ့် ဝါသနာအ ချွန်မမြိစူးစူးတွေကြောင့် သူ့ကဗျာတွေက
သူ့ ဝန်းကျင်ကိုညှို့ငင်ထားနိုင်ခဲ့သည်။ သူက က ဗျာရေးရသည်ကို ဝါသနာထုံသည်ပဲ။ လွတ် လပ်
ဟန်ပန်အပြည့်မို့သူနှင့်ရင်းနှီးအကျွမ်းဝင် ရခြင်းသည်ပင် ဂုဏ်တစ်ခုဖြစ်ပြီး သူနှင့်ဆက်
ဆံသူတိုင်း ရွှင်မြူးအေးချမ်းသွားကြရ၏။ သူ့ အတိတ်သူ့ဝန်းကျင်မှာတော့ မင်းနန်အဖို့ အ
တန်အသင့် ပြည့်စုံခဲ့သည်မှာ ဆိုရပါလိမ့်မည်။ ထိုအတိတ်မှာ ချစ်ရသူတစ်ယောက် မင်းနန် ကောက်ရဖူးလေသည်။
အတိတ် ပစ္စုပ္ပန် မင်းနန် အနာဂတ် အသက်အရွယ် နှစ်ဆယ့်ငါးနှစ်မျှဖြင့်
အတွေ့အ ကြုံရင့်ကျက်ပြီဟု ကိုယ်ရည်သွေး၍ သူမဆိုချင် ပါ။ သို့သော် ဝင်ဆံ့ သလောက်သော
အသိ Óာဏ်တို့ ရှိနေပါပြီဟုတော့ ဆိုချင်ပါသည်။ (စာပေက လမ်းပြပေးသည်ထင့်)ကျောင်းသား ဘဝက
မေဂျာမတူဘဲ ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ ကဗျာအပိုင်းစလေးကို သတိရ မိသည်။
လူတွေ
လောကကြီးအကြောင်းကို
ဟန်လုပ်ပြောနေချိန်မှာ
ငါကတော့ ပန်းစိုက်နေမိတဲ့သူရယ်ပါ။
အချိန်နှင့်ဒီရေသည် လူကိုမစောင့်၊ မင်း နန်၏ ချစ်သူကရော မင်းနန်ကို
စောင့်နေပါမည် လော။ နာကျင်စရာကောင်း သော အဖြစ်အပျက် တချို့ထဲတွင် ချစ်သူနှင့်ဝေးကွာနေရခြင်းက
လည်း အပါအဝင်ဖြစ်ကြောင်း နားလည်ခဲ့ပြီ။ ''ဟူး တစ်နှစ်ပြည့်တော့မယ်ပေါ့လေ''
ရန်ကုန်အင်းလျားကန်ဘောင်ဘေးမှာ မတ်တပ်ရပ်နေရင်း သူ့အတွေးတွေက ချစ်သူ
ရှိရာအရပ်ကို ဘဝအဘိဓာန်ဖွင့်၍ ပြေးသွားနေ မိခြင်းဖြစ်သည်။
ထိုစဉ် ဘယ်ဆီကိုမင်းရောက်နေမလဲ၊ ဘာတွေကို မင်းလုပ်နေမလဲ။
လေးဖြူ၏ စာမျက်နှာတစ်ဆယ့်ငါးကို နား ဆတ်ဆတ်နှင့် ဖတ်မိလိုက်ခြင်းကလည်း
သူ့ လွမ်းစိတ်ကို ပို၍တိုးသွားစေ၏။
အို နန်းမို့ခမ်းဟွမ်လေးရယ်
.
(အချိန်ကား ၂ဝ၁၈ အောက်တိုဘာလ ၉ ရက်)
ပန်းအလင်္ကာကဖေး
အစွန်ကျကျ ဝါးပင်လေးအောက်က ထိုင်ခုံ ပေါ် နန်းမို့ခမ်းဟွမ်ဆိုသော
ကောင်မလေးတစ် ယောက် ပြီးတော့ လက်ဖက်ရည်တစ်ခွက်။
''သြော် သူက ဒီမှာလာပြီး အလွမ်းဖြေနေ တာပေါ့လေ။ လက်ဖက်ရည်ဆိုင်
လာတာကို ဖုန်းလေးဘာလေးတောင် မဆက်ဘူး''
''မဟုတ်ပါဘူးဟယ်''
''ဘာမဟုတ်တာလဲ မသိတာကျနေတာပဲ''
''ကိစ္စတစ်ခုနဲ့လာရင်း ဘာရယ်မဟုတ်ဘဲ ဝင်ထိုင်ဖြစ်သွားတာပါ''
''လာ ဒီမှာထိုင်သူငယ်ချင်း''
''ပြောပါဦး နင်ကရော ဘယ်ကနေဘယ် လိုရောက်လာတာလဲ''
''နင်စားချင်တာမှာလေ''
''မစားတော့ပါဘူးဟာ''
''ဆိုင်ဖျော်ကော်ဖီတစ်ခွက်ပေးပါ''
''ဒါနဲ့ မို့ခမ်း''
''အင်း ပြောလေ သူငယ်ချင်း''
''ဒီနှစ် တန်ဆောင်တိုင် နင့်ချစ်ချစ်လေး လာမယ်ပြောလား''
''ဘာ နင့်ချစ်ချစ်လဲ တရားမဝင်သေးဘူး နော် စကားပြောတာ ကြည့်ပြော''
''အမလေး မသိတာ ကျနေတာပဲ မို့ခမ်း''
''ဟဲ ဟဲ''
''သူ့အမေ ကျန်းမာရေးအရ လာမယ်၊ မ လာဘူးက မသေချာဘူးတဲ့''
''အဆက်အသွယ်တော့ ရှိတယ်မဟုတ် လား''
''အေး ဖုန်းတော့ ဆက်ရှာပါတယ်။''စ ကားသံများတိတ်သွားသည်။
ချယ်ရီနန်းက င်္ခေနဘသသု သုံးနေပြီး နန်း မို့ခမ်းကမူ သောက်လက်စလက်ဖက်ရည်ကို
တစ်ငုံခြိုက်ကာ ဆွေးငူရီမှိုင်းသော အကြည့်တို့ ဖြင့် အဝေးဆီငေးငိုင်နေမိ၏။ မည်သို့ဆိုစေ
က ဗျာဆန်ဆန် ကဖေးဆိုင်လေးမှာတော့ ကဗျာ တစ်ပုဒ် ဖြစ်သွားရချေပြီ။
လာနေကျလမ်း
ဆွေးရိပ်သန်းသော
မျက်ဝန်းများနှင့်
စောင့်စားနေမိ
သူမသိခဲ့။
.
တောင်ကြီးမြို့တော်၏ တန်ဆောင်တိုင်ပွဲ တော်နီးပြီဖြစ်သောကြောင့်
မီးပုံးပျံအလုပ်ရုံလေး ထဲမှာ ဟိန်းထက်အောင်တစ်ယောက် အလုပ် ရှုပ်နေပေပြီ။ ဒီနှစ် ၂ဝ၁၈
တန်ဆောင်တိုင်ပွဲ တော်မှာ သူတို့အဖွဲ့က ညမီးကျည်လွှတ်၍ ပြိုင်ပွဲဝင်ရန် စာရင်းပေးထားပြီဖြစ်သည်။
အ ကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်ဆိုတဲ့
သူ့လက်သုံးစကားအတိုင်း နေဝင်မိုးချုပ်မီးပုံးပျံ အလုပ်ရုံလေးထဲမှာပဲ အားထုတ်နေတော့၏။
မီးပုံးပျံတစ်လုံးဖြစ်မြောက်ရန် အချိန်များစွာယူရ သလို ငွေအင်အား လူအင်အားပါ စိုက်ရသည်။
အလှတရားတစ်ခုဖြစ်လာဖို့ဆိုတာ
တစ်ခါတစ်ရံ ဘဝကိုပါ
ရင်းနှီးမြုပ်နှံထားရတာမျိုးပေါ့။
.
''ရိုးရာ ရူးသွပ်တယ်ပဲ ပြောပြောကွာ၊ ငါ ကတော့ မီးပုံးပျံကို ငါ့အသက်တစ်ဝက်ထက်မ
ကအောင်ချစ်တယ်။''
''အေးပါ ငါနားလည်ပါတယ်ဟ ကျန်းမာ ရေးဂရုစိုက်ဖို့ပဲ ပြောတဲ့ဟာကို
မင်းကလည်း ကိုယ်ရည်သွေးနေတာ မပြီးနိုင်ဘူး''
''ရော် ခက်ပြီ မင်းနန် ငါတို့မီးပုံးပျံလုပ် တယ်ဆိုတာ ပွဲမတိုင်ခင်
ငါးလလောက်က တည်းက ကြိုပြီး ပြင်ဆင်ရတာဟ၊ ဒီကြားထဲ ရည်မှန်းချက်က ကမ္ဘာတစ်သိန်းလောက်ကြီးပြီ
ဆို တစ်နှစ်လောက်တောင် အချိန်ယူရတာမျိုး ကွ၊ ဒါတွေ မင်းနားမလည်သေးပါဘူး၊ မင်းက မို့ခမ်းကို
လွမ်းဖို့လောက်ပဲ ခေါင်းထဲရှိတာ''
''ဟ ဟေ့ကောင်၊ ဟိန်းထက်အောင် နိုင်ငံရေးတွေမပါကြေး၊ အခုဟာက မင်းကိုသ
တိရလို့ဖုန်းဆက်တာ မို့ခမ်းနဲ့မဆိုင်ဘူး''
''အင်း ပြောတာပါပဲလေ၊ ဒါနဲ့ ဒီနှစ်တန် ဆောင်တိုင် လာနိုင်တယ် မဟုတ်လား''
''လာချင်တာကတော့ တစ်ပိုင်းသေနေတာ ရယ်၊ ဒါပေမဲ့ အမေ့ကျန်းမာရေးအခြေအနေအ
ရ လာဖြစ် မလာဖြစ် မသေချာသေးဘူးလို့ ဆို ရမှာပေါ့''
''အေးပါ အမေ့ကျန်းမာရေးက အရေးကြီး တယ်၊ မင်းလည်း ဂရုစိုက်သူငယ်ချင်း၊
တန် ဆောင်တိုင်ကို လာဖြစ်မလာဖြစ် ဖုန်းကြို ဆက်''
''အေး အေး မင်းလည်း ဂရုစိုက်သူငယ် ချင်း''
''အဲဒါဆို ဒါပဲနော်သူငယ်ချင်း See You”
''အေး အေး See You”
''ငါလည်း ငါ့နှလုံးသားပြခန်းလေးထဲ ဝင် လိုက်ဦးမယ်''
မီးပုံးပျံအလုပ်ရုံလေးကိုရည်ညွှန်းကာ ဟိန်းထက်အောင်က ပြောလိုက်ခြင်းဖြစ်၏။
ထို့နောက် နှစ်ယောက်စလုံး ဖုန်းချသွားကြ သည်။
စိတ်အလျင်နှင့် ရွေ့လျားနေတဲ့အလွမ်းတွေ မင်းရှိရာမြို့လေးသို့အရောက်
ခရီးတစ်ထောက် မှ မနားခဲ့သလို ။
.
၂ဝ၁၇ ဟာ လွမ်းစရာတွေကို လက်ဆောင် အဖြစ် ထားရစ်ခဲ့သည်။ အခုလိုကျပြန်တော့
လည်း တစ်နှစ်ဟူသော အပိုင်းအခြားက ဘာမှ မကြီးကျယ်နိုင်လောက်အောင်ပင် မြန်ဆန်လွန်း ခဲ့ပါ၏။
အချိန်သည်လူကိုမစောင့်၊သို့သော် အ ချစ်ကလည်း အချိန်ကိုစောင့်မနေပါ။ လွမ်းရပါ သောကော။
အတိတ်ကိုတွေးမိသောအခါ မို့ခမ်းနှင့်ပုံ ရိပ်တွေက အိခနဲပြိုကာ စီးဆင်းလာ၏။
အတိတ်က ပစ္စုပ္ပန်သို့ခေါ်ဆောင်ခြင်း။
သို့မဟုတ် အတိတ်ကို ပစ္စုပ္ပန်သို့ ခေါ် ဆောင်ခြင်း။
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှ လှိုက်လှဲပျူငှာစွာ ကြိုဆိုပါ၏။
မှိုင်းညို့စိမ်းလွင်သော တောင်တန်းကြီး ကို နောက်ခံထား၍ အစိမ်းရောင်အက္ခရာများ ဖြင့် ခြယ်မှုန်းစီသထားသော
အဆိုပါ ရွှေရောင် မုခ်ဦးကြီးက ခန့်ထည်သော အပြုံးများဖြင့် ဆီး ကြိုနေသယောင်။ တောင်ပေါ်မြို့ကလေးသို့
အ ဝင်၊ အလှတရားကို ခံစားချင်သော စိတ်တို့က လည်း နှလုံးသားထဲမှ ဖျတ်ခနဲ ရုန်ြး<ွကလာ၏။
သိပ်လှတဲ့ မြို့ကလေးရေ တွန့်ကြေနေတဲ့ မျက် နှာထားနဲ့ မင်းအလှတရားကို ကြည့်ရလို့တော့
အားနာမိတယ်။
တောင်ကြီးမြို့ပေါ်သို့ ရောက်သောအခါ သူငယ်ချင်းဖြစ်သူ ဟိန်းထက်က ဆိုင်ကယ်ဖြင့် လာကြိုပါ၏။
ဟိန်းထက်အောင်အိမ်မှာ ခဏ နား၊ ရေချိုးပြီး နံနက်စာစားရန်အတွက် သူ ငယ်ချင်းနှစ်ယောက်
ထွက်လာခဲ့ကြ၏။ လမ်း မှာ ဟိန်းထက်အောင်က
''မင်း တို့ဖူးနွေးစားဖူးလား''ဟု မေး၏။
''မစားဖူးဘူး သူငယ်ချင်း''
''အဲဒါဆို တို့ဖူးနွေးပဲ သွားစားကြရင် ကောင်းမလား၊ မင်းလည်း စားဖူးသွားတာပေါ့''
''အေး ကောင်းသားပဲ''ဟုဆိုကာ
''ဒေါ်နန်းပန်''ဆိုသော ရှမ်းခေါက်ဆွဲဆိုင် လေးသို့သွား၍ တို့ဖူးနွေးစားဖြစ်ကြသည်။
တို့ ဖူးနွေးဘယ်လိုစားကြတယ် ဆိုတာကို ဟိန်း ထက်အောင်က ရှင်းပြပါသေးသည်။ စားပြီး သောအခါ
ကျသင့်ငွေရှင်း၍ ဆိုင်လေးမှထွက် လာခဲ့ပြီး စူဠာမုနိဘုရားသို့ သွားကြသည်။ လမ်းဘေးဝဲယာတစ်လျှောက်
သန့်ရှင်းမှုလေး တွေဖြင့် ဆောက်ထားသော ဝန်းကျင်သစ်ကို တွေ့ရ၏။ လတ်ဆတ်သော လေနုအေးကို
ရှု ရှိုက်ရ၏။ စဉ်းငယ်မျှကြာသော် တောင်ကုန်း တစ်ခုပေါ်မှာ ဣနြေ္ဒကြီးမြတ်စွာ တည်ရှိနေ သော
စူဠာမုနိစေတီတော်ကို မနီးမဝေးကပင် ဖူးမြင်ရပြီဖြစ်သည်။
ရင်ပြင်တော်ပေါ်သို့ရောက် သောအခါ အလိုလို နှုတ်ဆိတ်ငြိမ်သက်မိတော့ သည်။ စေတီတော်အတွင်းသို့ဝင်ကာ
အတန် ငယ်ကြာကြာ ဘုရားကိုအာရုံပြု၍ ကန်တော့ကြ ၏။ ပြီးမှ စေတီတော်အပြင်ကနေ လှည့်၍ပူ ဇော်ရင်း
ရင်ပြင်၏တစ်နေရာတွင် နှစ်ယောက် ထိုင်ကာ စကားဖွဲ့ဖြစ်ကြသည်။ သဘာဝအလှ တွင် ငေးမောကြ၏။
နံနက်ခင်း နေခြည်ဦးတို့ ချီလင်းစဖြစ်သောကြောင့် နေရောင်ခြည်တို့ သည် တောင်ချွန်းကြီးပေါ်မှဖြာ၍
ထိုးဆင်းကျ လာသကဲ့သို့ရှိသည်။ မြူခိုးတို့ကလည်း လွင့်ဝေ အုပ်မြူးနေပေသည်။ တောင်ခြေမှာတော့
သစ် ပင်စိမ်းစိုအမျိုးမျိုးတို့ဖြင့်။
စာဆိုတော် ဆရာကြီးမင်းသုဝဏ်က ဒီလို မြင်ကွင်းမျိုးကိုပဲ
တောင်ထိပ်က နေစွယ်
တောင်လယ်က မြူခိုး။
တောင်ခြေမှာ နတ်ထင်းက
သင်းကြူနံ့ဖြိုး။ ဟု စပ်ဆိုခဲ့တာ ဖြစ်မည်။
တောင်ခြေမှာ နတ်ထင်းတဲ့။ နတ်ထင်းဆို တာ ထင်းရှူးပင်ကိုခေါ်ဝေါ်တဲ့
အခြားအမည် တစ်ခုပဲ။ ဒီမြို့လေးကကော ထင်းရှူးမြို့တော် ပဲပေါ့လေ။ ကဗျာနဲ့ဒီမြို့လေးက
တစ်သား တည်းကျ၍ လှနေပေတော့သည်။
တောင်ပေါ်မြို့လေးသို့ မိမိရောက်နေခဲ့ သည်မှာ လေးငါးရက်ကြာပြီး ထိုရက်တွေမှာ
ဟိုပုံးမြို့အလွန်က ထမ်စမ်း သဘာဝလှိုဏ်ဂူ၊ ကျောက်တစ်လုံးကြီးဘက် ရှေးဟောင်းသမိုင်း ဝင်မွေတော်ကက္ကူဘုရား၊
တောင်ကြီးမြို့ရှိ တောင်ပေါ် ဘုရားစုံနှင့် ယဉ်ကျေးမှုပြတိုက်တို့ ကို သွားရောက်ဖူးမြော်
လည်ပတ်ခဲ့ပြီးဖြစ် သည်။ တောင်ကြီးမြို့က စာရေးဆရာ၊ ကဗျာ ဆရာ တချို့နှင့်လည်း ရင်းနှီးခွင့်
ရခဲ့သည်။ နှစ်ဆယ့်လေးနာရီတစ်ရက်တို့ ဘယ်လိုလွန်ခဲ့ သည်မိသအောင်ပင် ဒီမြို့လေးထဲမှာ
ပျော်ဝင် နေခဲ့မိသည်။
တန်ဆောင်တိုင်ပွဲတော် နီးကပ်လာသည် နှင့်အမျှ မိမိလိုနယ်ခြားမြို့များဆီက
ဧည့်သည် တွေလည်း သိုက်မြိုက်စွာ ဆိုက်ရောက်နေကြ ပေပြီ။ မြို့မဈေး၏ ဝင်ပေါက်ကြီးရှေ့တွင်
ရပ် ၍ကြည့်ရသော မြို့မြင်ကွင်းမှာ ကထိန်လှည့်သူ တွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့၊ ဧည့်သည်တွေက
တစ်အုပ်ပြီးတစ်အုပ်၊ ဆိုင်ကယ်ဦးထုပ်ဆောင်း ပြီး သွားလာနေတဲ့ မြို့သူမြို့သားတချို့၊
ဒီအ တိုင်းသွားလာနေသူတွေကတစ်ဖုံ မြို့လေးရဲ့ ဂုဏ်ကိုတော့ လူတိုင်းခြုံထားကြလေသည်။ နောက်တစ်ရက်ဆိုလျှင်
တန်ဆောင်တိုင်ပွဲတော် ကား စပါတော့မည်။ ထိုစဉ် -
''အိုး အမေ့''
''ခွက်၊ ဘုတ်''
တစ်စုံတစ်ယောက်၏ အာမေဋိတ်အသံနှင့် အတူ မိမိကိုင်လာသော ဖုန်းနှင့်စာအုပ်က
သမံ တလင်းပေါ်လွင့်စင် ပြုတ်ကျသွားသည်။
''ကျွန်မတောင်းပန်ပါတယ်ရှင်၊ အရေးတ ကြီး ပြေးသွားမိလို့ ဝင်တိုက်မိသွားတာပါ၊
ဘာ ဖြစ်သွားသေးလဲရှင်''
''ဘာမှ မဖြစ်ပါဘူးခင်ဗျ ရပါတယ်''
''ဖုန်းရော ကွဲသွားပြီလား၊ အဆင်မပြေ ရင် ကျွန်မပြန်လျော်ပေးပါ့မယ်ရှင့်၊
တကယ်ပြော တာပါ၊ ကျွန်မတကယ်လည်းတောင်းပန်ပါ တယ်''
''ဟုတ်ကဲ့ ရပါတယ်ခင်ဗျ၊ ဖုန်းလည်း ဘာမှမဖြစ်ပါဘူး၊ ဒါမျိုးက ဖြစ်တတ်ပါတယ်။
အစ်မလေးလည်း ဘာမှမဖြစ်ဘူးမို့လား၊ အရေး ကြီးတာပဲ အရင်သွားလုပ်လိုက်ပါ''
''ဟုတ်ကဲ့ရှင့်၊ ကျေးဇူးပါရှင့် အဲဒါဆို ကျွန်မကို ခွင့်ပြုပါဦး''
''ဟုတ်ကဲ့ပါခင်ဗျ''
ထိုနေ့ ကျွန်တော့်ရှေ့မှာ လိပ်ပြာလေးတစ် ကောင် အတောင်ပံခတ်နေခဲ့ပါသည်။
''မင်းနန်ရေ ဒီနေ့ ဖွင့်ပွဲဆိုတော့ လမ်းတွေ မပိတ်ခင် ငါတို့ ခပ်စောစောလေးကြိုသွားနှင့်ရ
အောင် ဟိုရောက်တော့ ဆိုင်တစ်ဆိုင်ဆိုင်ဝင် ပြီး အချိန်ကိုကုစားကြတာပေါ့''
''အေး အဆင်ပြေသလို လုပ်လေ သူငယ် ချင်း''
သို့နှင့် နေ့လယ်တစ်နာရီလောက်မှာပဲ မီး ပုံးပျံကွင်းဘက် ထွက်လာခဲ့ကြသည်။
ဈေးဆိုင် တန်းတို့ဖြင့် စည်ကားနေသော ပွဲတော်ဝန်းလေး ထဲမှာ ရောင်စုံသက်တန့်တွေရွေ့လျားနေသ
လို ကာလာတွေအပြိုင်ပွင့်နေကြပါပြီ။ မီးပုံးပျံကွင်း ကိုဖြတ်၍ တောင်ခြေစောင်းက စစ်တပ်အလွန်
မှာရှိတဲ့ ''ယုဒဿန်''ဆိုသော ကဖေးဆိုင်လေး ကို ရောက်သောအခါ ဟိန်းထက်အောင်က
''ငါ သူငယ်ချင်းအိမ်မှာ ဆိုင်ကယ်သွားထား လိုက်ဦးမယ်၊ မင်းအရင်ထိုင်နှင့်
ပြီးရင် ငါလာ ခဲ့မယ်''ဟုဆို၏။
''အေးအေး သူငယ်ချင်း''
ပြောပြောဆိုဆို မိမိက ဆိုင်အတွင်းတစ် နေရာတွင် ဝင်ထိုင်ကာ လက်ဖက်ရည်တစ်ခွက်
မှာလိုက်ပြီး ကုန်လွန်စေမယ့် အချိန်ကို စာအုပ် ဖတ်ခြင်းဖြင့် ကုစားနေမိသည်။
ဟိန်းထက်အောင်ကား ရောက်မလာသေး။ ထိုအချိန် စကားသံတချို့ဖွင့်၍ လူတချို့ဝင်လာ
ကြသည်။ မော့မကြည့်ဖြစ်ပါ။ ဖတ်လက်စ စာ အုပ်နဲ့မခွာဘဲရှိနေတဲ့ မိမိကို ''ဟို ဟို မနေ့က
ကျွန်မဝင်တိုက်မိတဲ့ အစ်ကိုမို့လား''မော့ကြည့် မိပါသည်။
''အော် ဟုတ်ကဲ့ ဘာမှမဖြစ်တာကို ရပါ တယ်။ ပြန် အားနာရအောင်လို့ဗျာ''
''အဲဒီလို မဟုတ်ပါဘူး၊ ကျွန်မက အားနာ နေတာ၊ သေချာလည်း မတောင်းပန်လိုက်ရလို့
လေ။ ပြီးတော့ ပိုက်ဆံအိတ်ကျန်ခဲ့တဲ့ အဒေါ် ကြီးကို ပြန်လိုက်ပေးချင်ဇောနဲ့ဆိုတော့''
''ဟုတ်ပါပြီ ရပါတယ်ခင်ဗျ၊ တကယ်စိတ် သဘောထား ပြည့်ဝကြတဲ့ တောင်ကြီးသူတွေ
ပဲ''ဟု မှတ်ချက်ပေးလိုက်မိ၏။ ထိုကောင်မ လေး မျက်နှာမှာတော့ ရှက်သွေးလေးတွေ ဖြတ်ပြေးသွား၏။
''ကျွန်တော်က စတာမဟုတ်ပါဘူးနော် တကယ်ပြောတာ''
မိန်းကလေးတွေမို့ ထိုင်ပါဟုပြောရန် ခက် နေသည်၊ ထိုကောင်မလေးနဲ့ပါလာသူ
မိန်းက လေးကပဲ ''ကဲ ကဲ မတ်တပ်ကြီးတွေနဲ့ အဆင် မပြေဘူး ဒီဝိုင်းမှာပဲ ထိုင်လိုက်ကြစို့၊
ပြီးရင် တောင်းပန်တဲ့အနေနဲ့ အစ်ကို့ လက်ဖက်ရည်ဖိုး ပါ နင် ရှင်းလိုက် မို့ခမ်း''ဟုပြောကာ
မိမိထိုင် နေတဲ့ ဝိုင်းမှာပဲ ထိုင်လိုက်ကြသည်။ ထို့နောက် သူတို့မှာချင်တာတွေ မှာလိုက်ကြပြီး
စာရင်း သောက်ရင်း စကားပြောဖြစ်ကြသည်။
''ကျွန်တော့်နာမည်က မင်းနန်ပါ၊ ရန်ကုန် မှာနေတယ်။ ဒီကိုအလည်လာတယ်၊
ရောက် တာက တစ်ပတ်ကျော်ပါပြီ''ဟု မိမိက စ၍ မိတ်ဆက်မိ၏။
''အော် ရန်ကုန်သားပေါ့''
''မဟုတ်ပါဘူး စစ်ကိုင်းဇာတိ ရန်ကုန်မှာ ကြီးပြင်းတာပါ''
ထိုကောင်မလေး၏ သူငယ်ချင်းက''ကျွန် မက ချယ်ရီမေပါ၊ သူကတော့ နန်းမို့ခမ်း၊
မနှစ် က ကျောင်းအတူတူပြီးတာ၊ အခု မိဘတွေရဲ့ အလုပ်မှာပဲ ဝင်ကူနေကြတာ''
