ကျော်လှ(ကျိုင်းတုံမြေ)
.
.
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးကို တည်ဆောက်ဆောင်ရွက်ရာတွင်
သဘာဝသယံ ဇာတများ ပေါကြွယ်ဝမှု၊ လုပ်သားအင်အားပြည့် စုံမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုနှင့်
လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိမှုတို့ အပြင် နိုင်ငံတကာတို့အားစိတ်ဝင်စားစေ သည့်
ရင်းနှီးမြှုပ်နှံမှု ဥပဒေရပ်များတို့သည်လည်း အ ဓိက အခန်းကဏ္ဍမှပါဝင်နေပေသည်။ ကျွန်ုပ်တို့
မြန်မာပြည်ကြီးအား ဖွံ့ဖြိုးတိုးတက်လာအောင်
ကြိုးပမ်းဆောင်ရွက်နေချိန်၌ ဖော်ပြပါအရင်းခံ အချက်အလက်များအနက် အကြောင်းရပ်တော်
တော်များများတို့မှာ အတော်ပင်ပြည့်စုံနေပြီးသား ဖြစ်သော်လည်း လျှပ်စစ်ဓာတ်အားရရှိမှု
အ ခန်းကဏ္ဍ၌မှုကား အလွန်အားနည်းနေသေးမှု ကြောင့်ပင် နိုင်ငံတကာဆီမှ ရင်းနှီးမြှုပ်နှံလိုသူ
များ အတွက် လက်တွန့်နောက်ဆုတ်သွားကြ မြဲဖြစ်၏။ ဤသည်ကြောင့်ပင် ကျွန်ုပ်တို့မြန်မာ ပြည်သားတို့၏
လူနေမှုအဆင့်အတန်း မြင့်မား လာစေဖို့နှင့် နိုင်ငံတော်ကြီးအားဖွံ့ဖြိုးတိုးတက် လာစေဖို့
တည်ဆောက်ရာတွင် အဓိကမရှိမဖြစ် လိုအပ်နေသည်မှာကား လျှပ်စစ်ဓာတ်အားလုံ လောက်စွာ ရရှိနိုင်ရေးပင်ဖြစ်သကဲ့သို့
လက်ရှိ နိုင်ငံတော်အစိုးရ၏ တိုင်းပြည်ကြီးအား တည် ဆောက်ရာတွင် ရင်ဆိုင်နေရသည့် အဓိက
စိန် ခေါ်မှုတစ်ရပ်မှာလည်း ဤလျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိနိုင်ရေး ပင်ဖြစ်ပေသည်။
လျှပ်စစ်ကဏ္ဍသည်ကား တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတွင်သာမက သဘာဝပတ်ဝန်းကျင်
အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုဖြင့်လည်း တိုက်ရိုက်ပတ်သက်နေပါသေး၏ (သဘာဝပတ်ဝန်းကျင်အား
သက်ရောက်ထိခိုက်မှုကို ဖြစ်စေနိုင်သော လျှပ်စစ်ဓာတ်အား ထုတ် လုပ်မှုများ တို့အားမဆိုလိုပါ)
သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်ဆီးမှုအများဆုံး ဖြစ်ပွားရသည် မှာကား သဘာဝသစ်တောကြီးများ
ပြုန်းတီး သွားရခြင်းပင်ဖြစ်၏။ ကျွန်ုပ်တို့လူသားများသည် သဘာဝသစ်တောကြီးများအား နည်းလမ်းအမျိုး
မျိုးတို့ဖြင့် ခုတ်ထွင်ရှင်းလင်းကြရာတွင် ဆောက် လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊
စိုက် ပျိုးရေးနှင့် စားကျက်မြေများ အဖြစ်အသုံးချခြင်း ချက်ပြုတ်ရန် ထင်းလောင်စာများအဖြစ်
အသုံး ပြုခြင်းတို့မှာလည်း အရင်းခံအကြောင်းရပ်များ ပင်ဖြစ်ကြ၏။ ဤတွင် ထင်းလောင်စာအဖြစ်
အသုံးပြုနေခြင်းသည် သစ်တောပြုန်းတီးမှု၏ အဓိက အရင်းခံ၌ ပါဝင်နေပေသည်။ အိမ် ထောင်စုတစ်ခုချင်းစီသည်
နှစ်စဉ်ထင်း လောင် စာအား နှစ်တန်မှ ငါးတန်အထိ အသုံးပြုလျက် ရှိနေကြ၏။ ဤသည်ကြောင့် လျှပ်စစ်မဲ့သော
မြန်မာပြည်၏ ၇ဝ ရာခိုင်နှုန်းမျှသောအိမ်ထောင်စု ပြည်သူတို့မှာကား ဤထင်းလောင်စာများသာ
အဓိကထား၍ မဖြစ်မနေသုံးစွဲနေကြရမည်သာ ဖြစ်သဖြင့် နှစ်စဉ်သစ်တောပြုန်းတီးမှု မြင့်မား
လာရသော အဓိကအကြောင်းရင်းတစ်ရပ်ပင် ဖြစ်ပေတော့သည်။
.
ဤသို့သစ်တောပြုန်းတီးလာမှုကြောင့် မိုး ခေါင်ခြင်း၊ ရေကြီးခြင်း၊
မြေပြိုခြင်း၊ သဘာဝ မြေဆီလွှာကြောများ ပျက်ဆီးသွားခြင်း။ ကမ္ဘာ ကြီးအား အန္တရာယ်ဖြစ်စေနိုင်သော
ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့အား ထိန်းသိမ်းမှု အင်အား လျော့နည်းလာမှုကြောင့် လေထုညစ်ညမ်းလာ
ခြင်း၊ အိုဇုန်းလွှာပါးလွှာပျက်ဆီးရခြင်း၊ သိသာ စွာအပူလွန်ကဲလာခြင်း၊ ပင်လယ်သမုဒ္ဒရာ ရေ
ထုများမြင့်တက်လာခြင်း စသည့်တစ်ပါတ်လည် ပြဿနာရပ်တို့အား လက်တွေ့ရင်ဆိုင်ကြုံတွေ့ နေကြရပေသည်။
ထို့ကြောင့်သစ်တောပြုန်းတီး မှု၏ အရင်းခံအကြောင်းရပ်တွင် ပါဝင်သောထင်း လောင်စာအဖြစ်
အသုံးချမှုအား လျှော့ချတား ဆီးနိုင်စေရန် အဓိကလိုအပါချက်အကြောင်းအ ရင်းမှာလည်း လျှပ်စစ်ဓာတ်အားလုံလောက်စွာ
ရရှိမှုပင်ဖြစ်ပေသည်။
.
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်အတူ လေထုညစ်ညမ်းမှု ပြဿနာရပ်အား
ရင်ဆိုင် ဖြေရှင်းကြရာတွင်လည်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ စက်လည်အားတို့နှင့် မော်တော်ကား၊
မီးရထား ကဲ့သို့သော ပို့ဆောင်ရေးယာဉ်များ တို့တွင် လက်ရှိ၌ ဒီဇယ်အင်ဂျင်စက်များကိုသာ
အသုံးပြုနေ ကြရာတွင် လေထုညစ်ညမ်းမှုပမာဏ မြင့်မား လာ၍ ¤င်းအင်ဂျင်စက်များနေရာတွင် လျှပ်စစ်
အင်ဂျင်စက်ဖြင့် အသုံးပြုသော မော်တော်ကား၊ မီးရထားတို့အား တစ်နေ့တစ်ခြား ပိုမိုတွင်ကျယ်
စွာ တီထွင်ထုတ်လုပ် အသုံးပြုလျက်ရှိနေကြပေ ပြီ။ ၄င်းအပြင် အချို့နိုင်ငံကြီး များတွင်
မြို့ကြီး များ၏ လမ်းမကြီးများပေါ်၌ လေထုညစ်ညမ်း မှုကိုဖြစ်စေသော အဆိုပါ ဒီဇယ်အင်ဂျင်သုံး
ယာဉ်ရထားများနေရာတွင် လျှပ်စစ်အင်ဂျင်သုံး ယာဉ်ရထားများအား တဖြည်းဖြည်းအစားထိုး အသုံးပြုရန်
စီစဉ်ဆောင်ရွက်လျက်ရှိနေကြပေ ပြီ။ သို့ဖြစ်၍သဘာဝပတ်ဝန်းကျင်၏ လေထု ညစ်ညမ်းမှုကို လျှော့ချကာကွယ်ရာတွင်လည်း
လျှပ်စစ်ဓာတ်အား အားအသုံးပြုမှုမှာ အရေးပါ လာပေသည်။
.
ဤသည်ကြောင့်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုး တက်ရေးနှင့်အတူ သဘာဝပတ်ဝန်းကျင်
ထိန်း သိမ်းရေးအတွက်ပါ အရေးပါလှသည်။ ကျွန်ုပ် တို့မြန်မာပြည်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်
သုံးစွဲမှုအား တစေ့တစောင်း လေ့လာကြည့်ကြ ပါစို့။
.
ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အားများအား ရေအား၊ လေအား၊ နေရောင်ခြည်၊
ဒီဇယ်-သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးစသည့်လောင် စာများနှင့် အဏုမြူစသည့် စွမ်းအင်အမျိုးမျိုး
တို့မှ ထုတ်ယူအသုံးပြုလျက် ရှိနေကြပေရာ ကျွ န်ုပ်တို့ မြန်မာပြည်၌မှုကား အဏုမြူစွမ်းအင်မှလွဲလျှင်
ကျန်သောစွမ်းအင်အမျိုးမျိုးတို့ဖြင့် ထုတ် ယူသုံးစွဲလျက်ရှိနေပေသည်။ ဤသို့ထုတ်ယူသုံး
စွဲရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ရေအားမှ ၆ဝ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့အား
ဖြင့် ၃၆ ရာခိုင်နှုန်း၊ ကျောက်မီးသွေးအားဖြင့် ၂ ရာခိုင်နှုန်းနှင့် ဒီဇယ်အားဖြင့် ၂
ရာခိုင်နှုန်းစီ ကို လက်ရှိအနေထားအရ ထုတ်ယူအသုံးပြုနေ ပြီး နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံအား
လည်း မြန်မာနိုင်ငံအလယ်ပိုင်းရှိ မင်းဘူးနှင့် ဝမ်းတွင်းမြို့နယ်တို့တွင် တည်ဆောက်လျက်ရှိ
နေပေပြီ။
.
ယခုလက်ရှိကာလတွင် မြန်မာတစ်နိုင်ငံလုံး ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲမှု
ပမာဏ မှာ ၃၁၈၉ မဂ္ဂါဝပ်ခန့်ရှိပြီး ¤င်းပမာဏအား ရေ အားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၇ ခုနှင့်
အ ပူလောင်စာစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၁၅ ခုတို့မှလည်ပတ်ထုတ်လုပ်ပေးနေ
ခြင်း ပင်ဖြစ်ပေသည်။ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုး တက်ရေးအား အလေးထားဆောင်ရွက်လာသည်
နှင့်အမျှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏသည် လည်း နှစ်စဉ် ၁၅ ရာခိုင်နှုန်းစီ တိုးတက်လာ
မည်ဖြစ်ရာ ၂ဝ၂၁-၂ဝ၂၂ ခုနှစ်အရောက်တွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာ
ဏသည် ၅၇၂၇ မဂ္ဂါဝပ်ထိ များပြားသုံးစွဲလာ တော့မည်ဖြစ်၍ အဆိုပါခုနှစ်များအထိ လျှပ်စစ်
ဓာတ်အားပမာဏ ၃ဝဝဝ မဂ္ဂါဝပ်အား ထပ်မံ တိုးချဲ့၍ ထုတ်လုပ်သွားဖို့ လိုအပ်နေပေသည်။
.
အဆိုပါလျှပ်စစ် ပမာဏလိုအပ်ချက်တို့အား ရေအားလျှပ်စစ်စီမံကိန်းများ
ဖြစ်ကြသော အ ထက်ကျိုင်းတောင်း၊ အထက်ရဲရွာ၊ အလယ် ပေါင်းလောင်း၊ ဒီးဒုတ်စသည်တို့မှ ၄၉၇
မဂ္ဂါဝပ် NG (liquefied natural gas) သုံး စီမံ ကိန်းများဖြစ်ကြသော အလုံ၊ ကံပေါက်တို့မှ ၁၂၅ဝ မဂ္ဂါဝပ်၊ စွန့်ပစ်လောင်စာသုံး စီမံကိန်း ရန်ကုန်မှ
၆ဝဝ မဂ္ဂါဝပ်၊ နေရောင်ခြည်စွမ်းအင် သုံး စီမံကိန်းဖြင့် ဆောင်ရွက်နေသော မင်းဘူး နှင့်
ပွင့်ဖြူတို့မှ ၅၂ဝ မဂ္ဂါဝပ်တို့အပြင် အခြား ဒေသန္တရဖြင့် ကိုက်ညီမှုရှိသော စွမ်းအင်သုံးလျှပ်
စစ်ဓာတ်အားပေး စက်ရုံများတို့အား အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိနေပြီး စုစုပေါင်း
မဂ္ဂါဝပ် ၃၃၁၁ ပမာဏအထိ တိုးတက်ရရှိလာ အောင် စီစဉ်ဆောင်ရွက်လျက်ရှိနေပေပြီ။
.
လက်ရှိထုတ်လုပ်သုံးစွဲနေသော လျှပ်စစ် ဓာတ်အား ပမာဏအသီးသီးတို့အား
သယ်ယူ ဖြန့်ဖြူးပေးနေရာတွင်လည်း ၂၃ဝ ကေဗွီဓာတ် အားလိုင်း ၆၃ လိုင်း ၂၈၄၆၊ ၂၅ မိုင်
ရှိဓာတ် အားခွဲရုံ ၃၈ ခု။ ၁၃၂ ကေဗွီဓာတ်အား ၄၂ လိုင်း ၁၃၆၂ ဒသမ ၅ မိုင် ရှိဓာတ်အားခွဲရုံ
၂၄ ခု၊ ၆၆ ကေဗွီဓာတ်အားလိုင်း ၆၄၈၈ ဒသမ ၇ မိုင်ရှိ ဓာတ်အားခွဲရုံ ၂၉၅ ခု တို့ဖြင့်
သယ်ယူ ဖြန့်ဖြူးပေးနေလျက်ရှိသည်။
.
၎င်းအပြင် နောင်တွင်နှစ်စဉ် တိုးတက်ထုတ် လုပ်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားပမာဏဖြင့်
ကိုက်ညီမှုရှိလာစေရန်လည်း ၅ဝဝ ကေဗွီဓာတ် အားလိုင်းကြီးများဖြင့် မြန်မာနိုင်ငံ၏ အရှေ့၊
အ နောက်၊ တောင်၊ မြောက်ဟူသော လေးမျက်နှာ သောအရပ်များ အနှံ့ထိ ရရှိအောင် ဆောင်ရွက် နေရာတွင်
အရှေ့ဘက်အရပ် ၅ဝဝ ကေဗွီဓာတ် အားလိုင်းကြီးတွင် မှုဆယ်-မိုင်းရယ်-လွိုင် ကော်- ဘုရားကြီး-
ရန်ကုန်ဓာတ်အားလိုင်း နှင့် ဓာတ်အားခွဲရုံတို့အား လည်းကောင်း၊ အ နောက်ဘက်အရပ်၌ ၅ဝဝ
ကေဗွီမဟာဓာတ် အားလိုင်းတွင် တမူး- ညောင်ပင်ကြီး- ဟင်္သ တ-ရန်ကုန် ဓာတ်အားလိုင်းနှင့်
ဓာတ်အားခွဲရုံ တို့အားလည်းကောင်း၊ တောင်ဘက်အရပ် ၅ဝဝ ကေဗွီမဟာဓာတ်အားလိုင်းတွင် ကံပေါက်-
မော်လမြိုင်- ဘုရားကြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတို့အားလည်းကောင်း၊ မြောက်အ
ရပ် ၅ဝဝ ကေဗွီမဟာဓာတ်အားလိုင်းတွင် ဝိုင်းမော်- နဘား-မိတ္ထီလာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတို့အားလည်းကောင်း
ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်သွားရန် စီ စဉ်လျက်ရှိနေပေပြီ။
.
လက်ရှိကာလတွင် မြန်မာနိုင်ငံတွင် လျှပ် စစ်မီးသုံးစွဲရမည့်သူဦးရေ
၁ဝ ဒသမ ၈၇၇ သန်း အနက် ၄ ဒသမ ၂၈၉ သန်းလျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေကြရပြီဖြစ်၍ ၃၉ ဒသမ
၎ ရာခိုင်နှုန်း ထိ လျှပ်စစ်မီးရရှိကြပြီးဖြစ်ကာ ကျန်ရှိနေသော ဦးရေ ၆ ဒသမ ၅၈၈ သန်းဖြစ်သော
၆ဝ ဒသမ ၆ ရာခိုင်နှုန်းတို့အား လျှပ်စစ်ဓာတ်အားပေးရန် ရှိနေသေးပေ၏။ မြို့များတွင်လည်း
တစ်နိုင်ငံ လုံးရှိ ၄၈၂ မြို့တို့အနက် မဟာဓတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရရှိသော မြို့ပေါင်း
၃၅ဝ ရှိကာ ကျန်ရှိနေသေးသော ၁၃၂ မြို့တို့အား အခြားလောင်စာ စွမ်းအင်သုံးစက်များတို့ဖြင့်သာ
တပိုင်တစ်နိုင်ပေးနေရဆဲပင်ဖြစ်ပါသည်။ ကျေး ရွာများ၏ လျှပ်စစ်ဓာတ်အား သုံးစွဲနေသည့်
ပမာဏမှာကား မြန်မာပြည်၏ ကျေးရွာပေါင်း ၆၃၇၃၇ ရွာများအနက် ၃၂၂၂၈ ရွာတွင် လျှပ်စစ်မီးရရှိပြီးဖြစ်၍
၃၁၅ဝ၉ ရွာတို့တွင် လျှပ် စစ်မီးရရှိရန် ကျန်ရှိနေသေးပေသည်။
.
လက်ရှိလျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏ အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင်
အိမ်ထောင်စု ဦးရေ ၁ ဒသမ ၅၈ သန်းအနက် မှ ၁ ဒသမ ၃ သန်းမှာ လျှပ်စစ်ဓာတ်အားရရှိ ပြီဖြစ်၍
၉၉ ဒသမ ၇၂ ရာခိုင်နှုန်း လျှပ်စစ်ဓာတ် အားရရှိပြီးဖြစ်ကာ ၁၃၅၁ မဂ္ဂါဝပ်အား သုံးစွဲ လျက်ရှိသည်။
ယင်းပမာဏအနက် အိမ်သုံး ၅ဝ ရာခိုင်နှုန်း၊ စက်မှုနှင့် စီးပွားရေးလုပ်ငန်းသုံး ၃၄ ရာခိုင်နှုန်း၊
လမ်းမီးနှင့် အခြား ၁၆ ရာခိုင်နှုန်း စီ အသုံးပြုလျက်ရှိနေပေသည်။
.
အလားတူ လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာ ဏ ဒုတိယအများဆုံးဖြစ်သော မန္တလေးတိုင်းဒေ
သကြီးတွင်လည်း အိမ်ထောင်စုဦးရေ ၁ ဒသမ ၃၂ သန်းအနက်မှ ဝ ဒသမ ၇ သန်းမှာ လျှပ် စစ်မီးရရှိပြီးဖြစ်၍
ဝ ဒသမ ၆၂ သန်းမှာ လျှပ် စစ်မီးရရှိရန် ကျန်ရှိနေသေး၏၊ မန္တလေးတိုင်းဒေ သကြီးတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏ မှာ ၅၅၁ မဂ္ဂါဝပ်ရှိပြီး အိမ်သုံး ၄၈ ရာခိုင်နှုန်း
စက်မှုနှင့်စီးပွားရေးလုပ်ငန်းများတွင် ၄၂ ရာခိုင် နှုန်း လမ်းနှင့်အခြားတွင် ၁ဝ ရာခိုင်နှုန်းစီအသုံး
ပြုလျက်ရှိနေပေသည်။
.
ထို့ကြောင့်ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တ လေးတိုင်းဒေသကြီးတို့အား
ချန်လှပ်ထားလျက် အခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ် များတို့၏ လက်ရှိလျှပ်စစ်သုံးစွဲမှု
ပမာဏမှာကား ၁၁၉၃ မဂ္ဂါဝပ်ရှိနေပေသည်။ ဤအခြားတိုင်းနှင့် ပြည်နယ်တို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွင်
အိမ်သုံး ၆၃ ရာခိုင်နှုန်း၊ စက်မှုနှင့်စီးပွားရေး လုပ်ငန်းများ၌ ၂၁ ရာခိုင်နှုန်းနှင့်
လမ်းမီးနှင့်အ ခြားတို့တွင် ၁၆ ရာခိုင်နှုန်းစီကို အသုံးပြုလျက်ရှိ နေကြသည်။
.
၎င်းအပြင် မြန်မာပြည် အရပ်ရပ်ရှိ အခြား ဝေးလံသော အရပ်ဒေသများတို့တွင်လည်း
အ သေးစားရေအားလျှပ်စစ်ရုံ ၃၂ ခုဖြင့် လျှပ်စစ် ဓာတ်အား ၃၄ ဓသမ ၁၇၄ မဂ္ဂါဝပ်အားလည်း ကောင်း၊
ဒီဇယ်ဓာတ်အားပေး ၆ဝ၆ လုံးတို့ဖြင့် ၈၇ ဒသမ ၆၃၄ မဂ္ဂါဝပ်အားလည်းကောင်း ထုတ်လုပ်ပေးနေလျက်ရှိသည့်အပြင်
နေရောင် ခြည်သုံး စနစ်၊ စပါးခွံလောင်စာ၊ ဇီဝလောင်စာ နှင့် အိမ်နီးချင်းနိုင်ငံများမှ
ဝယ်ယူ၍လျှပ်စစ် ဓာတ်အားတို့အား ရယူသုံးစွဲလျက်ရှိနေကြပေ သည်။
.
ဖွံ့ဖြိုးတိုးတက်လာစေ ဖို့ရာတွင်
အဓိက မရှိမဖြစ်လိုအပ်နေသော လျှပ် စစ်ဓာတ်အားတို့အား တိုးတက် ရရှိလာအောင် စီမံဆောင်ရွက်ရာ၌
ကောင်းကျိုးများနှင့်အတူ ဘေးထွက်ဆိုးကျိုးများသည်လည်း အစဉ်ဒွန်တွဲ ဖြစ်ပေါ်တတ်လေ့ရှိရာ
ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်မှုကြောင့် ပိတ်ဆို့ခဲ့ရသည့် မြစ် ချောင်းကြောတစ်လျှောက်၌
လူနေအိမ်ခြေစိုက် ပျိုးမြေများ ရေဝပ်ခြင်း၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ
ဆုံးရှုံးပျောက် ကွယ်သွားခြင်း မြစ်ချောင်းများ၏ ဂေဟစနစ်များ ပျက်ဆီးသွားခြင်း၊ ခိုင်ခန့်မှုအားနည်း၍ဖြစ်စေ
ငလျင်ဒဏ်ကြောင့်ဖြစ်စေ ဆည်ဖို့ထားသော တာတမံကြီးများ ကျိုးပဲ့တတ်၍ မြစ်ကြောင်း အောက်ရှိပြည်သူလူထုတို့အား
အန္တရာယ်ပေးနိုင် ခြင်း စသည့်အခြေအနေမျိုးများမှ အဖြစ်နိုင်ဆုံး ကင်းရှင်းအောင် စီစဉ်ဆောင်ရွက်လျက်ရှိပေ
သည်။ အလားတူစွာပင် ကျောက်မီးသွေးလောင် စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည် ဆောက်ရာတွင်လည်း
ဘေးထွက်ဆိုးကျိုးအ နည်းဆုံးဖြစ်သော ဂျပန်နည်းပညာဖြင့် အသုံးချ တည်ဆောက်လာသည်ကိုလည်း
တွေ့ရှိရပေ သည်။
.
ဤသို့ဖြင့် နိုင်ငံတော်အတွက် လိုအပ်နေ သော လျှပ်စစ်ဓာတ်အားတို့အား
နည်းလမ်း ပေါင်းစုံသုံး၍ ဖြေရှင်းဆောင်ရွက်နေချိန်တွင် ယခုအခါ၌ မုတ္တမ၊ တနင်္သာရီနှင့်
ရခိုင်တို့ဆက် စပ်တည်ရှိနေသော မြန်မာ့ပင်လယ်ရပ်ဝန်းဒေ သများ၌ ကမ်းလွန်သဘာဝဓာတ်ငွေ့
ရှာဖွေတွေ့ ရှိမှုသည် စီးပွားထုတ်လုပ်နိုင်သည့် ပမာဏ အဆင့်အထိ ရောက်ရှိနေပြီးဖြစ်၍
သဘာဝပတ် ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်သော LNG (liquefied natural gas) အသုံးပြုလျက်
လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများ တည် ဆောက်နေပေရာ တနင်္သာရီတိုင်းဒေသကြီး တွင် ၁၂၃ဝ
မဂ္ဂါဝပ်ထွက်ရှိမည့်စက်ရုံ၊ ရန်ကုန် တိုင်းဒေသကြီး အလုံတွင် မဂ္ဂါဝပ် ၃၅၆ အား ထွက်ရှိမည့်စက်ရုံ၊
ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့နယ် မီးလောင်ဂျိုင်ဒေသတွင် မဂ္ဂါဝပ် ၁၃၉ဝ အား ထွက်ရှိမည့်စက်ရုံနှင့်
ရခိုင် ပြည်နယ် ကျောက်ဖြူမြို့တွင် မဂ္ဂါဝပ် ၁၃၅ အား ထွက်ရှိမည့်စက်ရုံတို့အား စတင်အကောင်
အထည်ဖော် တည်ဆောက်လျက်ရှိနေပေပြီ။ ဤလျှပ်စစ်ဓာတ်အားပေး စက်ရုံအသီးသီးတို့မှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားတို့အား ပင်မမဟာဓာတ်အားလိုင်းဆီသို့
ချိတ်ဆက်ပေး ကာ နိုင်ငံတစ်ဝန်းလုံးရှိ မြို့ပြကျေးရွာအနှံ့ လို အပ်နေသော လျှပ်စစ်ဓာတ်အားတို့အား
ဖြည့် ဆီးပေးနိုင်တော့မည် ဖြစ်ပေသည်။
.
ဤသို့ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ အား တိုးချဲ့တည်ဆောက်ခြင်း၊
၅ဝဝ ကေဗွီအ ဆင့်ထိ ရှိသော ဓာတ်အားလိုင်းသစ်များနှင့် ဓာတ်အားခွဲရုံသစ်များ တပ်ဆင်တည်ဆောက်
ပေးနေခြင်းတို့ကြောင့် မြန်မာပြည်၏ အဓိက စီးပွားရေးဇုန်ကြီးများဖြစ်ကြသော သီလဝါ၊ ထားဝယ်၊
ကျောက်ဖြူ၊ မူဆယ်တို့ရှိ စီးပွားရေး ဇုန်ကြီးများကို သာမက ကမ္ဘာ့နာမည်ကြီး ခရီး သွားဒေသသများဖြစ်ကြသော
ပုဂံ၊ အင်းလေး၊ ညောင်ဦး ဒေသများနှင့် ပင်လယ်ကမ်းခြေအ ပန်းဖြေစခန်းများဆီသို့ လျှပ်စစ်ဓာတ်အားလုံ
လောက်စွာပေးနိုင်တော့မည်လည်း ဖြစ်ပေ သည်။
.
မြန်မာနိုင်ငံအနေဖြင့် အမျိုးသားလျှပ်စစ် မီးလင်းရေးစီမံကိန်းကို
စီစဉ်ရေးဆွဲထားလျက် ၂ဝ၂ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးရှိ ကျေးလက် မြို့ပြများ၏ ၅ဝ
ရာခိုင်နှုန်း ၂ဝ၂၅ ခုနှစ်ကျော် ၇၅ ရာခိုင်နှုန်းနှင့် ၂ဝ၃ဝ ပြည့်နှစ်တွင် ရာခိုင် နှုန်းပြည့်အထိ
လုံလောက်စွာလျှပ်စစ်ဓာတ်အား ပမာဏ အဆင့်သို့ပြည့်မီရောက်ရှိအောင် စီမံ ကိန်းအဆင့်ဆင့်ချမှတ်လျက်
အကောင်ထည် ဖော် ဆောင်ရွက်လျက်ရှိနေပေပြီ။
.
ဤတွင်အရှေ့တောင်အာရှ၏ ဘက္ထရီဟု တင်စားခေါ်ဝေါ်နေကြသည့် မြန်မာ့အိမ်နီးချင်း
လာအိုနိုင်ငံ၏ လက်ရှိလျှပ်စစ်ဓာတ်အား တပ်ဆင်ထုတ်လုပ်အားမှာ ၆၃၉၁ မဂ္ဂါဝပ် ရှိပြီး ကီလိုဝပ်
၃ဝ ဘီလီယံအား ထုတ်လုပ် နိုင်ကာ ကီလိုဝပ် ၂၁ ဒသမ ၁ ဘီလီယံ အား အိမ်နီးချင်း ပြည်ပနိုင်ငံများသို့
ထုတ် လုပ်ရောင်းချနိုင်ခဲ့ပေပြီ။ ¤င်းအပြင် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့ သည့်
၃၅ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန် ကြီးများ အစည်းအဝေး၌ပင် လာအိုနိုင်ငံမှ ဆက်လက်ထုတ်လုပ်ပေးမည့်
လျှပ်စ်ဓာတ်အား တို့အား ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ တစ်ဆင့် စင်္ကာပူနိုင်ငံအထိပါ
ဆက်လက်ရောင်း ချပေးနိုင်ရန် သဘောတူညီစီစဉ်လုပ်ဆောင် နေကြပေပြီ။
.
ခြုံ၍ပြောရပါလျှင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးနှင့်အတူ
နိုင်ငံသားများတို့၏ လူ နေမှုအဆင့်အတန်း တိုးတက်လာစေဖို့ရာတွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာ
ရရှိသုံးစွဲနိုင်မှု မှာ ပင်ရင်းအကြောင်းရပ်ဖြစ်သည်ကို မည်သူ ကမျှ ငြင်းချက်ထုတ်နိုင်ဖွယ်မရှိပါ။
ထို့ကြောင့် နိုင်ငံတော်အစိုးရဘက်မှလည်း နောင်တွင်ဖြစ် ပေါ်လာမည့် အကျိုးအရပ်ရပ်တို့အား
မျှော်ကိုး ရည်မှန်းလျက် တိုင်းရင်းသား ပြည်သူပြည်သား များတို့ဖြင့် အသင့်တော်ဆုံးဖြစ်စေမည့်
လျှပ် စစ်ဓာတ်အားရရှိရေး စီမံချက်များအား စီ စဉ်အကောင်ထည်ဖော်ဆောင်ရွက်လျက် ရှိ နေပြီဖြစ်ကြောင်းကို
တင်ပြအပ်ပါသည်။
.
''ဤ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။ ''
.
.
.
#KBZTai #Shan