ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
.
ဘွန္တော
.
ယခု ကျွန်တော်ခေါင်းစီးငယ်တပ်ထားသော ''ဘွန္တော''ဆိုသည့် ပါဠိဝေါဟာရသည်
ခုခေတ် မြို့ကြီးပြကြီးတို့၌ သိပ်ကြားရလေ့မရှိတော့ပါ။ မြန်မာမှုကို အလွန်မတန် ထိန်းသိမ်း၍
ဘာသာ ရေးနှင့် သာသနာရေးတို့တွင် အလေးထားပြီး ရှေ့းအစဉ်အလာ မပျက် ဆောင်ရွက်မြဲဆောင်
ရွက်လျက်ရှိသေးသော မန်းရွှေမြို့တော် ရတနာပုံ တွင်မူ ဘွန္တောအသံကို အရွယ်သုံးပါးမရွေး နားယဉ်ပြီးဖြစ်ပါမည်။ ရှေးဓလေ့၊ ရှေးမူကို လက်ဆင့်ကမ်းလိုက်နာဆဲ
ရှိသော ကျေးလက် တောရွာကြီးငယ်တို့၌လည်း ဘွန္တောအစဉ်အလာ ကာလသားတို့ နိဗ္ဗာန်ဆော်ခြင်းဓလေ့သည်
စွဲမြဲကျန်ရှိနေဆဲဖြစ်၏။ ဘွန္တောအသံကြားလျှင် ကုသိုလ်ရေးအတွက် မေ့လျော့နေမည်စိုး သတိပေးခြင်းဖြစ်ကြောင်း
ချက်ချင်းနားလည်လိုက်မည်။ ထိုအသိနှင့်အတူတူ အပြောင်အနောက်ကို ဝါသနာထုံသူတို့က ''ကြက်သူခိုး''
နှင့် ယှဉ်တွဲ သတိရလိုက်ကြမည်မှာကိုကား အထူးပြောစရာ လိုမည်မထင်ပါ။ ''ဟ ဘယ့်နှယ်ပါလိမ့်၊
ကုသိုလ်ရေး နိဗ္ဗာန်ဆော်ကိစ္စပေပဲဟာ ဘာကြောင့် ခိုးခြင်းဆိုတဲ့ အကုသိုလ်ကရောနှောနေရပါဦး
မလဲ။ မဟုတ်သေးပါဘူး ဆရာ''ဟူ၍ စာဖတ် သူတို့ အတွေးပေါက်ကောင်းပေါက်သွားနိုင်ပါသည်။ ပမာအားဖြင့်
တန်ဆောင်တိုင်ပွဲနှင့်အတူ ကျီးမနိုးပွဲလည်း ယှဉ်တွဲနေတတ်ဘိသကဲ့သို့ ဘွန္တောနိဗ္ဗာန်ဆော်၌လည်း
ကာလသားတို့တစ် သိုက် အပျော်အပျက်ကြက်ခိုးပြီး ကာလသားချက် ရုတ်တရက် စီမံတတ်ကြသည်ကိုပြောပြ
လျှင်ပိုမိုသဘောပေါက်နိုင်၏။ ကာလသား တွေ ပျော်ကြပါစေဆိုသော ခွင့်လွှတ်စိတ်သ ဘောကောင်းစိတ်တို့ကြောင့်
တန်ဆောင်မုန်းလ ပြည့်ညတွင် ဗရုတ်သုတ်ခအပြောင်အနောက် ကိစ္စများကို ဗွေမယူစိတ်မဆိုးကြသလိုပင်။
မ နက်စောစော၊ ဆွမ်းထချက်ရန် ဆော်သြကြသည့် ကာလသားများ အဆာပြေချက်ပြုတ်စား သောက်ကြခြင်း၌လည်း
ပျော်ကြပါစေ စိတ် ထားဖြင့် ကြက်အခိုးခံရသူများ ခွင့်လွှတ်ကြပါ သည်။
၁၉၅၈ ခုနှစ်ဝန်းကျင်တုန်းက အိမ်စောင့် အစိုးရလက်ထက် ကြံ့ခိုင်ရေးတစ်ခေတ်ရှိခဲ့ဖူး၏။
ဝါးလုံးချွန်များ ကိုင်စွဲလျက် စစ်လေ့ကျင့်ရေးကို ကာလသားများ သာမက လူလတ်လူကြီး တွေကပါ
တစ်အိမ်တစ်ယောက် ထွက်စေ၍ ရပ် ရွာစောင့်ရှောက်ကာကွယ်ဖို့ အစီအမံဟုနား လည်ရပါ၏။ ကျွန်တော်
၁၂ နှစ်သားအရွယ်၊ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း ရှင်ပြု၏။ ကြံ့ခိုင်ရေးကိစ္စကြီးကြောင့်
ရပ်ရွာကအလှူတွင် ချက်ပြုတ်ဧည့်ခံ မကူညီနိုင်ပါ။ ဦးစုထမင်းဆိုင်မှ တစ်ဦးအဝစားတစ်ကျပ်ခွဲနှုန်းဖြင့်
အော်ဒါမှာ ဧည့်ခံလှူဒါန်းခဲ့ရသည်ကိုလည်း မှတ်မိ၏။ ၁၉၅၉ လွတ်လပ်ရေးနေ့၌ ရှင်လိင်ပြန်တော့
ကန်ရှေ့ရပ်မဟုတ်တော့ဘဲ ယခုနေထိုင်ဆဲ ကံသာရပ်ဖြစ်၏။ သင်္ကြန်ရက်အတွင်း နှစ်ကျိပ်ရှစ်ဆူ
ဆွမ်းလောင်းပွဲနှင့် စတင်မိတ်ဖွဲ့ဖြစ်၏။ ယ နေ့ မျက်မှောက်ခေတ်အထိ ကျွန်တော်မီသမျှ နှစ်
၆ဝ စဉ်လာမပျက်တည်ရှိနေဆဲမို့ ချီးကျူး ဂုဏ်ယူရပါ၏။ နံနက် ၂ နာရီ၊ ၃ နာရီဆိုလျှင်
''ရပ်ကွက်သူ ရပ်ကွက်သားတို့ခင်ဗျား၊ ဆွမ်းထချက်ရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်ရပါသည်ဗျိုး''ဟု
ဗျိုးဟစ်ကြ၏။ ယင်းကြောင့် ဘွားအေကြီးက ကျွန်တော့်ကို ''မြေး ဖိုးချို၊ ကာလသားတွေ နိဗ္ဗာန်ဆော်နေပြီ
ထ ထ။ မီးမွှေးပြီး ဆွမ်းချက်ကြရအောင်''ဟု အိပ်ရာနှိုးပါပြီ။ ထို အချိန် ထိုနှစ်သင်္ကြန်ဦးမှ
စတင်ကာ ကျွန်တော်သည် ''နိဗ္ဗာန်ဆော်''ဆိုသော ဝေါဟာရစကား ကို ကြားဖူးပြီး အဓိပ္ပာယ်ကိုပါ
သဘောပေါက် နားလည်ခဲ့ရပါ၏။ အရုဏ်တက်သည်နှင့်အိမ်မှာ ဦးစွာဘုရားဆွမ်းတော်ကပ်၊ သီလယူ၊
မေ တ္တာပို့ အမျှဝေရ၏။ ပြီးတော့ ရပ်ကွက်ဓမ္မာရုံမှာ ဘုရားဆွမ်းလောင်းသွားဖို့ ဆွမ်းအုပ်နှင့်ခဲဖွယ်
လောင်းဖို့ သစ်သီး၊ မုန့်တို့ကို ကြေဆွမ်းချိုင့်၌ ထည့်ကာ (ထိုစဉ်က စတီးအသုံးအဆောင်များ
မပေါ်သေး)ကြွေဇွန်းမမေ့ဖို့ကလည်း အရေးကြီး သတိတရယူဆောင်သွားရပါသည်။ ဓမ္မာရုံကလည်း လက်ဖက်ရည်ရှယ်နှင့်အလှူရှင်ပေါ်
မူတည်၍ ပေါင်မုန့်ကြွပ်၊ ဗယာကြော်၊ ကင်ပေါင်းကြော်၊ မုန့်ဆီကြော် တစ်မျိုးမျိုးတွဲဖက်
ဧည့်ခံလှူဒါန်းသည်ကိုတော့ သဘောအကျဆုံးပါ။ စောစောအေးအေးမှာ နွေးသွားပြီး အူမတောင့် သွားပြီလေ။ ကုန်းသာကျောင်းနှစ်ကျိပ်ရှစ်ဆူ ဆွမ်းလောင်းပွဲ၊
ကူညီကုန်းဘုရားကိုးဆူ ဆွမ်း လောင်းပွဲနှင့် တောင်ပိုင်း၊ တောင်ကျောင်းကြီး ဘုရားကိုးဆူ
ဆွမ်းလောင်းပွဲများသို့ ဆက်ချီ တက်ကြပြီ။
.
ပဋ္ဌာန်းပူဇော်ပွဲ
.
သီတင်းလဆန်း ၈ ရက် ဥပုသ်နေ့မှသည် လပြည့်နေ့အထိ ရက်သတ္တတစ်ပတ်ဝန်းကျင်၌
ပဋ္ဌာန်းပူဇော်ပွဲများ ကျင်းပတတ်ကြ၏။ ပဋ္ဌာန်း အကျဉ်း ၂၄ ပစ္စည်းမကျဉ်းမကျယ်၊ ပဋ္ဌာန်း ၇ ကျမ်းအပြည့်အစုံဟူ၍
သုံးမျိုးရှိသည်။ အလွယ် တကူသွားလာရင်း နှလုံးသွင်းပူဇော်သရဇ္ဈာယ် နိုင်သည်မှာ ၂၄ ပစ္စည်းဖြစ်၏။
လုံခြုံအောင် စည်းချခြင်း၌လည်း အရပ်ရှစ်မျက်နှာကို တစ် မျက်နှာ ၃ ပစ္စည်းနှုန်းဖြင့်
ဤ ၂၄ ပစ္စည်းကို အသုံးပြုကြ၏။ အိမ်၌ နေ့စဉ်အချိန်ပေး၍ပူဇော် နိုင်သည်ကား မကျဉ်းမကျယ်
ပစ္စယုဒ္ဒေသနိဒ္ဒေ သ။ အဖြတ်အတောက်မှန်၊ ဋ္ဌာန်ကရိုဏ်းကျကျ အနည်းဆုံး ၄၅ မိနစ်ကျော်ကြာနိုင်၏။
အသံ မစဲ ပဋ္ဌာန်းပူဇော်ပွဲကြီးသည်ကား ၇ ရက် ကြာ မြင့်တတ်၏။ စိတ်အလိုဆန္ဒပြည့်ဝအောင်မြင်
စေသည်။ အန္တရာယ်ကင်းဘေးရှင်းပြီး လာဘ် လာဘစီးပွားချမ်းသာ တိုးတက်စေသည်ဟူ၍ အယူရှိကြ၏။
အမှန်မှာ ကောင်းကံပြုနေသူအ ဖို့ ကံကောင်းမည်မှာ သေချာပါ၏။ ပုဒီအာနှင့် ပြည့်စုံလျက်
သမ္မာသဗ္ဗောဓိမြတ်ဗုဒ္ဓပွင့်ထွန်း ပြီး သတ္တာဟ ၇ ဌာနကို သတ္တတစ်ပတ် ၇ ရက်စီ ပေါင်း ၄၉ ရက်
စံနေတော်မူကြောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိရှိပြီးဖြစ်၏။
.
အမှတ် ၄ သတ္တာဟ ရတနာဃရမည်သည့် နတ်ဗြဟ္မာတို့ ဖန်ဆင်းအပ်သော ရတနာရွှေအိမ်
၌ စံနေတော်မူစဉ် အဘိဓမ္မာတရားတော်ကို ဆင်ခြင်ရာ၌ အနန္တနယသမန္တ ပဋ္ဌာန်းကျမ်းကြီး ကို အပြန်ပြန်အလှန်လှန်
သုံးသပ်ဆင်ခြင်တော် မူ၏။ မဟာဥာဏ်တော်သည် မဟာသမုဒ္ဒရာ၊ ပဋ္ဌာန်းကျမ်းကလည်း ငါးကြီးအနန္တာပမာ
ကူး နိုင်မြူးနိုင်သဖြင့် ဘုရားရှင်သန္တာန်တော်၌ အလွန်နှစ်သက်ဝမ်းမြောက် ပီတိပွားသောကြောင့်
သွေးသား အရေတော်တို့ ကြည်လင်ခဲ့၏။ ယင်း ကြောင့် ရောင်ခြည်တော် ၆ သွယ်ထွက်ပေါ်ကွန့် မြူးလာကြကုန်၏။
ထိုသောအခါမှ ပုထုဇဉ်နတ်တို့၏ သံသယစိတ်ကိုဖယ်ရှားပြီးဖြစ်ကာ ဗုဒ္ဓအင်္ဂါရပ်ပြည့်စုံသွားတော်မူ၏။
နောင် သာသနာကွယ်ချိန်တန်လျှင် ပဋ္ဌာန်းကျမ်းမှစ၍ ကွယ်ပမည်ဟု အဋ္ဌကထာကျမ်းပြု ဆရာတော်တို့က
ဆိုကြပါသည်။ ပဋ္ဌာန်းကျမ်းပါဝင်သော အဘိ ဓမ္မာတရားတော်မှ စ၍ သာသနာကွယ်ပမည်ကို ယုံကြည်ကြသူတို့သည်
တတ်စွမ်းနိုင်သမျှ တားဆီးနိုင်ရန်ဟူ၍ ကြံစည်ကာ ပဋ္ဌာန်းစေတီ တည်ထားကိုးကွယ်ခြင်း၊ ပဋ္ဌာန်းရွတ်ပွားပူဇော်
ပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်ကြခြင်းဖြစ် ပါ၏။ ဤသို့အားဖြင့် ရေရှည်စောင့်ရှောက်ထား
နိုင်လိမ့်မည် ယူဆကြပါသည်။ အခါအားလျော် စွာနှင့် ဝါဝင်ဝါထွက်ဝါတွင်းကာလအတွင်း၌ ရပ်ရွာအသီးသီးတို့၌
ထိုထိုသော ပဋ္ဌာန်းပူဇော် ပွဲများ ကျင်းပလာခဲ့ကြ၏။ ယခုလည်း ကျင်းပ နေကြဆဲပါ။ နောင်ကိုလည်း
ဆက်လက်ကျင်း ပသွားကြဦးမည်မှာ သေချာပါသည်။
.
တရားပွဲများ
.
ကျွန်တော်တို့တောင်ကြီးမြို့၌ လပြည့်လ ကွယ် ဥပုသ်နေ့ကြီးတိုင်းမှာ
ဈေးများပိတ်သော ထုံးစံကိုကျင့်သုံးနေဆဲပါ။ ဝါတွင်းကာလဆိုပါ လျှင် ဆန်း ၈ ရက်၊ လပြည့်၊
ဆုတ် ၈ ရက် နှင့် လကွယ်ဟူ၍ တစ်လလျှင် ဥပုသ်ကြီးငယ် လေးသီတင်းလုံး စာသင်ကျောင်းများ
ပိတ်မြဲ ဖြစ်၏။ ကျောင်းခေါ်ချိန်ပြည့်မီစေရန် စနေနေ့ ကို အစားထိုး တက်ရောက်စေ၏။ သို့မှသာ
မိ ဘများ၊ ဆရာ ဆရာမများနှင့်အတူ ကျောင်းသူ ကျောင်းသားတို့ ကျောင်းကန် ဘုရားသွားကာ လှူဒါန်းကုသိုလ်ပြုနိုင်ကြမည်။
ဆရာတော်များ ဟောကြားသည့် တရားနာကြားနိုင်မည်။ သာ သနာရေး၌ မချွတ်ယွင်းစေဘဲနှင့် ရိုးရာယဉ်
ကျေးမှုကို ထိန်းသိမ်းနိုင်မည့်အပြင် သာသနာ တော်ကို အရှည်တည်တံ့ပြန့်ပွားအောင် တာဝန်
ကျေစောင့်ရှောက်သွားနိုင်မည်။ ၁၉၅ဝ ပြည့် နှစ်ဝန်းကျင်တုန်းကဆိုလျှင် တောင်ကြီးမြို့
လယ် ဓမ္မာရုံ(ထိုစဉ်တုန်းက တစ်ထပ်ပုပျပ်ပျပ် ငယ်ငယ်)၌ ညစဉ်ညတိုင်း ဝတ်တက်ကြသော အလေ့ကောင်းရှိခဲ့ကြဖူးပါသည်။
ဥပုသ်နေ့တိုင်း တရားပွဲကျင်းပခဲ့ကြဖူး၏။ ခုများတော့ ဝါတွင်း ကာလဥပုသ် တရားပွဲများကို
ကြိုးစားစီစဉ်ပေး ကြသော်လည်း တရားနာပရိသတ်က ကျဲ တောက်တောက်မို့ ဟောပြောပေးသည့် ဓမ္မက
ထိက ဆရာတော်များကို အားနာစရာပါ။ အခါ အားလျော်စွာ တောင်ကြီးမြို့တော်သို့ ကြွရောက်လာတော်
မူကြတော့ နိုင်ငံတော် ဓမ္မက ထိက ဆရာတော်များ၏ တရားပွဲများလည်း ကြိုကြားကျင်းပပေးလေ့ရှိနေပါသေး၏။
ဒေသခံ ဆရာတော်များထက်တော့ ပရိသတ်ပိုမို စည်ကားတတ်၏။
.
မည်သို့ဆိုစေ ပုံမှန်ဝါတွင်းဥပုသ်တရားပွဲ ဖြစ်စေ၊ အထူးတလည် တရားပွဲများဖြစ်စေ၊
ကျင်းပဖြစ်တိုင်း မင်းလမ်းမကြီးနှင့်တကွအရှေ့ မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်းတို့၏တောင်စွန်မှမြောက်စွန်အထိ
(မြို့သည်အလျား ၂ မိုင်ခွဲ့ကျော် ၃ မိုင်မျှ ရှည်လျား၍ သုံးပုံတစ်ပုံ ခန့်သာကျယ်ပြန့်)မော်တော်ကားဖြင့်
ဆော်သြ ကြေညာပေးပါ၏။ လော်ကြီး(လော်စပီကာ) နှင့်အော်ပြီးကို နိဗ္ဗာန်ဆော်ပေးခြင်းပါ။
မိုးကုတ် ဓမ္မရိပ်သာ၊ မဟာစည်သာသနာ့ရိပ်သာနှင့် စာ သင်တိုက်၊ ကမ္မဋ္ဌာန်းတိုက်တို့၌လည်း
အမြဲ မပြတ်တရားပွဲရှိမြဲရှိလျက် သူ့ပရိသတ်နှင့် သူ့ အိုးနှင့်သူ့ဆန်တန် ရုံမျှတော့
ရှိဖော်ရပါသေး ၏။ ရှေးတစ်ခေတ်ကနှင့် နှိုင်းစာလျှင် မြို့နေ လူဦးရေလွန်စွာတိုး တက်လာခဲ့သော်ငြားလည်း
တရားနာပရိသတ်ကတော့ အားရစရာမရှိသော အခြေပါ။ နိဗ္ဗာန်တိုး၍ဆော်နေရပါသည်။
.
ငရဲအိုး
.
ကျွန်တော့်ဆောင်းပါးခေါင်းစီးကြီးကို''နိ ဗ္ဗာန်အကျိုးမျှော်၍''ဟု
တကယ်တမ်းတင်ဖြစ် လိုက်သော်လည်း မူလကျွန်တော်ပေးထားသည့် အမည်မှာ ''နိဗ္ဗာန်ဆော် ရှေးမရိုး
ငရဲအိုး''ဖြစ် ပါသည်။ ''ဆရာရယ် တောက်တီးတောက်တဲ့ ဗျာ၊ နိဗ္ဗာန်ဆော်တာ ကုသိုလ်ရေးမို့
ဝေယျာ ဝစ္စကုသိုလ်ဟာ ကုသိုလ်တကာမှာအကြီးဆုံး ကုသိုလ်အရဆုံးဆို၊ ဘယ့်နှယ် ငရဲအိုးရမှာတုံး''ဟု
စာဖတ်ပရိသတ်တို့ စောဒကတက်နိုင်ပါ၏။ ငွေထုတ်စွန့်လှူသော ဒကာသည် ဝေယျာဝစ္စ လုပ်နိုင်သည်မဟုတ်။
အကျိုးတော်ဆောင်ရှိမှ သာလျှင် အလှူထမြောက်နိုင်၍ နတ်ပြည်တက် လျှင် အလှူရှင်က နောက်တန်း၊
ဝေယျာဝစ္စ ကရှေ့တန်းတဲ့လေ။ ကောင်းပြီ၊ သို့ဆိုလျှင် ဘာကြောင့် ငရဲအိုးက ပါလာရသေးသနည်း။
တော်ရုံတန်ရုံနိဗ္ဗာန်ဆော်ခြင်းသည် ဘာသာခြား လူမျိုးခြားတို့အား အနှောင့်အယှက်မဖြစ်နိုင်ပါ။
နှိုးဆော်သူကိုယ်တိုင်တွက်လည်းကောင်း၏။ အနှိုးဆော်ခံ ဗုဒ္ဓဘာသာဝင်များအတွက်လည်း အကျိုးများ၏။
သုံးဦးသုံးဖလှယ် အကျိုးမယုတ်၊ အပြစ် တစ်စုံတစ်ရာ မဖြစ်နိုင်၍ တံခွန်နှင့်ကုက္ကား၊ တင့်တယ်ကောင်းမြတ်လှပါ၏။
အကယ်၍ ။
.
ယင်းအကယ်၍မှာ မျက်မှောက်ခေတ်နှင့် သက်ဆိုင်သည်က များလှစွာ၏။ ခေတ်ပစ္စည်း
တွေ စတင်ပေါ်ပေါက်သော ဓာတ်စက်တို့၊ အ သံချဲ့စက်တို့ကတည်းက တစ်ရပ်ကွက်လုံး နား မခံသာအောင်
နိဗ္ဗာန်ဆော်ကြ၍ဖြစ်၏။ တော် တန်ရုံနိဗ္ဗာန်ဆော်ခြင်း၊ ကြည်နူးဖွယ်ညင်သာ သော တေးတီးလုံးများဖွင့်ခြင်း၊
အလှူအောင် မြင်ခြင်းအတွက်ဗျောသံသာဖွင့်ခြင်းတို့ကား လူသာဓုခေါ်၊ နတ်သာဓုခေါ်ပါ။ ကျောင်းကန်
ဘုရား မသွားရောက်နိုင်ကြသော လူအိုလူ မင်း များနှင့် အိပ်ရာကျောကပ်ကြမ်း ကျောကပ် နာတာရှည်လူနာများအတွက်
ဘုန်းတော်ကြီး ၏ သီလပေး၊ တရားဟော၊ မေတ္တာ ပို့အမျှဝေ တို့ကား အကျိုးများလှပါ၏။ သို့မဟုတ်မူဘဲ
နိဗ္ဗာန်ဆော်ခြင်းက နည်းနည်းပါးပါး စကားပြော ခွက်(မက်)ကို မချစတမ်းဟုတ်သော၊မဟုတ် သော
လေတွေဖော၊ သီချင်းတွေ သံသေးသံ ကြောင်နှင့်ဆို၊ မပြီးနိုင်မစီးနိုင်၊ ညအိပ်ချိန် လည်း
မနားဆိုပါက တရားလေးတော့ တဆိတ် လွန်လွန်းပြီ။ လူမမာများအတွက် တကယ့်အ နှောင့်အယှက်ကြီးဖြစ်ပြီ။
ရုံးပိတ်ရက် လေးမှာ စိတ်အေးကိုယ်သာ အနားယူလိုသူများ စိတ် သောကပွားများကြ၊ မေတ္တာပို့ကြပါပြီ။
ကိုယ့် ဘာသာချင်းတောင် စိတ်ညစ်ရလျှင် ဘာသာ ခြား၊ လူမျိုးခြားများအတွက်ကား ဆိုဖွယ်ရာမ
ရှိပြီ။ တန်ဆေးလွန်ဘေးဆိုဘိသကဲ့သို့ တော် တန်ရုံသာကောင်းလိမ့်မည်။ လွန်ကဲခြင်းသည် မည်သည့်လွန်ကဲခြင်းမှမကောင်း။
.
ကိုယ်ချင်းစာတရား အရေးကြီး၏။ ကြိုက် နှစ်သက်သူတို့က သူတို့အကြိုက်ကို
ကိုယ်ချင်း စာတာဟု ပြောလာလျှင်တော့ မူမတူဇာတ် လမ်းအခြေမှာ ငြူစူတတ် စခန်းအထွေထွေ ဖြစ်ပေရော့မည်။
စကားကပ်တစ်မျိုးကား ခံရ သူတို့က ကိုယ်ချင်းစာနာကို စာနှင့်နာ နှစ်လုံး တွဲလျက်ဖြစ်ပါလျက်
သီးခြားခွဲခြားပြီ။ ''ကိုယ် ချင်းစာ နာခဲ့ရပြီ''ဟု ဆိုတတ်ကြပြန်သည်။ သီ ချင်းတစ်ပုဒ်ထဲက
စာသားဖြစ်ပါ၏။ သို့ဆိုစေ၊ ရှေးရိုးအတိုင်း စည်းကမ်းဖြင့် နိဗ္ဗာန်မဆော်ဘဲ နိဗ္ဗာန်ဆော်ရှေးမရိုးပါက
ငရဲအိုးနှင့်နီးပါကြောင်း ကို သတိပံ့ရေးသားရပါ၏။ ။
.
.
.
#KBZTai #Shan