''အင်း သမီးအလိမ္မာလေးတွေပေါ့''
''ဒါပေါ့ ဒါပေါ့ ဟဲ ဟဲ'' နှုတ်လက်ပေါ့ ပါးစွာ ချယ်ရီမေက ပြန်နောက်၏။
စကားဝိုင်းလေးမှာ ဖော်ရွေခြင်းတွေက သယ်ဆောင်လာတဲ့ ရင်းနှီးမှုတွေဟာ
တစ်စ ထက်တစ်စ ပြည့်နှင်းလာခဲ့ပြီ။ ကိုယ်စီရယ်သံ တွေကလည်း စွက်ဖက်လာ၏။ မမျှော်လင့်မိ
သော အခြေအနေလေးတစ်ခုမှာပဲ မမျှော်လင့် သော ဟိန်းထက်အောင်က ထူးဆန်းသော မျက်နှာရိပ်တို့ဖြင့်
ပြန်ရောက်လာခဲ့သည်။ သို့ သော် မမျှော်လင့်ထားသလိုပဲ ဟိန်းထက်အောင် နှင့် ချယ်ရီမေတို့
ရင်းနှီးနေပြန်သည်။
''ဟယ် ဟိန်းထက်အောင်ကြီးတော့''
''အမ် ချယ်ရီမေ နင်ကဘယ်လို ဘယ် လို'' စသည်ဖြင့် မေးခွန်းတွေ ထုတ်လွှင့်နေ
လေ၏။ အကြောင်းစုံ ရှင်းပြလိုက်တော့ သူ့မေး ခွန်းတွေက ရပ်တန့်သွားလေသည်။ ဟိန်းထက် အောင်
ပါလာတော့ စကားဝိုင်းမှာ ပို၍မြိုင် သွားပြီး မိမိလည်း ပေါ့ပါးလာရ၏။ သူငယ်ချင်း ၏ သူငယ်ချင်း
စနစ်ဖြင့် အားလုံးသူငယ်ချင်း ဖြစ်သွားကြသည်။ ထိုအထဲမှာ စကားနည်းသူ က နန်းမို့ခမ်းဆိုသော
အချောအလှကောင်မ လေးသာ ဖြစ်လေသည်။
နာရီလက်တံလေးတွေက လှပစွာ ရွေ့ လျားနေလေသည်။ ညနေစောင်းပြီ။ မီးပုံးပျံ
ကွင်းလေးဟာ သူ့ရင်ဘတ်ကို ကျယ်သလောက် ဖွင့်ကာရောက်လာသူလူအပေါင်းကို ကြိုဆိုထွေး ပိုက်ထားဟန်ရှိ၏။
အမှောင်နုနုတို့ဆင်းသက် လာသည်ကို တွေ့ရသလို ရာသီဥတုကလည်း စိမ့်ဝင်အေးမြလာ၏။ ဖွင့်ပွဲအချိန်နီးလာပြီမို့
လေးယောက်စလုံး ကွင်းထဲသို့ လမ်းလျှောက် ဆင်းခဲ့ကြသည်။ အိုးစည်သံ၊ ဗုံမောင်းသံတို့က
ခြိမ့်ခြိမ့်မြူးလျက် ကွင်းထဲ တစ်နေရာတွင် နေ ရာယူလိုက်ကြပြီး ထိုင်ခင်းအဖြစ် ပီနံအိတ်လေး
တွေ ရောင်းသူဆီက လေးခုဝယ်ကာ စုထိုင် ကြ၏။ စကားတွေပြောရင်း ရယ်ရင်းမောရင်း ဖွင့်ပွဲအလှကို
ငံ့လင့်နေမိကြသော ရင်ဘတ် ကိုယ်စီ၊ ဆန္ဒကိုယ်စီ၊ မိမိကတော့ ထိတ်သော ရင်ကိုဖိ၊ မို့ခမ်းအလှကိုလည်း
ခိုးငေးနေမိသည်။ ခိုးကြည့်နေသော မျက်ဝန်းကို သူမက မရည် ရွယ်ဘဲ ဖမ်းမိသွားသည်။ ရှက်ခိုးရိပ်တို့ဖြင့်
သူ မရဲ့စိတ်ပြတင်းကို အတင်းဖွင့်ကြည့်မိသည်။ ခွင့်လွှတ်ပါ၊ ကျွန်တော်မို့ခမ်းကို ချစ်နေခဲ့မိပါ
ပြီ။ သူမက ရှက်ပြုံးတစ်ခု စွန့်ကြဲလိုက်သလို မလိုလားဟန်ဖြင့် မပစ်ပယ်လိုက်တာကိုပဲ ပျော်
နေမိတော့သည်။ စက္ကန့်လေးတစ်ခုဟာ ကမ္ဘာ ပျက်ချိန်ကိုတောင် ညွှန်ပြနိုင်သေးတာပဲ၊ အ ချစ်ကို
ဘာလို့ မဖန်ဆင်းပေးနိုင်ရမှာလဲလေ။
တန်ဆောင်တိုင်ဖွင့်ပွဲက စပါပြီ။ အားလုံး သော လူထု၏မျက်နှာမှာ အပြုံးတွေအပျော်တွေ
က ပို၍ဝင်းပပွင့်လင်းသွားကြသည်။ တောင် စောင်းတစ်ခုမှာ အလှမီးတွေဆင်၍ ဖော်ကြူး ထားသော
''တောင်ကြီးမြို့တော်၏ တန်ဆောင် တိုင်ပွဲတော်''ဆိုသော စာတန်းကြီးက ထင်းနေ ၏။
''ဝေး ဟေး အိုး ဖြောင်း ဖြောင်း ဖြောင်း''
အာမေဋိတ်အသံတွေနဲ့အတူ အားလုံးရဲ့ လက်ခုပ်သံတွေ လွင့်ဝေမြည်ဟီးသွားသလို
နေရာအသီးသီးက မီးရှူးမီးပန်းတွေကလည်း ကောင်းကင်တစ်ခွင်မှာ အလင်းပန်းတွေအဖြစ် ပွင့်ကုန်ကြသည်။
လူ့ပြည်မှာ ပွင့်တဲ့အလင်းပန်း များ၊ အတိအကျဆိုရသော် တောင်ကြီးမြို့မှာ ပွင့်တဲ့အလင်းပန်းများ။
''ဟယ် လှလိုက်တာနော်''မို့ခမ်းဆီက အ သံလွင့်လာသည်။ မို့ခမ်းလည်း
လှနေပါတယ် လေ၊
''ခဏနေရင် မီးပုံးပျံလွှတ်တော့မှာ''ဟု ဟိန်းထက်အောင်ကပြော၏။
''အေး အဲဒါကိုပိုကြည့်ချင်တာ၊ လွှတ်မယ့် နေရာနားထိ သွားကြည့်လို့ရလား''
''ရတာပေါ့ လာသွားကြစို့၊ ဆယ်လီပွေ နင်တို့လည်း လိုက်မယ်မဟုတ်လား''
''လိုက်မှာပေါ့ ဘာတုန်း နင်ကခွဲခြားခွဲခြား လုပ်ချင်တာလားဟင် ဟိန်းထက်အောင်''
''ဆယ်လီပွေ စကားပြောတာကြည့်ပြော''
''ဘာဆယ်လီပွေလဲ နင်ကများ ဟိန် ထက်ကောင် ဟိန်းထက်ကြောင်''
ထိုအခြေအနေကို ''တော်ပါတော့ဟာ''ဟု ပြောကာ ဟိန်းထက်အောင်နှင့် စကားစစ်
ခင်းနေတဲ့ ချယ်ရီမေကို မို့ခမ်းက ထိန်းလိုက်၏။ လွှတ်မယ့်မီးပုံးပျံကို လူညီသူညီ ဝိုင်းကိုင်ထား
ကြ၏။ မီးအလှလေးတွေ ချိတ်သူက လိုက်ချိတ် ကြသည်။
''ပြီးပြီလားဟေ့ မှိုင်းပြည့်တော့မယ်၊ မြန် မြန်လေး လုပ်ကြဟေ့''လို့
မီးစာတုတ်ကြီးကိုင် ထားသူက ပြော၏။
''အေး မီးအလှချိတ်လို့ ပြီးပြီဆိုရင် အောက်က မီးဆွဲအလှ ယူခဲ့တော့''
''ထိန်းထား၊ ထိန်းထား''
''ခဏလေး''
''အေး ရပြီ ရပြီ''
''အဲဒါဆို လွှတ်တော့မယ်''
''အေး မှိုင်းကို ဝအောင်ဖြည့် မလောနဲ့ ဖြည်းဖြည်း''
မီးပုံးပျံလွှတ်နေသူတွေဆီက အသံတွေဖြစ် သည်။ မီးပုံးပျံလွှတ်မယ့် ဘေးနားမှာတော့
အိုး စည်ဗုံမောင်းသံက မြိုင်ဆိုင်စွာ အားဖြည့်ထား သေးသည်။
''လွှတ်ပြီဟေ့''
''လွှတ် လွှတ် တည့်အောင်ထိန်းထား''
''ဝေး ဟေး ဝိုး''
ပရိသတ်ထုကြီးက သြဘာသံများပြု၍ လက်ခုပ်တီးကာ ထောပနာပြုကြပြန်သည်။
လမင်းအသစ်တစ်စင်း လွင့်ကူးသွားသလို မီးပုံးပျံတစ်လုံး ကောင်းကင်ပေါ်သို့
ဝင့်ချီသန်း သွားသည်။ ဘေးနားမှာရှိတဲ့ လမင်းကတော့ ကျွန်တော့်ရင်မှာ အလင်းပေးလို့ နောက်ထပ်မီး
ပုံးပျံတစ်လုံး လွှတ်ရန်ကျန်နေသေးသည်။ အ စောက စိန်နားပန်ခေါ် အလှမီးဖြစ်ပြီး နောက် ထပ်
လွှတ်မယ့်မီးပုံးပျံက မီးကျည်ဟု ဆိုကြ သည်။ အလှတရားနှစ်ခုအပြိုင်မှာ ကျွန်တော့ ရင်ဘတ်က
အနှိုင်းမဲ့ခဲ့ပါလေသည်။
ထိုနေ့ဖွင့်ပွဲညတွင် ပြီးဆုံးအောင်ကြည့်ပြီး အပြန်မှာ သူတို့နှစ်ယောက်က
ဆိုင်ကယ်တစ် စီး ကျွန်တော်တို့နှစ်ယောက်က ဆိုင်ကယ်တစ် စီး၊ သီးခြားစွာ လမ်းခွဲခဲ့ရပါသည်။
မနက်ဖြန် ညနေကားဖြင့် ပြန်မယ့်မိမိအဖို့ ရင်နာစရာ ကောင်းတော့၏။ လွမ်းရီမျှော်ငေးမိသမျှ
ထိုည အိပ်မက်များလည်း လှခဲ့ပါသည်။
နောက်တစ်နေ့တွင် မို့ခမ်းအတွက် မာဖ လာအနွေးလေး တစ်ထည်နှင့် သူမအတွက်
မိမိလက်ရေးဖြင့် ရေးထားတဲ့ ''လမင်းကိုပြိုင် ၍ လှနိုင်သောသူ''ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို
မို့ခမ်းကိုပေးပေးဖို့ ဟိန်းထက်အောင်ထံ တောင်းဆိုရပါသည်။
''အေးပါ သူငယ်ချင်းရာ စိတ်ချ ငါအ ရောက်ပို့ပေးမယ်''
''အေးပါ ကျေးဇူးတင်ပါတယ်ကွာ ဒီရင် ဘတ်အထုတ်ကြီးကိုတော့ လွှတ်ချဖို့
မဖြစ်နိုင် တော့လို့ပါကွာ''
''ဟား ဟား ဟား ကဗျာဆရာ ငိုတာ ငါ တွေ့ဖူးပြီဟေ့၊ စတာပါ နောက်တစ်နှစ်ပြန်လာ
လို့ ရပါသေးတယ်၊ အားမငယ်နဲ့ ငါ့ကောင်''
''အေး အဲဒီလို မျှော်လင့်ရတာပဲ''
''ကားထွက်တော့မယ် ပြန်ပြီနော် သူငယ် ချင်း''
''အေး အေး အဆင်ပြေပါစေကွာ''
ခေါင်းညိတ်ကာ ကားပေါ်တက်လာခဲ့တော့ သည်။
အမှတ်တရတွေထဲမှာ မို့ခမ်းနဲ့တွေ့စဉ်က အက်ကြောင်းထသွားတဲ့ ဖုန်းလေးတစ်လုံး
ပြီး တော့ သူမရဲ့ဖုန်းနံပါတ်၊ ငါ့မှာ မျှော်လင့်ချက် တွေ ရှိသေးတယ်ပေါ့လေ။
ရန်ကုန်ပြန်ရောက်တော့ မို့ခမ်းဆီဖုန်းဆက် သည်။ ပြန်မယ်ဆိုတာကို
အသိမပေးလို့ ပထမ စိတ်ဆိုးသည်။ မိမိပေးလိုက်သော မာဖလာနှင့် ကဗျာကို ရကြောင်းပြောသည်။
ကျေးဇူးတင် ကြောင်းပြောသည်။ ကဗျာက ဖတ်လို့ကောင်း ကြောင်း ပြောသည်။ ထို့နောက် တိတ်ဆိတ်
သွားရသည်။ ထိုမျှသာ-
''ဟဲလို''
''အေး ပြော သူငယ်ချင်း''
''တန်ဆောင်တိုင်ပွဲ နီးပြီနော်၊ မင်းမလာ ဖြစ်ဘူးလား''
''လာဖြစ်မယ် ထင်တယ်၊ အမေ့ကျန်းမာ ရေးအခြေအနေကောင်းပြီ၊ ပွဲမပြီးခင်တော့
ရောက်မှာပါ''
''အေး မျှော်နေသူ ရှိတယ်နော် မြန်မြန် လာ''
''အေးပါ မြန်မြန်လာဆိုမှ ကားလက်မှတ် တောင် ရပါ့မလား မသိဘူး''
''ဘာဖြစ်ဖြစ်ကွာ မရောက်ရောက်အောင် လာခဲ့နော်''
''အေးအေး ပြီးတာပဲ''
''ဒါနဲ့ မင်းတို့အဖွဲ့က ဘယ်နေ့လွှတ်မှာ လဲ''
''ငါတို့အဖွဲ့က နောက်ဆုံးနေ့မရောက်ခင် နှစ်ရက်အလိုမှ လွှတ်ရမှာ''
''အော် အေး မီလောက်ပါတယ်ကွ၊ ငါ့ သူငယ်ချင်းကို အားပေးရမယ်''
''အေးပါ အေးပါ အဲဒါဆို ဒါပဲနော်မင်းနန် လာ၊ မလာ သိချင်လို့ ဖုန်းလှမ်းဆက်လိုက်
တာ''
''အေးပါ သူငယ်ချင်း မကြာခင်တွေ့မယ်''
ဟိန်းထက်အောင်နဲ့ဖုန်းပြောပြီးနောက် မို့ ခမ်းဆီကို လာဖြစ်တယ်ဆိုတဲ့အကြောင်း
လှမ်း ပြောတော့ တကယ်လားဆိုတဲ့ လေသံက ပျော် ရွှင်နေသည်ဟု ထင်ရသည်။ လွမ်းတယ် မို့ ခမ်းရယ်။
တောင်ကြီးမြို့လေးရှိ တန်ဆောင်တိုင်ပွဲ တော်သို့ သွားရပေဦးမည်။
၂ဝ၁၇ က အိပ်မက် ဟာ အခု ၂ဝ၁၈ မှာ အလင်းသစ်သာဖြစ်ရပါစေ တော့ မို့ခမ်းရေ။ အလွမ်းတွေစိုက်ခဲ့တဲ့
ရင် ဘတ်ထဲမှာ အနမ်းတွေလည်း အူလှိုက်သည်း လှိုက် ပွင့်ခွင့်ရပါရစေ၊ အတွေးထဲမှာတော့ လ မင်းကိြုေ>ွခတဲ့
အလင်းပွင့်တွေ ရှိခဲ့တဲ့ညကို မြင် ယောင်နေမိသေးသည်။
.
.
.
#KBZTai #Shan