ကမ္ဘာ့နိုင်ငံ ၉ဝ ခန့်အနက် အင်္ဂလိပ်စာ အညံ့ဆုံး ၁ဝ နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်နေဟု စစ်တမ်းတစ်ခုတွင် ဖော်ပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘာ့နိုင်ငံ ၉ဝ ခန့်အနက် အင်္ဂလိပ်စာ အညံ့ဆုံး ၁ဝ နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်နေဟု စစ်တမ်းတစ်ခုတွင် ဖော်ပြ


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ကမ္ဘာပေါ်ရှိ နိုင်ငံများအနက် အင်္ဂလိပ်စာကို မိခင်ဘာသာအဖြစ် အသုံးမပြုသည့် နိုင်ငံများ၏ အင်္ဂလိပ်စာ တတ်မြောက်မှု ရာခိုင်နှုန်းအခြေအနေကို နှစ်စဉ်လေ့လာသုတေသနပြု စစ်တမ်းကောက်ယူနေသည့် Education First(EF) အဖွဲ့၏ ၂ဝ၁၈ ခုနှစ် စစ်တမ်းများအရ မြန်မာ နိုင်ငံသည် စစ်တမ်းကောက်ယူခဲ့ သည့် နိုင်ငံပေါင်း ၈၈ နိုင်ငံအနက် အဆင့် ၈၂ တွင် ရပ်တည်နေပြီး အင်္ဂလိပ်စာ အညံ့ဆုံး ၁ဝ နိုင်ငံတွင် ပါဝင်နေသည်ဟု ဖော်ပြထားသည်။
.
 
.
အဆိုပါစစ်တမ်း  Global Ranking of Countries and Regions အရ အုပ်စု ၅ စုခွဲခြားထားရာ အမြင့် ဆုံး Very High တွင် ၁၂ နိုင်ငံ၊ အ မြင့်အဆင့်  High တွင် ၁၅ နိုင်ငံ၊ အလယ်အလတ်အဆင့် Moderate တွင်၁၇ နိုင်ငံ၊ အညံ့ Low အဆင့် တွင် ၂၁ နိုင်ငံ၊ အညံ့ဆုံး Very Low အဆင့်တွင် ၂၂ နိုင်ငံစုစုပေါင်း ၈၈ နိုင်ငံကိုလေ့လာကောက်ယူ ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
.
အမြင့်ဆုံး နိုင်ငံများတွင် ဆွီဒင်၊ နယ်သာလန်၊ စင်ကာပူ၊ နော်ဝေတို့ အစဉ်လိုက်ပါရှိနေပြီး အညံ့ဆုံး ၁ဝ နိုင်ငံ အနေဖြင့် အောက်ဆုံးမှ လစ်ဗျား၊ အီရတ်၊ အုစဘက်ကစ်စ တန်၊ ကမ္ဘောဒီးယား၊ အာဖကန်နစ္စ တန်၊ ဆော်ဒီအာရေဗျ၊ မြန်မာ၊ အယ်လ်ဂျီးရီးယား၊ ကာဇက်စတန်၊ အိုမန်တို့ ပါဝင်ကြောင်း သိရသည်။
.
အာဆီယံနိုင်ငံများအနေဖြင့် စင်္ကာပူမှာ ကမ္ဘာ့နံပါတ် ၄ နေရာတွင် ရှိပြီး ဖိလစ်ပိုင်မှာ အဆင့် ၁၄၊ မလေး ရှား ၂၂၊ ဗီယက်နမ် ၄၁၊ အင်ဒို နီးရှား ၅၁၊ ထိုင်း ၆၆၊ မြန်မာ ၈၂၊ ကမ္ဘောဒီးယား ၈၅ ဖြစ်ကြကာ ယင်း စာရင်းတွင် လာအိုနှင့်ဘရူနိုင်းနိုင်ငံ တို့ပါဝင်ခြင်းမရှိသည်ကို တွေ့ရ သည်။
.
''ပြည်တွင်း၊ ပြည်ပဘယ်လိုနေ ရာတွေမှာ ဘယ်လိုတိုင်းတာသလဲ ဆိုတာတော့ သေသေချာချာ မသိရ ဘူး။ ပြည်တွင်းမှာတော့ ဆိုက်ကား သမားကအစ ထမင်းစားရေသောက် ကို ပြောတတ်ကြပါတယ်။ ပညာရေး ကဏ္ဍကတော့ ၁၉၆၂ နောက်ပိုင်း ကျလာတာကတော့ အထင်အရှားပါ။ ဒါပေမဲ့ အခုတော့ လူငယ်တွေ နိုင်ငံ တကာမှာ ထွန်းပေါက်နေတာ အများ ကြီးတွေ့နေရတော့ဒီဆန်းစစ်ချက် ကို မှန်ရဲ့လားလို့ သံသယရှိတယ်။ အ ဓိကတော့ သံတမန်အသိုင်းအဝိုင်း က အရေးကြီးပါတယ်။ ဘာသာဗေဒ အရ၊ လုပ်ငန်းအရည်အချင်းအရ စေ လွှတ်တဲ့သူတွေအနေနဲ့ ကမ္ဘာသုံးဘာ သာစကားကို အများကြီးကျွမ်းကျင် ဖို့လိုပါမယ်။ ကျောင်းတွေဆိုရင်လည်း အစိုးရကျောင်းတွေတော့ မပြောတတ် ဘူး၊ ပြင်ပကျောင်းတွေကတော့ အင်္ဂ လိပ်စာကျွမ်းကျင်မှုကို အဓိကထား တာဖြစ်တဲ့အတွက် မညံ့ပါဘူး။ အ တွေ့အကြုံအရတော့ ထိုင်းဆိုရင် မြန် မာထက်မတော်ပါဘူး။ တခြားအာဆီ ယံနိုင်ငံတွေထက်စာရင် မြန်မာ့ အင်္ဂလိပ်လေသံကအကောင်းဆုံးပါ'' ဟု မြန်မာနိုင်ငံမှ နိုင်ငံခြားသို့အလုပ် ကိစ္စဖြင့် မကြာခဏခရီးသွားလေ့ရှိသူ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေ များအသင်းမှ တရားရုံးချုပ်ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောသည်။
.
အလားတူ ပြည်တွင်းမှ တိုးလ် ဂိုက်တစ်ဦးဖြစ်သူ ဦးဇော်ဝင်းက လည်း ''မဖြစ်နိုင်ဘူး၊ နိုင်ငံကိုလာကြ တဲ့ နိုင်ငံခြားသားတွေထဲမှာ အာရှကို ဆိုရင် အင်္ဂလိပ်စာ၊ စကားကျွမ်းကျင် မှု မြန်မာလောက်မကောင်းပါဘူး။ လုပ်ငန်းခွင်ထဲမှာ လက်တွေ့ကြုံနေရ တာဖြစ်လို့ မြန်မာတွေ အင်္ဂလိပ် စာ ကျွမ်းကျင်မှု ညံ့တယ်ဆိုတာ လက် မခံနိုင်ပါဘူး''ဟု ¤င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
Education First(EF)  အဖွဲ့၏ ကောက်ယူခဲ့သည့် အဆိုပါစစ်တမ်း တွင် အိမ်နီးချင်းနိုင်ငံများ၏အဆင့် ဖော်ပြချက်မှာ  အိန္ဒိယ ၂၈၊ တရုတ်၊ ၄၇၊  ဘင်္ဂလားဒေ့ရှ် ၆၃ တို့ ဖြစ်ကြ ကြောင်း ဖော်ပြပါရှိသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats