ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့ နယ်များတွင် အသုံးပြုနေသည့် လိုင် စင်မဲ့ အင်ဂျင်စက်တပ်နှင့် လျှပ်စစ် သုံးဘီးဆိုင်ကယ်များကို
နိုဝင်ဘာလ ၁ ရက်မှ စတင်၍ ယာဉ်မှတ်ပုံတင်များ ပြုလုပ်ပေးနေလျက်ရှိပြီး နိုဝင်ဘာ လ ၂၃
ရက်ထိ အစိုးရ ရုံးဖွင့်ချိန် များအတွင်း ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ လိုင်စင်မဲ့ သုံးဘီးဆိုင် ကယ်များကို ကျိုင်းတုံမြို့နယ်
အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး ဝန်းရှိ OSS ရုံး၌ ဆောင်ရွက်ပေး နေခြင်း ဖြစ်ပြီး
မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းယန်း မြို့နယ်များတွင်လည်း ယာဉ်မှတ်
ပုံတင် လုပ်ငန်းများ ဆောင်ရွက်နိုင် ရေးအတွက် အကြောင်းကြား ထား ကြောင်း သိရသည်။
''နေရာတစ်ခုတည်းမှာ အမြန်ဆုံး ယာဉ်မှတ်ပုံတင် လုပ်ဆောင်ပေးနိုင်ဖို့
စီစဉ်ထားပါတယ်။ သက်ဆိုင်ရာ ဌာ နတွေ ဖြစ်ကြတဲ့ အကောက်ခွန်၊ ဘဏ်၊ အာမခံလုပ်ငန်းတွေလည်း
အဆင်သင့် ဆောင်ရွက်ပေးကြမှာ ဖြစ်ပါတယ်'' ဟု ကျိုင်းတုံမြို့ရှိ တွဲဘက် ပြည်နယ်ကုန်းလမ်း
ပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ရွှေက ယာဉ်မှတ်ပုံတင်
လုပ်ငန်းဆောင်ရွက်ပေးသည့်အခြေအနေနှင့် ပတ်သက်၍ ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
လိုင်စင်မဲ့ သုံးဘီး ဆိုင်ကယ် များအား ယာဉ်မှတ်ပုံတင် ဆောင်ရွက်
ပေးရာ၌ ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်ထိ ထုတ်လုပ်သော ယာဉ်များ ပါဝင်ပြီး ဟောင်းနွမ်းချို့ယွင်းသော
သုံးဘီးဆိုင်ကယ်၊ လူစီး သုံးဘီးဆိုင် ကယ်နှင့် ဒေသတွင်း တပ်ဆင်ထား သည့် ဆိုင်ကယ် ဘေးတွဲယာဉ်များ
မပါဝင်ကြောင်း သိရသည်။
.
'' မှတ်ပုံတင် လိုင်စင် လုပ်ပေး မယ်ဆိုတာတော့ ကောင်းပါတယ်။ ဒါပေမယ့်
ခုအချိန်က လယ်ယာလုပ် ငန်းချိန်၊ ကထိန်ရာသီ ဖြစ်နေပြီး ခု လတ်တလောမှာ မိုးကလည်း ဆက်
တိုက်ရွာနေပါတယ်။ မော်ဒယ်အနိမ့် အမြင့်နဲ့ ကုန်ကျမယ့်ငွေကို ရှာဖွေ ရဖို့အချိန်လည်း
လိုပါသေးတယ်။ အချိန်ကပ်မှ သိရသလို ဖြစ်နေပါ တယ်။ သတ်မှတ်ရက်ကို တိုးပေးရင် တော့ ကောင်းတာပေါ့
'' ဟု သုံးဘီး ဆိုင်ကယ် ပိုင်ရှင်တစ်ဦးက ကမ္ဘောဇ တိုင်းသို့ ပြောဆိုခဲ့သည်။
.
မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက် ရာ၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား
မှုဦးစီးဌာန၊ မြန်မာ့အာမခံရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် ပေး သွင်းရမည့် ငွေမှာ
၃၅၃၅ဝ ကျပ် ဖြစ်ပြီး အကောက်ခွန်ဦးစီးဌာနမှ ကောက်ခံမည့် နှုန်းထားမှာ ယာဉ် ထုတ်လုပ်သည့်
နိုင်ငံ၊ ထုတ်လုပ် သည့် ခုနှစ် ၊ အင်ဂျင်ပါဝါတို့အပေါ် မူတည်၍ ကောက်ခံသွားမည် ဖြစ်ကာ
အနိမ့်ဆုံး ၂ဝဝ၈ ခုနှစ်၊ တရုတ်နိုင်ငံထုတ် သုံးဘီးဆိုင်ကယ် အတွက် ကောက်ခံမည့် အကောက်
ခွန်နှုန်းမှာ ၁ဝ၁ဝ၄၆ ကျပ် ဖြစ် ကြောင်း သိရသည်။
.
.
.
#KBZTai #Shan