နောင် (မြစ်မခ)
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်၊
ကုံးမုန်ကျေးရွာအတွင်းမှ ရောင်းချသုံးစွဲနေသည့် မူးယစ်ဆေးဝါးများ အား ဒုတိယ
အကြိမ်မြောက် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သီပေါမြို့မ ရဲစခန်းမှ သိရှိရသည်။
ကုံးမုန်ကျေးရွာအတွင်း မူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချသည့်
သတင်းအရ နိုဝင်ဘာ ၂၂ ရက်က နယ်မြေခံ တပ်မတော်သားများဝင်ရောက်ရှာဖွေရာ
စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဘိန်းဖြူနှင့် ဘိန်းမဲများကို ဖမ်းဆီးရမိခဲ့ ကြောင်း
သိရသည်။
“အရင်က ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေ ရှာဖွေဖမ်းဆီးခဲ့ဖူးတဲ့ရွာပါ။
အခုကတော့ တပ်မတော်ကဖမ်းဆီးခဲ့တာပါ။ အမှုဖွင့်နိုင်ဖို့အတွက် စိစစ်နေဆဲဖြစ်ပါတယ်။
အိမ် ၄ အိမ်က ဖမ်းမိတာပါ။ ပထဆုံးအိမ်မှာက ၄ ဦးနဲ့ ၂ အိမ်က တစ်ဦးစီနဲ့
ကျန်တစ်အိမ်မှာတော့ လူမရှိပါဘူး။’’ဟု သီပေါမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး
ဝင်းတင်ကပြောသည်။
နေအိမ်များမှ ဘိန်းဖြူ ၁၈၀ ဒဿမ ၈၅၇၆ ဂရမ်၊ တန်ဖိုး ၃၃၆၇၈၉၄
ကျပ်၊ ဘိန်းမဲ ၆ ဂရမ်၊ တန်ဖိုး ၄၈၀၀ ကျပ်၊ WY စိတ်ကြွရူးသွပ်ဆေး ၁၃၉၈၄ ပြား၊
တန်ဖိုး ၂၇၉၆၈၀၀၀ ကျပ်အပြင် မူးယစ်ဆေးဝါးရောင်းချရာမှရရှိငွေ ကျပ်သိန်း ၃၀ ကိုပါ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နေအိမ်များမှ မူးယစ်ဆေးဝါးများနှင့်ဖမ်းဆီးရမိသည့်
အိုက်စော(၄၅)နှစ်အတူ ၃ ဦး၊ ဆက်စပ်ပါဝင် သူ ၂ ဦး၊ စုစုပေါင်း ၆ ဦးကို
သီပေါမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
“ဒီရွာဝန်းကျင်ကို ရောက်ရင် အရမ်းဂရုစိုက်ရတယ်။ သူတို့တွေက
လမ်းဘေးမှာတင် သုံးစွဲရောင်းချနေကြတာ။ အရင်ကတော့
သစ်ခိုးခုတ်ရင်းနဲ့သုံးစွဲကြတာလို့တော့ သိရတာပေါ့။ အရင်က
ကားတွေကိုလည်းရန်ရှာဖူးတယ်။
ကျွန်းတောဆိုတာ ဒီဖက်လမ်းမှာ နာမည်ကြီးပဲ။’’ဟု ကားလေးယာဉ်မောင်း ကိုနေသန့်ကပြောသည်။
ကျွန်းတောဆိုတာ ဒီဖက်လမ်းမှာ နာမည်ကြီးပဲ။’’ဟု ကားလေးယာဉ်မောင်း ကိုနေသန့်ကပြောသည်။
အဆိုပါရွာအတွင်း
သီပေါမြို့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၉ ရက်ကလည်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ပြီး
ယခင်က လည်း အချုပ်တွင်းရောက်နေသူတစ်ဦး၏ ၎င်းရွာရှိနေအိမ်မှ မူးယစ်ဆေးဝါးများ
ဖမ်းဆီးရမိခဲ့သည်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။