ကျော်လင်းထွန်း (ချောင်းဦး)
.
.
'လက်ဦးဆရာ၊မည်ထိုက်စွာ'
'ပုဗ္ဗာစရိယ၊ မိနှင့်ဖ(ဘ)'
.
မှန်ပါသည်။ ယနေ့ခေတ်တွင်ပို၍သိသာနေ ပါသည်။ ခေတ်ရေစီးကြောင်းကို
အလွယ်တကူ ဆင်ခြေပေးပြီး စာသင်သားအရွယ်မူကြို၊ွု မှ သည် အခြေခံပညာ အထက်တန်းအဆင့်အထိ
ကလေးအများစုမှာ အိမ်တွင်းရှိ လက်ဦးဆရာ မိ ဘနှစ်ပါးနှင့် နေထိုင်ရမှုမှာ အချိန်နည်းလှပါ
သည်။ စီးပွားရေးဆိုပြီး သက်မဲ့ရတနာ (ရွှေ၊ ငွေ၊ ဥစ္စာဓန)နောက်လိုက်နေရ၍ တန်ဖိုးမဖြတ်
နိုင်သော သက်ရှိရတနာ (သားရတနာ၊ သမီးရ တနာ)တို့ကို တစ်ပါးသူနှင့် ဆရာ၊ ဆရာမ၊ က လေးထိန်း၊
စာကျက်ဂိုက်၊ နီးစပ်ရာအုပ်ထိန်းသူ နှင့် ပစ်ထားနေကြသည်။ အလွန်ဝမ်းနည်းဖွယ် ကောင်းပါသည်။
.
တကယ်ဆို အိမ်တွင်းမိသားစုတတွေ မိဘနှင့် သားသမီးအတူနေခိုက် မိဘမှ
သားသမီး ကို သင်ပြပေးစရာ အများကြီးရှိပါသည်။ မိဘ ကိုယ်တိုင် ပတ်ဝန်းကျင်မှ၊ စာအုပ်စာပေမှ
လေ့လာသင်ကြား၊ ရှေ့ဆောင်လမ်းပြ ဖတ်ရွတ် ပြလျှင် သားသမီးများပို၍လိမ္မာလာပါမည်။ ထို့
ကြောင့်ပင် စာအုပ်စင်ရှိသောအိမ်၊ စာဖတ်ကြ သောမိသားစုမှ မွေးဖွားလာသော၊ ကြီးပြင်းလာ
သော ကလေးများနှင့် ယှဉ်လျှင် အကောင်းအ ဆိုးခွဲခြားဆင်ခြင်နိုင်စွမ်း ပိုနေကြသည်။
အိမ်တွင်းစာအုပ်စင်နှင့်
စာအုပ်များ၊စာကြည့်ခန်း
.
ငယ်စဉ်(သတ္တမတန်း)က 'ရှင်မဟာ ရဋ္ဌ သာရဆုံးမစာ' ကို မှတ်မိနေသေးသည်။
.
'မှတ်ဖွယ်မှတ်ရာ၊
ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။
ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်၊ သိမြင်ကင်းကွာ
မလိမ္မာလည်း၊ စာပေစကား
နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ
ရှိသည်သာတည့်။' ဟူသော ကဗျာနှစ်ပိုဒ် ဖြစ်သည်။
.
'အလယ်တန်းစာပါကွာ၊ ကလေး တွေဆုံးမထားတာပါအေ' ဟူ၍ပေါ့ပေါ့တန်တန် သတ်မှတ်
တန်ဖိုးမထားကြပေ။ ဖေ့ဘုတ်မှ သ တင်းသိလျှင်ပင် လူ့ဘဝတန်ဖိုးရှိသည်ဟု ထင် နေကြသူများ
စဉ်းစားသုံးသပ်စေချင်သည်။ ယ နေ့ခေတ်တွင် မသုံးမဖြစ်သော ဖုန်းဘေလည်း သုံးရပေလိမ့်မည်။
သို့သော်လက်ရှိသုံးနေကျ ဖုန်းဘေမှ တချို့တစ်ဝက်ကို စာအုပ်တစ်အုပ်စ နှစ်အုပ်စ ဝယ်စေချင်လှသည်။
တစ်စက် နှစ် စက်ရေပေါက်များပင် ကျဖန်များလာသောအခါ စဥ့်အိုး၊ ရေအိုင်၊ ရေကန်ပြည့်သကဲ့သို့ပင်
တစ် ပတ်တစ်အုပ်၊ တစ်လနှစ်အုပ် စသဖြင့်ဝယ်ဖန် များလာလျှင် ၃-၄-၅ နှစ်အတွင်း စာအုပ်တော်
တော်များများပါလာလိမ့်မည်။ အစပထမတွင် ကလေးပုံပြင်၊ တက်ကျမ်းမှသည် နောင်တွင် ကျမ်းနိုင်ကျမ်းခန့်များဖြင့်
စာအုပ်စင်ဖြစ်လာပါ မည်။ အချို့အိမ်များတွင်မှု စာဖတ်ခန်း၊ စာ ကြည့်ခန်းများသီးသန့်ဖြင့်ပင်
နောင်အနာဂတ်၏ သားကောင်း သမီးကောင်းများအတွက် စီစဉ် ထားသည်ကို တွေ့ရသည်။
.
အိမ်တွင်းမှ သက်မွေးနှင့်
လက်မှုပညာရေး
.
ယနေ့ခေတ်တွင် ကိုယ်ပိုင်ကျောင်းများ၌ အချက်၊အပြုတ်၊ အချုပ်အလုပ်သင်ကြားပေး
သော သက်မွေး ဘာသာရပ်ဖြင့် မိဘများကို ဆွဲဆောင်နိုင်ကြသည်။ ပန်းချီ၊ ဂီတတို့ဖြင့် က
လေးရော ကလေးမိဘကိုရော ဆွဲဆောင်နိုင် ကြသည်။ ဆွဲဆောင်နိုင်ကြမှာသေချာသည်။ အဘယ့်ကြောင့်ဆိုသော်
ဆွဲဆောင်ခံရသော မိဘအများစုမှာ ထိုဘာသာရပ်များကို မိမိတို့ အိမ်တွင်း၌ သင်ကြား၍မရဟု
ယူဆကြသူများ ဖြစ်ကြသည်။ ကျောင်းသားမိဘ အများစုကိုယ် တိုင်ပင် ဖန်တီးမှုနှင့် အတွေးအားနည်းကြသည်။
ကလေးငယ်များကို ခေတ်မီ အီလက်ထရောနစ် များဖြင့် ဂီတအနုပညာခံစားစေသည်မှာ စိုးရိမ် ဖွယ်ကောင်းလှသည်။
သဘာဝတူရိယာပစ္စည်း များကို ကိုယ်တိုင် တီးမှုတ်ကြခြင်းကို ကျေး လက်ဂီတရူးအလုပ်ဟု ထင်မှတ်မှားနေကြသည်။
အနုပညာအစစ်ကို နားလည်မှုအားနည်းနေကြ သည်။
.
စားဖိုချောင်မှ ပညာရေး
.
'ပညာရေးဆိုသည်နှင့် စာအုပ်များနှင့်၊ စာမေးပွဲများနှင့် ဘွဲ့ရယူခြင်းကို
မြင်ကြသူက များသည်။ မဟုတ်ပါ။ ပညာရေးတွင် ဗဟုသုတများ ခြင်း၊ ပတ်ဝန်းကျင်သာယာလှပစေခြင်းမှသည်
ဘဝတန်ဖိုးမြင့်မားရေး၊ လောကလူ့ဘောင်တိုးတက်ရေး စသည်အထိအကျုံးဝင်လှသည်။ မိ ဘနှင့်အတူဈေးသွားရင်း
အသီးအရွက်အခေါ် အဝေါ်၊ အလေးအချိန်အတွယ်ပညာများ၊ လူမှု ဆက်ဆံရေးပညာများ လမ်းစည်းကမ်းယာဉ်
စည်းကမ်းပညာရပ်များ သဘာဝပတ်ဝန်းကျင်ပ ညာများကို မိမိရင်သွေး သားသမီးများသို့ လက်ဆင့်ကမ်းသင်ကြားပေးနိုင်သည်။
ဈေးမှ အိမ်ပြန်ရောက်၊ စားဖိုချောင်ဝင်ပြန်လျှင်လည်း သဘာဝဓာတ်စာအကြောင်း၊ အရသာနှင့်
အာဟာရများအကြောင်း၊ အသန့်ရှင်းမှုနှင့် ရောဂါ များအကြောင်း၊ ဆီနှင့်အချိုမှုန့်များ၏
ဆိုးကျိုး များသင်ကြားပေးပါက ထိုကလေးတို့၏ နေ့စဉ် အိမ်မှာနေထိုင်ရချိန်၏ တန်ဖိုးရှိမှုများကို
စာဖတ်သူများစဉ်းစားသိနိုင်ပါသည်။
.
မနက်စောစော ဘုရားစင် ဘုရားခန်းမှပညာရေး
.
ပညာရေး မကောင်းပါက မျိုးဆက်(၁) ဆက်(၂) ဆက်နစ်နာရသည်ဟူသော အဆိုကို
စာဖတ်သူအချို့ကြားဖူး ပါလိမ့်မည်။ ယနေ့ ခေတ်မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေအရ စာရေးသူတို့အရွယ်(၃၅)
နှစ်ဝန်းကျင်အရွယ်များ ၏ မျိုးဆက်မှ နောင်မျိုးဆက် (ယနေ့ အလယ် တန်း၊ အထက်တန်းအရွယ်များ)
ကို ကောင်း မွန်သော အမှုအကျင့်များ လက်ဆင့်ကမ်းရ တော့မည်။ စာရေးသူတို့အရွယ် (လူလတ်ပိုင်း)များက
လောကကောင်းရာ ကောင်းကြောင်းများ လက်တွဲခေါ်သင်ပေးရတော့မည်။ သို့သော် လူ အများစုမှ မိမိသူငယ်ချင်း
အပေါင်းအသင်းများ ဖြင့် ပရဟိတလုပ်ပြလိုက် လူရှေ့သူရှေ့်သမ့ျသတ များနှင့် ဖေ့ဘုတ်တင်လိုက်၊
သားသား နားနားဝတ်၍စားသောက်ဆိုင်မျှာန်ူငန ထိုင်ဆွဲလိုက်နှင့် အချိန်ကုန်နေကြသည်။ သား
သမီးတို့အတွက် အချိန်ပေးခြင်း အလွန် နည်းကြသည်။ တကယ်ဆိုလျှင် နံနက် စော စောသည် သားသမီးတို့အတွက်
အချိန်ပေး ခြင်း၊ ဘုရားခန်းတွင် ဓမ္မစကူးလ်၊ ယဉ်ကျေး လိမ္မာသင်ခန်းစာများ ပြုစုပျိုးထောင်
ရပါသည်။ ဆွမ်း၊ပန်း၊ ရေချမ်းကပ် သရဏဂုံ ၃ ပါး ဂုဏ်တော်များစသော အခြေခံသင်ခန်းစာ များကို
အိမ်တွင် မိဘ အုပ်ထိန်းသူများက လေ့ ကျင့်ပေးပါက များစွာအကျိုးရှိပါမည်။ အဆင့် မြင့်ပညာများဖြစ်သော
အဘိဓမ္မာများအတွက်မှ သာ ဓမ္မစကူးလ်း ယဉ်ကျေးလိမ္မာကျောင်း ရောက်သင့်ပေသည်။
.
အိမ်တွင်းသင်ရိုးညွှန်းတမ်း
.
