မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့တွင် ယနေ့
နိုဝင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက စစ်ကျန်လက်ပစ်ဗုံး တစ်လုံး တွေ့ရှိသဖြင့် တပ်မတော်နှင့် ပူးပေါင်း၍ ဖျက်ဆီးရေး လုပ်ဆောင်နေကြောင်း
အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
.
" တွေ့ရှိတဲ့ ဗုံးကို အင်ဂျင်နီယာတပ်က ဖျက်ဆီးဖို့ ယူဆောင်သွားပါပြီ။ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ
အစီရင်ခံ တင်ပြနေပါတယ်" ဟု အောင်ပန်းနယ်မြေရဲစခခန်းမှ တာဝန်ကျ ရဲအရာရှိ ဒုရဲအုပ်
အောင်သူဝင်းက ကမ္ဘောဇတိုင်းသို့ ပြောကြားသည်။
.
အောင်ပန်းမြို့၊ လွယ်မယ်ကျေးရွာနေ မီးရထားဝန်ထမ်း
အငြိမ်းစား ဦးမြင့်လွင်မှ ၄င်း၏ နေအိမ် နောက်ဖက်ရှိ အမှိုက်ပုံ အနီးတွင် နိုဝင်ဘာလ
၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က စစ်ကျန် (၃၆) လက်ပစ်ဗုံးဟောင်း (နာနတ်သီးပုံ )ဖြူးစ်မပါ
တစ်လုံးအား အမှိုက်ပစ်ရင်း တွေ့ရှိသဖြင့် ရဲစခန်းသို့ အကြောင်းကြားရာ တပ်မတော် တာဝန်ရှိသူများ၊
ရဲတပ်ဖွဲ့ဝင်များနှင့် စစ်မြေပြင်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးကာ
လက်ပစ်ဗုံးအား ဆားပုံ မြေမြှပ်ကာ ဖျက်ဆီးရန်
အတွက် သယ်ဆောင်သွားကြောင်း သိရသည်။
.
ယင်းကဲ့သို့ စစ်ကျန် လက်နက်/ခဲယမ်း တွေ့ရှိမှုမှာ အောင်ပန်းမြို့တွင် ပမထဦးဆုံး တွေ့ရှိခြင်းဖြစ်ကြောင်း အောင်ပန်းမြို့
ဒေသခံ ဦးသန်းအောင်ထံမှ သိရသည်။