ကျောက်မဲတွင် ၁၂ ဘီးယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ ပြင်းထန်စွာ ဒဏ်ရာရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် ၁၂ ဘီးယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ ပြင်းထန်စွာ ဒဏ်ရာရရှိ



မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင် အမှတ် ၁၀၉/၂ နှင့် ၁၀၉/၃ အကြားတွင် နိုဝင်ဘာလ ၆ ရက်၊ ညနေပိုင်းက ဆိုင်ကယ် ၁ စီး အရှိန်ပြင်းစွာကျော်တက်မောင်းနှင်ရာမှ ဆိုင်ကယ်ချင်းချိတ်ကာ ချိတ်ခံရသည့်ဆိုင်ကယ်မှာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ၁၂ ဘီးယာဉ်နှင့် တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရှိရသည်။
.
 
.
“အရှိန်မထိန်းနိုင်တော့ အန္တရာယ်ကို ဖိတ်ခေါ်သလိုပါပဲ။ အချိတ်ခံရတဲ့သူကတော့ သတိမရသေးဘူး။ ဆေးရုံမှာ စိုးရိမ်ရအနေနဲ့ ကုသ နေဆဲဖြစ်ပါတယ်။ နောက်မှာစီးလာတဲ့မိန်းမကတော့ ကံကောင်းလို့ ခါးနာတာလောက် ပဲ ဖြစ်တယ်”ဟု ကျောက်မဲဇီဝိတိလူမှုကူညီရေးအသင်းမှ ဦးတင်မောင်သိန်းက ဆိုသည်။
.
ကျောက်မဲမြို့၊ ရပ်ကွက်(၂)၊ မန္တလေး-လားရှိုးသွားကားလမ်းပေါ် ခရိုင်သာသနာရေးရုံးရှေ့၊ ပြည်ထောင်စုကားလမ်းမကြီး မိုင်တိုင်အမှတ်(၁၀၉/၂နှင့်၃ကြား) တွင် နိုဝင်ဘာလ ၆ ရက်၊ ညနေပိုင်းက ကျောက်မဲဘက်မှ သီပေါဘက်သို့ လားရှိုးမြို့နေ၊ စန်းနိုင်(၃၆)နှစ်မောင်းနှင်လာပြီး နောက်ထိုင်ခုံမှ ၄င်း၏ဇနီးဖြစ်သူ ဒေါ်ရီဝင်း(၃၆)နှစ်၊ လိုက်ပါလာသည့် ဆိုင်ကယ်သည် လားရာတူ သီပေါဘက်သို့ ရပ်ကွက်(၂)၊ ကျောက်မဲမြို့ နေ သူ ဦးအိုက်ပု(၆၅)နှစ်မောင်းနှင်လာပြီး နောက်ထိုင်ခုံတွင် ၄င်း၏ဇနီးဖြစ်သူ ဒေါ်အေးမွန်း(၆၃)နှစ်မောင်းနှင်လာသည့် ဆိုင်ကယ်အား ယာဘက်ဘေးမှ ကျော်တက်ရာ ဆိုင်ကယ်ချင်း ချိတ်မိကာ ဦးအိုက်ပုမောင်းနှင်သည့် ဆိုင်ကယ်မှ တစ်ဘက်ယာဉ်ကြောအတွင်းရောက်ရှိသွားကာ မျက်နှာချင်းဆိုင်တွင် သီပေါဘက်မှ ကျောက်မဲဘက်သို့  မိတ္ထီလာမြို့နေသူ ဇော်မင်းထွန်း(၄၀)နှစ်မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်၏ ယာဘက်ခေါင်းထောင့်အား ဝင်ရောက်တိုက်မိသဖြင့် ဦးအိုက်ပုတွင် စိုးရိမ်ရဒဏ်ရာရရှိကာ ဒေါ်အေးမွန်မှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ခါးနာကျင်၊ ၀ဲဘက်ဒူးပွန်းဒဏ်ရာများရရှိသဖြင့် ကျောက်မဲဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
.
သို့ဖြစ်၍ ဆိုင်ကယ်ကို လူထိခိုက်လောက်အောင် မဆင်မခြင်မောင်းနှင်သူ စန်းနိုင် အား ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats