နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မြို့လုံးကျွတ်ပါဝင်ကျင်းပမည့် တန်ဆောင်တိုင် ပွဲတော်၌ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ကာ
ဖွင့်ပွဲနေ့တွင် ခိုဖြူရုပ်မီးပုံးပျံ ၃ လုံးနှင့် ဆင်ရုပ်မီးပုံးပျံ ၂ လုံး လွှတ်တင်
သွားမည်ဖြစ်ကြောင်း သိရှိရသည်။
.
.
လားရှိုးတန်ဆောင်တိုင်ပွဲကို ရပ်ကွက် (၁) နားမခေါ်ကားကွင်းအနီးရှိ
ချယ်ရီမြိုင်အိမ်ရာတွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်ထိ ၃ ရက်တိုင်ကျင်းပမည်ဖြစ်ပြီး မီးပုံးပျံများ
နေ့စဉ်လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီနှစ်မှ လွှတ်ဖြစ်တာပါ။ ခိုရုပ် ၃ လုံးနဲ့ ဆင်ရုပ် ၂ လုံးကို ဖွင့်ပွဲနေ့ညနေ
၎ နာရီနဲ့ ၅ နာရီကြားမှာ လွှတ်တင်မှာ ဖြစ်ပါတယ်။ ဖျော်ဖြေရေးတွေလည်းပါမယ်။”ဟု မီးပုံးပျံလွှတ်တင်ရေးကော်မတီမှ
အတွင်းရေးမှူး ဦးကျော်က ပြောသည်။
.
ပထမနေ့တွင် ခိုရုပ်နှင့် ဆင်ရုပ်မီးပုံးပျံများ၊ ညမီးကြီး ၃ လုံးနှင့်
စိန်နားပန် ၂ လုံး၊ ဒုတိယညတွင် ညမီးကြီး ၂ လုံးနှင့် စိန်နားပန် ၃ လုံး၊ တတိယညတွင်
ညမီးကြီး ၄ လုံးနှင့် စိန်နားပန် ၁ လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
“နိုဝင်ဘာ ၁၈ ရက်မှာ အစမ်းလေကျင့်ဖို့ရှိပါတယ်။ မည်သူမဆို လာရောက်လေ့လာ
အကြံပေးကူညီလို့ရပါ တယ်။ အများပူးပေါင်းလုပ်တော့ ပိုမိုကောင်းမွန်တာပေါ့”ဟု ဦးကျော်က
ပြောသည်။
.
အဆိုပါ မီးပုံးပျံပွဲသို့ လာရောက်သူများအား စတုဒီသာများ ကျွေးမွေးမည်ဖြစ်ကာ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးဆောင်ရွက်ပေးမည်ဖြစ်ပြီး မီးအရေးပေါ်အတွက်လည်း
အထူးဆောင်ရွက်ထားကြောင်း သိရသည်။
.
ကားဆိုင်ကယ်များ ရပ်နားရန်အတွက်လည်း ကားပါကင်များ၊ ဆိုင်ကယ်စတန်းများထားရှိပြီး
ယာဉ်ကြောပိတ်ဆို့ မှု မရှိစေရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan