မိုင်းဆတ်တွင် တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ၁ ဦး ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်တွင် တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ၁ ဦး ဖမ်းဆီးရမိ


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာတွင် နိုဝင်ဘာလ ၁၉ ရက်၊ မွန်းလွဲပိုင်းက တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ရန်ပိုးဆိုသူအား ဖမ်းဆီးရမိသဖြင့် သက်ဆိုင်သည့် ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မိုင်းဆတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ သိရှိရသည်။
.
 
.
မိုင်းဆတ်မြို့၊ ဆိုက်ခေါင်ကျေးရွာ၊ မိုင်းဆတ်-တာချီလိတ်လမ်းတွင် နိုဝင်ဘာလ ၁၉ ရက်၊ မွန်းလွဲပိုင်းက လမ်းလျှောက် လာနေသည့် တရုတ်နိုင်ငံသား တစ်ဦးကို ဆိုက်ခေါင်ကျေးရွာ ရာအိမ်မှူး ဦးစိုင်းခမ်းလူမှ တွေ့ရှိသဖြင့် မြို့နယ်လ၀ကရုံးသို့ အကြောင်းကြားသဖြင့် သွားရောက်ခေါ်ယူစစ်ဆေးရာတွင် အဆိုပါတရုတ်နိုင်ငံသားမှာ ရန်ပိုး ဆိုသူ ဖြစ်ပြီး ၎င်းသည် နိုင်ငံ ကူးလက်မှတ် တစ်စုံတစ်ရာ အထောက်အထားမပါရှိဘဲ  တရုတ်နိုင်ငံ၊ မီဒူးမြို့၊ ကွန်ရီချမ်းရွာမှ  မိုင်းလားမြို့နယ်၊ ဟိုတောင်းကျေးရွာသို့ မော်တော်ယာဉ်ဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုမှတဆင့် နိုဝင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင် ခရီးကြုံကားတစ်စီးဖြင့် မိုင်းခတ်မြို့နယ်၊ မိုင်းယွန်း(အထူးဒေသ-၁)သို့ရောက်ရှိလာခဲ့ကြောင်း၊ ယင်းမှ မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်း(၀-အထူးဒေသ)တွင် နေထိုင်ခဲ့ပြီး မိုင်းယွန်းမှ နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းက လမ်းလျှောက် ထွက်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
“ရဲစခန်းမှာ အမှုဖွင့်ပြီး ဖမ်းထားပါတယ်။ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်”ဟု မိုင်းဆတ် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုသားမှတ်ပုံရေးဦးစီးအရာရှိ ဦးဝင်းထွန်းက ပြောသည်။
.
အဆိုပါ တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသားဖြစ်သူ ရန်ပိုးအား မိုင်းဆတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats