လားရှိုးတန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံအသေး ၁၅ဝဝ နှင့် အကြီး ၁၅ လုံး လွှတ်တင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံအသေး ၁၅ဝဝ နှင့် အကြီး ၁၅ လုံး လွှတ်တင်မည်

မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လား ရှိုးမြို့တွင် ကျင်းပမည့် တန်ဆောင် တိုင်ပွဲတော် ကာလအတွင်း၌ မီးပုံးပျံ အကြီး ၁၅ လုံးနှင့် အသေး ၁၅ဝဝ လုံးအား လွှတ်တင်ပြီး ကျင်းပသွား ရန်ရှိကြောင်း ပွဲတော်ကျင်းပရေး ဦး စီးကော်မတီမှ သိရသည်။
.
 
.
''အစည်းအဝေး ဆုံးဖြတ်ချက်အ ရ တတိယအကြိမ်အဖြစ် ပွဲတော် ကျင်းပမယ့် အသေးစိတ်အစီအစဉ် တွေကို အတည်ပြုတယ်။ မီးပုံးပျံပြိုင် ပွဲကတော့ မီးကြီးလုံးရေနည်းပါးလို့ မထည့်တော့ဘဲ အားလုံးတတ်နိုင်သ မျှ စုပေါင်းပါဝင် လှူဒါန်းဆင်နွှဲမယ့် အနေနဲ့ပဲ ကျင်းပသွားမှာဖြစ်ပါတယ်'' ဟု ပွဲတော်ကျင်းပရေး ဦးစီးကော်မ တီအဖွဲ့ဝင် သီဟသုဓမ္မ မဏိဇောတဓ ရ ဦးကျော်စွာထွဋ်က နိုဝင်ဘာ ၂ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြော ကြားသည်။
.
လားရှိုးတန်ဆောင်တိုင်ပွဲတော် ကို လာမည့်နိုဝင်ဘာ ၂၁ မှ ၂၃ ထိ ၃ ရက်တိုင်တိုင် လားရှိုးမြို့ ချယ်ရီ မြိုင်အိမ်ရာအတွင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မ တီ ၆ ခုဖြင့် ဖွဲ့စည်းဆောင်ရွက်သွား မည်ဖြစ်ကာ ဌာနဆိုင်ရာများ၊ လူမှု ရေးအသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ မြို့မိမြို့ ဖများက စုပေါင်းပါဝင်ဆင်နွှဲမည် ဖြစ်ကြောင်းနှင့် ကုန်ကျငွေအဖြစ် စု စုပေါင်း ကျပ်သိန်း ၆ဝဝ မှ ၇ဝဝ အထိ ရှိနိုင်ကြောင်းကိုလည်း ဦး ကျော်စွာထွဋ်ကရှင်းပြသည်။
.
လားရှိုးတန်ဆောင်တိုင်မီးပုံးပျံ လွှတ်တင်ခြင်းကို ၂ဝ၁၆ ခုနှစ်တွင် ချယ်ရီမြိုင်အိမ်ယာ ကွင်းအတွင်း၌ တောင်ကြီးမှ မီးပုံးပျံပညာရှင်များ၏ ဦးဆောင်မှုဖြင့် မီးပုံးပျံ ၄ လုံးလွှတ် တင်၍ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်တွင် ဌာနဆိုင် ရာများနှင့် အလှူရှင်များမှ နမ္မတူ လမ်းဆုံနှင့် မြို့ရှောင်လမ်းနေရာ၌ မီးပုံးပျံ ၁၁ လုံးအား လွှတ်တင်ကျင်းပ ခဲ့ကြောင်းသိရသည်။
.
ပွဲတော်တွင် ရိုးရာအက အလှ များအပြင် တိုးနယား၊ ကိန္နရီအက များဖြင့် ပါဝင် ဆင်နွှဲမည်ဖြစ်ပြီး မီးပုံးပျံ လွှတ်တင် နိုင်ရေးကိုလည်း ဆွေးနွေးတိုင်ပင် ဆောင်ရွက်လျက်ရှိ ကြောင်း လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်း ကျော်ဌေးမှ ပြောဆိုခဲ့သည်။
.
လားရှိုးမြို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၏ မြို့တော်ဖြစ်ကာ ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ မဲဆန္ဒနယ်ဖြစ်သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats