နမ္မတူချောင်းအတွင်း နစ်မြုပ်ပျောက်ဆုံးခဲ့သည့် တောင်ကိုရီးယားနိုင်ငံသူကို ၅ ရက်ကြာသည်အထိ ရှာမတွေ့သေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူချောင်းအတွင်း နစ်မြုပ်ပျောက်ဆုံးခဲ့သည့် တောင်ကိုရီးယားနိုင်ငံသူကို ၅ ရက်ကြာသည်အထိ ရှာမတွေ့သေး


နောင် (မြစ်မခ)
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့သို့ အလည်အပတ်ရောက်ရှိလာပြီး နမ္မတူချောင်းအတွင်း ဘောကွင်းစီးစဉ် နစ်မြုပ်ပျောက်ဆုံးသွားသည့် တောင်ကိုရီးယားနိုင်ငံသူတစ်ဦးကို ၅ ရက်ကြာသည်အထိ ရှာမတွေ့သေးကြောင်း သီပေါ မြို့မရဲစခန်းမှ သိရှိရသည်။

သီပေါမြို့သို့ အလည်ရောက်နေသော ၎င်းတောင်ကိုရီးယားနိုင်ငံသူနှင့် အခြားနိုင်ငံများမှ ခရီးသွား ၄ ဦးတို့သည် သီပေါမြို့မှ ဒေသခံဧည့်လမ်းညွှန်နှင့်အတူ နိုဝင်ဘာ ၂၁ ရက်က သီပေါမြို့နယ်၊ မိုးတေကျေးရွာအနီးတောတွင်း ခရီးသွားရာ နိုဝင်ဘာ ၂၃ ရက်က နမ္မတူချောင်းအတွင်း ဘောကွင်းစီးစဉ် ရေနစ်သွားခဲ့ခြင်းဖြစ်သည်။
“မိုးတေရွာရဲ့ ၁၅ မိုင်လောက်ဝေးတဲ့ တောတွင်းမှာ လင့်စင်ထိုးထားတာရှိတယ်။ အဲဒီမှာ တစ်ညအိပ်တယ်။ တောတွင်းကနေ နမ္မတူချောင်းဘက်ကို လမ်းလျှောက်တယ်။ ချောင်းမရောက်ခင် သဘာဝကျောက်ဂူမှာ တစ်ည အိပ်တယ်။ နောက်ရက် နမ္မတူချောင်းထဲမှာ ဘောကွင်း(ကျွတ်)စီးရာကနေလွင့်ကျသွားပြီး ရေနစ်သွားတာပါ” ဟု သီပေါမြို့မရဲစခန်းမှ စခန်းမှူးက ပြောသည်။
ရေနစ်သွားသော နိုင်ငံခြားသူအား သီပေါမြို့မှ သက်ဆိုင်ရာဌာနများမှ အင်အား ၄၀ ကျော်နှင့် ရေငုပ်ကျွမ်းကျင် သူများက စက်လှေ ၃ စီးအသုံးပြုကာ နမ္မတူချောင်းနှင့် ဒုဌဝတီမြစ်အတွင်း လိုက်လံရှာဖွေနေကြောင်း သိရသည်။
“နေ့တိုင်း ရှာဖွေနေပါတယ်။ ချောင်းတလျှောက်ရှိတဲ့ နေရာတဝိုက်ကိုလည်း အကြောင်းကြားထားပါတယ်။ ဒီနေ့ ထိတော့ မတွေ့သေးပါဘူး။’’ဟု စခန်းမှူးက ပြောသည်။

အဆိုပါရေနစ်သွားသော တောင်ကိုရီးယားနိုင်ငံသူမှာ အသက် ၄၅ နှစ်အရွယ်ရှိ Ms.Younghee Heo ဆိုသူဖြစ် ပြီး ၎င်းနှင့်အတူ အီတလီနိုင်ငံသူ ၂ ဦး၊ ဘယ်လ်ဂျီယံနိုင်ငံမှ ဇနီးမောင်နှံ ၂ ဦးတို့သည် ဒေသခံ ဧည့်လမ်းညွှန် များနှင့် မိုးတေကျေးရွာဘက်ရှိ တောအတွင်းသို့ ၂ ညအိပ် ၃ ရက် ခရီးထွက်ခဲ့ခြင်း ဖြစ်သည်။

Journal Download

Photo of three cats