စာရေးသူတို့ ၄-၅ နှစ်သား ဝန်းကျင်မှ ၁၂-၁၃ နှစ်အရွယ်ထိ ညစဉ်နီးပါး
မိဘကိုပုံပြင် ပြောခိုင်းခဲ့ပါသည်။ အထူးသဖြင့် မိခင်ကြီးက ပို၍ပြောပြပြီး ဖခင်ဖြစ်သူကတော့
စာအုပ်တွေ ငှားပေး (စီးပွားရေးအခြေနေအရ မဝယ်နိုင်၍) ခဲ့ပါသည်။ ပြန်ဆက်ရုံး/ကျောင်းစာကြည့်တိုက်၊
ဘုန်းတော်ကြီးကျောင်းမှ ငှားထားသောစာအုပ် များနှင့် ဖခင်ကြီးစုထားသောစာအုပ်အချို့သည်
စာရေးသူတို့၏ စာကြည့်တိုက်ဖြစ်သည်။ မေ မေပြောပြခဲ့သော ပုံပြင်များကို ဖေဖေစုထား ငှားထားသော
စာအုပ်များတွင် တွေ့ရလျှင် မေ မေ့ကို ပြန်ပြလျှင် မိဘနှစ်ပါး ပီတိဖြစ်ရှာကြ သည်။ စာအုပ်ဖတ်လျှင်
လောကနီတိ၊ ပြည်သူ့နီတိများကို ကျောင်းမှသင်သည့် ခေါင်းစဉ်နှင့် မတူသော အခြားခေါင်းစဉ်အား
ဖေဖေကဖတ် ခိုင်းခဲ့သည်။ မှတ်သားတတ်သော အလေ့အ ကျင့်ကို ပြုစုပျိုးထောင်ခဲ့၍ စာရေးသူယခုအနေ
အထား ရောက်ခဲ့ရသည်။ အိမ်တွင်းစာအုပ်စင် ပေါ်၌ထားရှိသင့်၊ ကလေးများအား လေ့လာစေ သင့်သော
မိသားစု သင်ရိုးညွှန်းတမ်းတို့မှာဇတ် တော်များ၊ နိပါတ်တော်များ၊ လောကနီတိ၊ ပြည်သူနီတိများသည်
အကောင်းဆုံးဖြစ်ပါ သည်။
.
အိမ်တွင်းကျန်းမာရေးနှင့်
စိုက်ပျိုးရေး
.
အိမ်နံရံတွင် 'အာရောဂျံ ပရမံလာဘံ'ရေး ထားသောအိမ်များ ယနေ့ခေတ်အတော်ကိုရှား
လာသည်။ ကျန်းမာရေးးနဲ့ ပတ်သက်သော ဗ ဟုသုတများကို သင်တန်းများ၌သာရရှိနိုင်သည် ဟု ထင်မှတ်မှားနေကြသည်။
မျက်စိပသာဒရှိရာ လမ်းမကြီးဘေး၊ ဘုန်းတော်ကြီးကျောင်း၊ ဘု ရားဝင်းတို့သည်သာ ကျန်းမာရေးလမ်းလျှောက်
ရသည့်နေရာဟုထင်နေကြသည်။လမ်းလျှောက် ခြင်းသည် ကောင်းပါ၏။ အထူးသဖြင့် လူလတ် လူကြီးပိုင်းများအတွက်
သီးသန့်အချိန်ယူ၍ လုပ်ကြပါက ကောင်းပါသည်။ ကျောင်းသား လူငယ် များအတွက်မှု နေ့စဉ်လမ်းလျှောက်ချိန်
သီးသန့်ထရန်မလိုပါ။ စာရေးသူတို့ ငယ်စဉ်က မနက်စောစော ဘုရားရှိခိုး၊ သောက်တော်ရေ ကပ်ပြီးလျှင်
တစ်ပတ် ၁ဝ ရက်တစ်ခါ ဖေဖေ ကလမ်းလျှောက်ခေါ်သွားသည်။ အိမ်မှာပင်ဘု ရားရှိခိုး၊ အမှိုက်သိမ်း၊
တံမျက်စည်းလှဲ၊ရေခပ် မေမေ့မီးဖိုချောင်ကူ၊ ဈေးလိုက်သွား အားလျှင် စာလုပ်။ အချိန်ရလျှင်
ငရုတ်၊ကြက်သွန်၊ ကိုယ် ကြိုက်နှစ်သက်ရာ အပင် ၄-၅ ပင်စိုက်ကြ သည်။ ကိုယ်စိုက်သည့်အပင်က
အသီးများသီး ၍ မေမေ့ချက်ပြုတ်ရေးထဲပေးရသည့်အရသာ ဘယ်သူ့အသီးမှမမီပါ။ ငယ်စဉ်က စိုက်ခဲ့သော
အဝေရာပင်၊ မယ်ဇလီပင်၊ တမာပင်တို့မှာ ပွင့် ဝေကြပါပြီ။ ယနေ့ခေတ် လူနေထူထပ်သော မြို့ကြီးများ၏
တိုက်ခန်းရှေ့ ဝရံတာများတွင် ပန်းအိုးများနှင့်လည်း မိမိတို့၏ကလေးငယ်များ ကို စိုက်ပျိုးရေးလေ့ကျင့်ပေးနိုင်ပါသည်။
လုပ် ငန်းနှင်မအားလပ်ကြသူများ ဖုန်းခဏချ၍ဖြစ် စေ၊ အခြားရွှေ၊ငွေ ရတနာများထက် မိမိတို့၏
သက်ရှိရင်သွေးရတနာများကို တန်ဖိုးထား၍ဖြစ် စေ ပြုစုပျိုးထောင်စေချင်ပါသည်။ မိဘနှင့်အတူ
အိမ်တွင်ချက်ပြုတ် စားသောက်ရင်း သဘာဝအ စားအစာများအကြောင်း စိုက်ပျိုးကြရင်း သ ဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးအကြောင်း ပညာပေးစေချင်ပါသည်။
.
ထိုသို့ ငယ်ရွယ်နုနယ်စဉ် အိမ်တွင်းပညာ ဌာနကြီးမှ လက်ဦးဆရာ (မိဘနှစ်ပါး)မှ
ပုံသွင်း ထိန်းကျောင်းခဲ့သော ကလေးများသည် အရွယ် ရောက်၍ အိမ်တွင်သင်၍မရသော ပညာများကို
မှု စာသင်ကျောင်း၊ တက္ကသိုလ်၊ သင်တန်းများ ၌ ပို၍လွယ်ကူစွာနှင့် အားရုံစိုက်လေ့လာကြ သည်။
တစ်ပါးသူကို မှီခိုအားကိုးမှုနည်းကာ ကိုယ်စွမ်း ကိုယ်စနှင့် လေ့လာနိုင်ကြသည်။
.
'သားကိုငယ်က၊ မဆုံးမသော် မိဘတလည်၊ ရန်သူမည်၏' ဟူ၍ မန် လည်ဆရာတော်က
'မဃဒေဝ' တွင်ဆိုခဲ့ဖူး၊ ဆုံးမခဲ့ဖူးသည်။ ယနေ့ခေတ်မိဘ အများစုသည် အပင်ပန်းခံ၍ ကလေးပြုစုမှုအားနည်းလာကြ
သည်။ မွေးစမှ ၂ နှစ် ၃ နှစ်အထိ ပြုစုမှု ပြည့် စုံသော်လည်း ၃ နှစ်ကျော်လျှင် မူကြိုပို့
ရန်ပြင်ကြရာမှ မိမိတို့အိမ်တွင် ထိန်းကျောင်း သင်ကြားမှုအားနည်းလာကြသည်။ သားသမီးရ တနာများကို
ပုံသွင်း၍ ရတနာထိုက်သော မိ သားစုများဖြစ်ပေါ်လာစေရန် 'အိမ်တွင်းပညာ ရေး' ကိုဖော်ထုတ်ကျင့်သုံး
ကြပါစို့ဟု ဆန္ဒပြု လိုက်ရပေသည်။
.
.
.
#KBZTai #Shan