ကျောက်မဲမြို့တွင် နွားများတင်ဆောင်လာသော ကုန်တင်ယာဉ် တစ်စီး အပစ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့တွင် နွားများတင်ဆောင်လာသော ကုန်တင်ယာဉ် တစ်စီး အပစ်ခံရ



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ စခန်းသာကျေးရွာ၊ အဝေးပြေးလမ်းမတွင် နိုဝင်ဘာလ ၂၈ ရက်၊ ညပိုင်းအချိန်က နွားများတင်ဆောင်လာသော ကုန်တင်ယာဉ် တစ်စီးအား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုမှပစ်ခတ်သဖြင့် ယာဉ်မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
မန္တလေး-လားရှိုးမူဆယ်လမ်း၊ ကျောက်မဲမြို့မှ ၆ မိုင်ခန့်အကွာ စခန်းသာကျေးရွာ မရောက်မီတွင် နွားများ တင်ဆောင်လာသော ကုန်ယာဉ် ၅ စီးအနက် ရှေ့ဆုံးယာဉ်အား လက်နက်ကိုင်အဖွဲ့တစ်ခုမှ ပစ်ခတ်သဖြင့် ယာဉ်မောင်းမှာ လက်မောင်းနှင့် နားထင်တွင် သေနတ်ဒဏ်ရာများ ရရှိခဲ့ရာ ကျောက်မဲဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရပြီး အခင်းဖြစ်နေရာတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့  နှစ်ဘက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နွားကားပေါ်ပါသည့် လူ ၂ ဦးပျောက်ဆုံးလျက်ရှိပြီး လုံခြုံရေးအဖွဲ့များမှ လိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats