(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၅ ရက်ထိ)
တနင်္ဂနွေ
ခက်ခဲသော ကာလများကို
ဖြတ်သန်းရလိမ့်မည်။ ချစ်ဟန်ဆောင်သောသူများကို သတိထားပါ။ ဒုက္ခပေးမည့်သူများအိမ်ကို လာလိမ့်မည်။
ညအိပ်လက်မခံသင့်ပါ။ စီးပွားရေးကျဆင်းရှုပ်ထွေးနေလိမ့် မည်။ နေအိမ်အတွင်းရှိ ပစ္စည်းများ
ပြန်ထွက်သွားမည်။ အမွေကိစ္စပြောဆို ဖြေရှင်းရမည်။ အချို့မှာ ရစ ရာကိစ္စလွဲချော်မည်။ ကုန်သည်များမှာ
အရောင်းကောင်းသော်လည်း အမြတ်ငွေ သိပ်မရှိနိုင်ပါ။ ဝန်ထမ်း များ အလုပ်ပိနေလိမ့်မည်။
ပွဲစားများ မြေအရောင်းတည့်လိမ့်မည်။ ငယ်သူများ အချစ်ရေးကိစ္စ ပြန်လည် သင့်မြတ်မည်။ ရှင်းလင်းပြေလည်မည်။
ကျန်းမာရေးတွင် လေနာမည်။ အစာအိမ်အောင့်မည်။ သတိပြုပါ။ ကံကောင်းစေသော ဂဏန်းမှာ (၁/၄/၇)ဖြစ်သည်။
ယတြာ။ ဘုရားမှာ မုန့်ဟင်းခါးလှူပါ။
တနင်္လာ
အိမ်ပြုပြင်ရမည်။
အိမ်အသစ်ဆောက်လုပ်ရမည်။ မြေယာကိစ္စများတွင် စာရွက်စာတမ်းလုပ်ရမည်။ ရုံးကိစ္စဆောင်ရွက်ရမည်။
ကွဲကွာနေသော မိတ်ဆွေသူငယ်ချင်းများနဲ့ ပြန်လည်ဆုံတွေ့မည်။ စီးပွားရေး ကံကောင်းစ ပြုလာမည်။
မြုပ်နေသော ငွေပြန်ရမည်။ စက်ပစ္စည်းဝင်ခြင်း၊ ဝယ်ယူခြင်း ကြုံမည်။ ကုန် သည်များမှာ အရောင်းအဝယ်
ဖောက်သည် ပျက်လိမ့်မည်။ အထင်လွဲလိမ့်မည်။ ဝန်ထမ်းများမှာ ကြီးသူ ဖိအားပေးလိမ့်မည်။
ပွဲစားများမှာ အလုပ်ရပ်တန့်နေမည်။ ငယ်သူများ အချစ်ရေးတွင် လမ်းခွဲရတတ်သည်။ အချို့မှာ
စိတ်ကောက်မည်။ စကားများမည်။ ကျန်းမာရေးတွင် ဝမ်း၊ ရင်ဥပါဒ်ပေးလိမ့်မည်။ ကံ ကောင်းစေသော
ဂဏန်းမှာ(၂/၅/၆)ဖြစ်သည်။
ယတြာ။ စေတီမှာ ထီးဖြူ ၉ လက်လှူပါ။
အင်္ဂါ
အကြွေးကိစ္စပြောဆို
ဖြေရှင်းရမည်။ ငွေကြေးရုတ်တရက်ဝင်လာမည်။ ကြီးသူအတွက်သောက ကြုံ မည်။ အလှူ၊ မင်္ဂလာဆောင်
သွားရမည်။ နေအိမ်သို့ အဝတ်အထည်များ၊ အိပ်ယာသုံး ပစ္စည်းများ ဝင် လာမည်။ ခက်ခဲသော အနေအထားမှ
လွတ်လိမ့်မည်။ သူတစ်ပါးကိစ္စ ဝင်ရောက်ကူညီပေးရမည်။ မိမိ ထက်ငယ်သူများက အပူပေးလိမ့်မည်။
ကုန်သည်များ အရောင်းအား ကျဆင်းနေလိမ့်မည်။ ဝန်ထမ်းများ မှာ တာဝန်အထူးပေးခံရမည်။ ပွဲစားများမှာ
ငွေချေးငှားခြင်းမှ ပွဲခရမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူအသစ်ရမည်။ အချို့မှာ ကွဲကွာနေရာမှ
ပြန်တွေ့လိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ချောင်းဆိုး မည်။ လည်ပင်းနာမည်။ ကံကောင်းစေသော
ဂဏန်းမှာ (ဝ/၆/၈)ဖြစ်သည်။
ယတြာ။ ဘုရားတွင် သပြေ ၁ဝ ညွှန့်လှူပါ။
ဗုဒ္ဓဟူး
မရောက်ဖူးသော ခရီးသွားလာရမည်။
ရတနာများ ဝင်လာမည်။ မထင်မှတ်သောသူကို ပြန်လည် တွေ့မည်။ စီးပွားရေးအခက်အခဲ စတင်လွတ်မည်။
ငွေအထူးဝင်လာမည်။ ထီပေါက်မည့်ကံ ကြုံနေသည်။ အဝတ်အစားသစ်ဝင်မည်။ လက်ဆောင်ကောင်းရမည်။
အဝေးဧည့်သည်လာမည်။ ဘုရားဖူးရမည်။ ကုန် သည်များမှာ အြေ<ွကးကိစ္စဖြေရှင်းရမည်။ ဝန်ထမ်းများ
အောက်လူတို့နဲ့ စကားများမည်။ ပွဲစားများမှာ ချေးငွေယူကြရလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင်
အထင်လွဲခံရမည်။ စွပ်စွဲပြောဆိုခံရမည်။ ကျန်း မာရေးတွင် သွားကိုက်မည်။ သွားနာမည်။ ကံကောင်းစေသော
ဂဏန်းမှာ(ဝ/၃/၇)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ပုဝါလှူပါ။
ကြာသပတေး
အဝေးမှ ဧည့်သည်လာမည်။
သားသမီး၊ တူ၊ တူမများ၏ မင်္ဂလာပွဲကြုံမည်။ သူတစ်ပါးကိစ္စများကို ဝင်ရောက်မပါဝင်ရ။ အမှုဖြစ်တတ်ပါသည်။
စီးပွားရေးကိစ္စများတွင် အလုပ်ပြောင်းလဲရမည်။ အလုပ်အခက် အခဲ နည်းနည်းတွေ့မည်။ မီးဖိုချောင်သုံးပစ္စည်းများ
ဝင်လာမည်။ အိမ်နီးချင်းများနဲ့ အငြင်းပွားရလိမ့် မည်။ ကုန်သည်များမှာ အောက်လူတပည့်များက
သစ္စာဖောက်လိမ့်မည်။ ဝန်ထမ်းများခရီးသွားရမည်။ အပြောင်းအရွှေ့ကြုံမည်။ ပွဲစားများမှာ
အိမ်အပေါင်တည့်လိမ့်မည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ကြား လူဝင်နှောင့်ယှက်မည်။ ကြီးသူကြောင့်လည်း
လမ်းခွဲရတတ်ပါသည်။ ကျန်းမာရေးကိစ္စများတွင် ဝမ်းပျက် မည်။ ယားယံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၁/၂/၉)ဖြစ်သည်။
ယတြာ။ ဘုရားမှာ မုန့်လှူပါ။
သောကြာ
အိမ်ပြုပြင်ရမည်။
အိမ်အသစ်ဆောက်လုပ်ရမည်။ ကျန်းမာရေးကြောင့် ဆေးခန်းရောက်မည်။ ဆေး များဝယ်ယူရမည်။ အလုပ်များပြား
ရှုပ်ထွေးနေလိမ့်မည်။ စီးပွားရေးအလုပ်ကိစ္စကြောင့် ခရီးသွားလာရ မည်။ လူမှုရေးကိစ္စကြောင့်
အချိန်ကုန်မည်။ အရှေ့အရပ်သို့ ညအိပ်မသွားသင့်ပါ။ ကျန်းမာရေးညံ့တတ် သည်။ ကုန်သည်များမှာ
ငွေစာရင်းမှားမည်။ ကွာဟနေလိမ့်မည်။ ဝန်ထမ်းများမှာ အလုပ်တွင် အခက်အ ခဲပြဿနာပေါ်မည်။
ပွဲစားများမှာ ခိုက်ရန်ဖြစ်မည်။ စကားများမည်။ အတိုက်အခံတွေ့မည်။ ငယ်သူများ အချစ်ရေးတွင်
ချစ်သူနဲ့ ယာယီလမ်းခွဲရလိမ့်မည်။ ကျန်းမာရေးတွင် ဘောက်ကြောင့်ယားယံမည်။ ဆံ ပင်ပျက်စီးလိမ့်မည်။
ကံကောင်းစေသော ဂဏန်းမှာ (၂/၃/၈)ဖြစ်သည်။
ယတြာ။ စေတီမှာ ဖျော်ရည်လှူပါ။
စနေ
အကြွေးကိစ္စ စကားပြောဆို
ဖြေရှင်းရမည်။ ရန်သူကြောင့် စိတ်ဆင်းရဲရမည်။ သားသမီး(သို့မဟုတ်) ဆွေမျိုးများကြောင့်
အမှုကြုံမည်။ ရွှေ၊ ပစ္စည်းများ အဖောက်ခံရမည်။ အခိုးခံရမည်။ ဂရုစိုက်ပါ။ လူယုံ ဒုက္ခပေးလိမ့်မည်။
ကားတိုက်ခြင်း၊ ကားလိုင်စင်ကိစ္စ စကားများရခြင်းကြုံမည်။ နေအိမ်အတွင်းသို့ ကြောင် အဝင်
မခံသင့်ပါ။ ကုန်သည်များမှာ ကုန်ပစ္စည်းများ ပြတ်တောက်ခြင်းကြောင့် ဖောက်သည်ပျက်ရလိမ့်မည်။
ဝန်ထမ်းများမှာ မင်းအစိုးရမှ ချီးမြှင့်သော ဆုရခြင်း၊ အပိုဝင်ငွေရခြင်း စသည်တို့ကြုံမည်။
ပွဲစားများမှာ အိမ်အရောင်းတည့်ရန် နီးစပ်သော ကာလဖြစ်သည်။ ငယ်သူများ အချစ်ရေးတွင် နှစ်ခွကြုံမည်။
နှစ်ယောက်ကြား သောကကြုံရမည်။ ကမ်းလှမ်းခံရမည်။ ကျန်းမာရေးကိစ္စများတွင် နားနာမည်။ ကံကောင်းစေသော
ဂဏန်းမှာ (၁/၆/၇)ဖြစ်သည်။
ယတြာ။ သီလရှင်များကို ချိုချဉ်လှူပါ။