မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
သီပေါမြို့နယ်အတွင်း၊ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါး သတင်းအရ သီပေါမြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်
ပူးပေါင်းအဖွဲ့အင်အား ၆၀ ကျော်ဖြင့် ၀င်ရောက် ရှာဖွေရာ နေအိမ် ၃ လုံးမှ တရားခံ ၅ ဦးအား
မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများ၊ တူမီးသေနတ် ၁ လက်တို့နှင့်အတူ ရှာဖွေတွေ့ ရှိဖမ်းဆီးရမိကြောင်း
သီပေါမြို့မရဲစခန်းမှသိရှိရသည်။
.
.
သီပေါမြို့နယ်၊
ပန်မိတ်ကျေးရွာအုပ်စု၊ ကျောက်ဟိုင်(ကွန်ဟိုင်း) ရွာတွင် နိုဝင်ဘာလ ၉ ရက်၊ နံနက်ပိုင်းက
မူးယစ်ဆေးဝါးသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၊
မြို့မရဲစခန်းမှူးများဦင်္းစီးသည့် ရဲတပ်ဖွဲ့ဝင်အင်အား ၄၄ ဦးနှင့် ရပ်/ကျေး၊ တာဝန်ရှိသူများး၊
သက်သေများ စုစုပေါင်း အင်အား ၆၀ ကျော်တို့မှ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အင်အားအရ
အိမ် ၄ အိမ်ကိုသာ တစ်ချိန်တည်းရှာဖွေနိုင်ခဲ့တယ်။ ၃ အိမ်မှာ မိတယ်။ တရားခံကတော့ အားလုံး
၅ ယောက် မိတယ်။ အင်အားအပြည့်အစုံနဲ့သာဆိုရင် ကျန်အိမ်တော်တော်များများမှာ ထပ်မိနိုင်တယ်`ဟု
သက်သေအဖြစ်ပါဝင်ခဲ့သူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မူးယစ်ဆေးဝါးများတွေ့ရှိဖမ်းဆီးရမိသည့်
နေအိမ် ၃ လုံးအတွင်းမှ စုစုပေါင်းစိတ်ကြွဆေးပြား ၆၆၅၉၀ ပြား၊ (ဒေသပေါက် ဈေး တစ်ပြားလျှင်
ကျပ်၂၀၀၀ နှုန်းဖြင့် ကျပ်သိန်းပေါင်း ၁၃၃၀ ကျော်၊ ဘိန်းဖြူ ၆၀ ဒသမ ၈၇၈ ဂရမ်၊ ဒေသပေါက်ဈေး
တစ်ဂရမ်လျှင် ကျပ် ၁၈၀၀၀ နှုန်းဖြင့် ကျပ် ၁၁ သိန်းကျော်၊ ငွေသားကျပ် ၁၁၅ သိန်းကျော်တို့ကို
သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
.
နေအိမ်များအတွင်း
တွေ့ရှိရသည့် ရွှေ့ထည်ပစ္စည်းများမှာ မူးယစ်ဆေးဝါးရောင်းချရငွေများဖြင့် ၀ယ်ယူထားခြင်းဖြစ်သည်ဟု
တရားခံများမှ ထွက်ဆိုသဖြင့် ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ပြီး အခြားနေရာမှဝယ်ယူခဲ့သည့်
မူးယစ်ဆေးဝါးများအား လက်လီ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့
ဝင်ရောက်စစ်ဆေးရာတွင် ဖမ်းဆီးရမိသူများအနက်မှ အောင်ကျော်မြင့်(၃၇-နှစ်)နှင့် ၎င်း၏ဇနီး
နန်းဖော် (၄၀နှစ်) တိုအား မယ(ပ)၃၆/၂၀၁၈၊ မူး/စိတ်-၁၉(က)/၂၀(က)/၂၁ တို့ဖြင့်လည်းကောင်း၊
အိုက်ထွန်း(၃၉)နှစ် အား မယ (ပ) ၃၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)၊ ရှမ်းလက်နက် ၁၂
(က)ဖြင့်လည်းကောင်း၊ ဒေါ်နိုင်အိမ် (၅၉)နှစ်နှင့် ၎င်း၏သား စိုင်းကျော်ထွန်း(၃၉) နှစ် တို့ကို
မယ(ပ)၃၄/၂၀၁၈၊ မူး/စိတ် ၁၉(က)/၂၀(က)/၂၁ တို့ဖြင့်လည်းကောင်း သီပေါမြို့မရဲစခန်းမှ အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း
သိရှိရသည်။
.
.
.
#KBZTai #Shan