မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ က လောမြို့နယ်၊ ဟဲဟိုးမြို့တွင် ရွှေပြည်
တော်မှုခင်းသတင်းထောက်ညီအကို ၂ ဦးနှင့် သတင်းထောက်(ဟဲဟိုး)ဆိုသူတို့ ကိုယ်ပိုင်အကောင့်များတွင်
အပြန်အလှန် ရေးသားမှုများအား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ၆၆(ဃ) ဖြင့် အပြန်အလှန် အမှုဖွင့်တိုင်တန်း
မှုများ ဖြစ်ပွားခဲ့ကြောင်း ဟဲဟိုးနယ် မြေရဲစခန်းမှ သိရသည်။
.
.
'' အမှုတွေတော့ ဖွင့်နေကြပါ တယ်။ ရှေ့မှာ ဖွင့်တဲ့အမှုလဲ ဒီနေ့ တရားရုံးတင်ပါတယ်။
အမှုအသေး စိတ်ကတော့ တရားရုံးကဆက်လက် စစ်ဆေးနေပါတယ်''ဟု ဟဲဟိုးနယ် မြေရဲစခန်းမှ ခေတ္တစခန်းမှူး
ရဲအုပ် ဇင်မင်းထွန်းက နိုဝင်ဘာလ ၅ ရက် တွင် ကမ္ဘောဇတိုင်းသို့ ပြောကြား သည်။
ကလောမြို့နယ်၊ ဟဲဟိုးမြို့နေ ရွှေပြည်တော်သတင်းထောက် ဦးစိုင်း ဇော်လတ်
ဆိုသူမှ ¤င်း၏ဓါတ်ပုံနှင့် ကိုယ်ရေး ကိုယ်တာကိစ္စရပ်များအား ဂုဏ်သိက္ခာညှိုးနွမ်းစေရန်
ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့ သည်ဟုဆိုကာ တစ်မြို့တည်းနေ ဦး ခင်မောင်ထွေးအား
ဟဲဟိုးနယ်မြေ ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ပြီး ဦးခင်မောင်ထွေးမှလည်း
စိုင်း ဇော်လတ်၏ ညီဖြစ်သူရွှေပြည်တော် သတင်းထောက် စိုင်းဟိန်းကျော်အား ¤င်း၏ဓါတ်ပုံနှင့်
ကိုယ်ရေးကိုယ်တာ အချက်အလက်များအား ခွင့်ပြုချက် မရှိဘဲ လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့သည်ဟုဆိုကာ
ဟဲဟိုးနယ်မြေ ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ၆၆(ဃ)ဖြင့် အပြန်အလှန် အမှု ဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး
သက်သေ ခံပစ္စည်းနှင့် တိုင်ကြားခံရသူများအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင် ရန် ဟဲဟိုးနယ်မြေရဲစခန်းမှ
စစ်ဆေး လျက်ရှိကြောင်း သိရသည်။
.
အလားတူ အဆိုပါအမှုမှ ဦးခင် မောင်ထွေးဆိုသူအား ဟဲဟိုးမြို့၊ ဘော်နင်းကျေးရွာအုပ်စု၊
ရွာတော် ရွာနေ ဦးအောင်ဆန်းမှ လူမှုကွန်ရက် စာမျက်နှာတွင် ကျေးရွာမီးလင်းရေး ကိစ္စနှင့်
ပတ်သက်၍ မဟုတ်မမှန်ဖော် ပြစွပ်စွဲမှုဖြင့် ပြီးခဲ့သည့် မတ်လ ၂၄ ရက်က ဟဲဟိုးနယ်မြေရဲစခန်းတွင်
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားမှုအရ ကလော မြို့နယ်တရားရုံးမှ စစ်ဆေးဆောင်
ရွက်လျက်ရှိပြီး နိုဝင်ဘာလ ၅ ရက် တွင် အာမခံဖြင့် လွှတ်ထားပေးခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan