မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်နိုဝင်ဘာလ ၇ ရက် နံနက် ၃ နာရီခွဲအချိန်ခန့်က နေရာ
၂ ခုမှ မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေသူများအား ဖမ်းဆီးရမိကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ
သိရှိရသည်။
.
.
“ပထမနေရာက
မြတ်မနောဟိုတယ်မှာ၊ ဒုတိယနေရာကတော့ ကုန်းမြင့်သာယာရပ်ကွက်မှာ နှစ်နေရာလုံးမှာ မူးယစ်ဆေးဝါး
သုံးတဲ့သူတွေကို ဖမ်းမိပါတယ်”ဟု အောင်ပန်းနယ်မြေရဲစခန်းတာဝန်ကျအရာရှိ ဒုရဲအုပ်ဇော်နိုင်ဝင်းက
ကမ္ဘောဇတိုင်းသို့ ပြောကြားသည်။
တောင်ကြီးမူးယစ်တပ်ဖွဲ့စု(၂၅)မှ
ရဲအုပ်စိုးနိုင်ဦးစီးတပ်ဖွဲ့ဝင်များ၊ အောင်ပန်းနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်
ဒုရဲအုပ်ဇော်လင်းထွန်းဦးစီးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၇ ရက် နံနက် ၃ နာရီခွဲခန့်တွင်
သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေးရှိ
မြတ်မနောဟိုတယ်၊အခန်း နံပါတ် C-1 သို့ဝင်ရောက်ရှာဖွေရာ တည်းခိုနေသူ ချစ်ဇော်(၃၂)နှစ်၊
နယ်မြေ(၉)၊ အေးမြင့်သာယာရပ်ကွက်၊ ရပ်ကွက် (၃)နေသူနှင့်ချစ်ဆန်းမောင်(ခ)ဇာကစ်(၁၈)နှစ်၊ာ
လိပ်စာတူတို့နှစ်ဦးထံမှ ရူးသွပ်ဆေးပြား ၁၃၀နှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲရန်အသင့်ပြုလုပ်ထားသည့်
ကိရိယာ(၁)ခု၊ ရှာဖွေတွေ့ရှိသဖြင့် ရှာဖွေပုံစံဖြင့်သိမ်းဆည်းပြီး ချစ်ဆန်းမောင်နေထိုင်ရာ
ကုန်းမြင့်သာယာအိမ်တွင် သွားရောက်စစ်ဆေးရာ ၎င်းအိပ်သည့် ခေါင်းအုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား
၆၀၀ပြားကို ထပ်မံရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍
မူးယစ်ဆေးဝါးများအား သုံးစွဲရန်နှင့်ဖြန့်ဖြူရန်အလို့ငှာ ထားရှိသူ ချစ်ဇော်နှင့်ချစ်ဆန်းမောင်(ခ)ဇာကစ်
တို့ ၂ ဦးအား အောင်ပန်းနယ်မြေရဲစခန်းမှ မယ(ပ) ၁၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်ဖမ်းဆီးအမှုဖွင့်စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai
#Shan