မောင်မောင်သန်း(တောင်ကြီး)
.
၂၀၁၈ခုနှစ်
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် နိုဝင်ဘာ ၁၄ ရက်ဖွင့်ပွဲ ည ၁၀ နာရီကျော်ခန့်က လွှတ်တင်ခဲ့သော
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက် ကိုယ်စားပြု ညမီးကြီးအမျိုးအစား အဖွဲ့ခေါင်းဆောင် မျိုးသန့်(ခ)
ဒီလုံး၏ ဓါတ်ခဲမီး မီးပုံးပျံ လောင်ကျွမ်း၍ ယမ်းခွေ ပြုတ်ကျမှုကြောင့် အေးသာယာမြို့တွင်
နေထိုင်သူ ကိုနေလင်းဆန်း၊ (၂၄)နှစ်တွင် တစ်ကိုယ်လုံး မီးလောင် ဒဏ်ရာရရှိပြီး (စိုးရိမ်ရ)နှင့်
မကွေးမြို့နယ်၊ ဖိုဝေးရွာတွင် နေထိုင်သူ ကိုကျော်မင်းသူ၊ (၂၅)နှစ်တွင် ဘယ်ခြေထိပ် ဘယ်လက်ထိပ်နှင့်
ဆံပင် မီးလောင်ကျွမ်း (မစိုးရိမ်ရ)တို့ ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
.
အဆိုပါ ဒဏ်ရာ
ရရှိသူများမှာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေလျက်ရှိပြီး ယင်း
ဒဏ်ရာ ရရှိသူ ၂ ဦးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊
ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က နိုဝင်ဘာ ၁၅ ရက် ည ၆ နာရီက သွားရောက်ကြည့်ရှု၍
အားပေးစကားများ ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။