စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
တတိယအကြိမ်မြောက် အင်းသားအမျိုးသားနေ့ အခမ်းအနားကို ညောင်ရွှေမြို
့၊ မြို့ တော်ခန်းမတွင် ယနေ့ နိုဝင်ဘာလ ၈ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အင်းတိုင်းရင်းသားများ စည်းလုံးညီညွှတ်ရေး၊ ဒေသတွင်းရှိ ညီနောင်တိုင်းရင်းသားများနှင့်အတူ
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများတွင်
အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့ကတော့
ဖွင့်ပွဲသဘောပါ။ ဒီနေ့ကတော့ အဓိကနေ့ပါပဲ။ ဒီနေ့က အင်းသားအမျိုးသားနေ့ ဖြစ်တယ်။ ညပိုင်းမှာ
ပျော်ပွဲရွှင်ပွဲလုပ်မယ်။ မနက်ဖြန်ကျရင် မနက်ပိုင်း ဘော်လီဘော ဗိုလ်လုပွဲ ရှိမယ်။ ညပိုင်းကျ
အကအလှတွေနဲ့ ပိတ်ပွဲ လုပ်မယ်။ လုပ်တာကတော့ ၃ ရက် လုပ်တာဖြစ်တယ်။ ဒါပေမယ့် နိုဝင်ဘာ
၆ ရက်က လူထုဆွေးနွေးပွဲ လုပ်ခဲ့ပါသေးတယ် ” ဟု အင်းသားအမျိုးသားနေ့ ကျင်းပရေးဦးစီးကော်မတီမှ
အတွင်းရေးမှူး ဦးဝင်းဇော်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နိုဝင်ဘာ ၆ ရက်က လူထုဆွေးနွေးပွဲ ပြုလုပ်ရာတွင် အင်းသားများ၏ တရားဝင်အလံနှင့်
အမျိုးသားနေ့ ရုံးပိတ်ရက် ရရှိအောင် လုပ်ဆောင်သွားရန် အင်းတိုင်းရင်းသား/သူများမှ ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
တတိယအကြိမ်မြောက် အင်းသားအမျိုးသားနေ့ကို နိုဝင်ဘာ ၇ ရက်က စတင်ဖွင့်လှစ်
ခဲ့ခြင်းဖြစ်ပြီင်္း ယနေ့ နိုဝင်ဘာ ၈ ရက်၊ တန်ဆောင်မုန်းလဆန်း ၁ ရက် နံနက်ပိုင်း၌ လှေထိုးသား
၄၅၀၀ ဦးဝန်းကျင်မှ သရုပ်ပြဆွဲလှေ ၄၈ စီးဖြင့် ဖောင်တော်ပြန်စက်လှေဆိပ်၊ VIP အဆောင်ရှေ
့ရှိ နန်ကတ်ချောင်းအတွင်း ရိုးရာ ရာကျော် လှေများဖြင့် ချီတက်သရုပ်ပြလှော်ခတ်၍ အင်းသားလူထုကြွေးကြော်သံများဖြင့်
သံပြိုင်သီဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် ရှမ်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ “ကျွန်တော်တို့ဟာ အင်းသားလူမျိုးလို့ ပြောလိုက်တာနဲ့
ကမ္ဘာကျော် အင်းလေးကန်ကြီးကို တွဲမြင်ကြမှာဖြစ်ပါတယ်။ ရေပေါ်မှာ အိမ်ဆောက်ပြီး နေထိုင်ကြတာ
ရာသီ သီးနှံတွေကို ကျွန်မျောပေါ်မှာ စိုက်ကြတာ၊ ခြေထောက်တစ်ဖက်တည်းနဲ့ လှေလှော်ခတ်ကြ
တာတွေဟာ အင်းသားအမျိုးသားတွေရဲ့  ကိုယ်ပိုင်အမှတ်လက္ခဏာ ဖြစ်ပါတယ်။ အင်းလေးကန်ကြီး ရေရှည်တည်တံ့နိုင်ဖို့အတွက်
အင်းသား၊အင်းသူများက အင်တိုက်အားတိုက် ကြိုးပန်းအားထုတ်နေကြသလို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း
ကူညီအားဖြည့် ပေးသွားမှာဖြစ်ပါတယ်” ဟုအမှာစကား ပြောကြားခဲ့သည်။
.
.
အင်းသားအမျိုးသားနေ့ကို ယခင်က အင်းသားဆုံစည်းရာနေ့အဖြစ် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး
လက်ရှိအစိုးရ ၂၀၁၆ ခုနှစ်မှ စတင်၍ အင်းသားအမျိုးသားနေ့အဖြစ် အမည်ပြောင်းလဲ ကျင်းပခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
တတိယအကြိမ်မြောက် အင်းသားအမျိုးသားနေ့ ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ
၉ ရက် ညပိုင်းတွင် ပျော်ပွဲ၊ ရွှင်ပွဲများပြုလုပ်ကာ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan