ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်အလှူခံသူ မြန်မာသီလရှင် ၂ ဦးအား သာသနာတော်ညှိုးနွမ်းစေမှုဖြင့် လူဝတ်လဲကာ နယ်နှင်ဒဏ်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်အလှူခံသူ မြန်မာသီလရှင် ၂ ဦးအား သာသနာတော်ညှိုးနွမ်းစေမှုဖြင့် လူဝတ်လဲကာ နယ်နှင်ဒဏ်ပေး


မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်အလှူခံသူ မြန်မာနိုင်ငံမှ သီလရှင် ၂ ဦးကို သာသနာတော်၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုဖြင့် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက လူဝတ်လဲကာ နယ်နှင်ဒဏ်ပေးခဲ့ကြောင်း တာချီလိတ်မြို့နယ်သာနာရေးမှူးရုံးမှ သိရသည်။
.
 
.
အဆိုပါ သီလရှင် ၂ ဦးအား ထိုင်းနိုင်ငံ လ၀ကအရာရှိ Channarong Phumipol ဦးစီးအဖွဲ့မှ လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံမှ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညိုနှိုင်းရေး ကော်မတီ CNCMC တို့မှတာဝန်ရှိသူများတို့က လွှဲပြောင်း လက်ခံ ယူခဲ့ကြသည်။
.
''သူတို့ကို နိုဝင်ဘာ ၁၅ ရက်နေ့က ထိန်းသိမ်းထားတယ်လို့ ထိုင်းက ပြောပြချက်အရ သိရပါတယ်။ ထိုင်းနိုင်ငံမှာ သီလရှင်ဝတ်နဲ့ အလှူခံမှုကြောင့် ထိုင်းနိုင်ငံတာဝန်ရှိသူတွေရဲ့ ၅ ရက်ကြာ ဖမ်းဆီးအရေးယူပြီး ဒီနေ့ ပြန်လွှဲပေးတာပါ။ သူတို့ကို သာသနာတော် ညှိုးနွမ်း စေမှုနဲ့ လူဝတ်လဲပြီး နယ်နှင်ဒဏ်ပေးခဲ့ပါတယ်''ဟု မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ကာ သီလရှင်ဝတ်ဖြင့် အလှူခံခဲ့ကြပြီး နိုင်ငံတော်နှင့် သာသနာတော်၏ ဂုဏ်သိက္ခာအား ညှိုးနွမ်းစေအောင်ဆောင်ရွက်ခဲ့ကြသည့် ဒေါ်ပညာ (ခ) ဒေါ်မာဂရက် နှင့် ဒေါ်မာလာရီ (ခ) ဒေါ်ဝင်းမေ တို့ ၂ ဦးအား တာချီလိတ်မြို့နယ် သာသနာတော် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဆရာတော်၏ ဆုံမသြဝါဒအားခံယူပြီး သီလရှင်ဝတ်မှ လူဝတ်လဲစေကာ နယ်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats